Updated News- နောက်ဆုံးရ အာဆင်နယ် သတင်းများ (22 Oct)

စာချုပ်သစ်ရှင်ကို ဂုဏ်ပြုခဲ့ကြတဲ့ ဂန်းနားများ

ဂါဘရီယယ်မက်ဂါဟေးစ် တစ်ယောက်အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးနောက်  အသင်းဖော်ဂရန်းနစ်ရှာခါနဲ့ အငှားသွားကစားနေတဲ့ တာဗာရက်စ်တို့က ဆိုရှယ်မီဒီယာများမှတဆင့် အသီးသီး ဂုဏ်ပြုစကားပြောခဲ့ကြပါတယ်။ ကာယကံရှင်ကလဲ ဘဝရဲ့ပျော်စရာနေ့ရက်ဖြစ်ကြောင်းထုတ်ပြောလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ရာသီတုန်းက ပေါင် ၂၇ သန်းနဲ့ လိုင်လီကနေ ရောက်ရှိလာတဲ့ ဘရာဇီးသားရဲ့ စာချုပ်သစ်ဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိတယ်လို့ သိရပါတယ်။

အာတီတာဟာ ဥပမာကောင်းလို့ လမ်းပတ်ဖွင့်ဟလာ

အဲဗာတန်နည်းပြ ဖရန့်လမ်းပတ်ဟာ  စတီဗင်ဂျရတ် ထုတ်ပယ်ခံရခြင်းနဲ့ပတ်သတ်ပြီး အာတီတာနဲ့အာဆင်နယ်တို့ကို ဥပမာကောင်းအဖြစ်ညွန်းဆိုမှတ်ချက်ပြုခဲ့ပါတယ်။ လမ်းပတ်က အာဆင်နယ်တာဝန်ရှိသူများအနေနဲ့ အာတီတာကို အချိန်ပေးယုံကြည်ခဲ့တာဟာ ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်ပြီး၊ လူငယ်နည်းပြတွေအနေနဲ့ ဒီလိုအခွင့်အရေးတွေလိုအပ်ကြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။  လမ်းပတ်ဟာ အာတီတာနဲ့ခေတ်ပြိုင်အဖြစ်လွန်ခဲ့သောနှစ်တွေတုန်းက မီဒီယာများထက်မှာ နှိုင်းယှဥ်ခံခဲ့ရဖူးပါတယ်။

Advertisements

ဆာလီဘာအတွက် ပြင်သစ်သတင်းဌာနရဲ့မှတ်ချက်က အဓိပ္ပါယ်မရှိဘူးလို့  ဂန်းနားဆောင်းပါးရှင်တုန့်ပြန်

CBS Sports ရဲ့ သတင်းထောက်ဖြစ်တဲ့ ဘင်ဂျက်ကော့ဗ်ရဲ့ ဆာလီဘာနဲ့ပတ်သတ်တဲ့ပြောဆိုမှုကို အာဆင်နယ် Weblog တစ်ခုဖြစ်တဲ့ Daily Cannon က အခြေအမြစ်မရှိကြောင်း ပြန်လည်တုန့်ပြန်လာပါတယ်။  ဂျက်ကော့ဗ်က အာဆင်နယ်အသင်းဟာ ဆာလီဘာကို စာချုပ်ဖို့အတွက် ဦးစားပေးမလုပ်ဆောင်ကြောင်း ၊ ကစားသမားကလည်း ပြင်သစ်ဖက်က ကမ်းလှမ်းမှုတွေကို စိတ်မပြတ်သေးကြောင်းပြောဆိုလာတာဖြစ်ပါတယ်။ Daily Cannon ရဲ့ လီဟာလေကတော့  အဆိုပါပြောဆိုချက်မှာ ဘာအထောက်အထားမှမရှိကြောင်း ပြန်လည်ရေးသားခဲ့ပါတယ်။

ဂန်းနားတို့ကို ချီးကျူးတဲ့ ဂတ်ပို

အာဆင်နယ်အသင်းနဲ့နာမည်ထွက်ခဲ့တဲ့ ပီအက်စ်ဗီတောင်ပံလူ ကိုဒီဂတ်ပိုဟာ သူတို့အသင်း အမ်းမရိတ်မှာ ရှုံးတဲ့ပွဲအပြီး အင်တာဗျူးမှာ အာဆင်နယ်အသင်းကို ချီးကျူးသွားခဲ့ပါတယ်။

“ တကယ်ခန်းနားတဲ့ကွင်းကြီးပါပဲ။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပေမယ့် ရှုံးခဲ့ပါတယ်။  ပျော်စရာကစားပွဲတစ်ပွဲမဖြစ်လာခဲ့ပဲ စိတ်ညစ်စရာခံစားခဲ့ရပါတယ် “ လို့ပြောလာခဲ့တာပါ။ ဂတ်ပိုဟာ အဆိုပါပွဲစဥ်မှာ ခြေစွမ်းမပြနိုင်ခဲ့ပဲ တိုမီယာစုရဲ့ ထိမ်းချုပ်မှုအောက်မှာရောက်နေခဲ့ပါတယ်။

ဆဲလ်တစ်ရဲ့ ရတနာကို အာဆင်နယ်စိတ်ဝင်စား

ဂန်းနားတို့ဟာ  ဆဲတစ်အသင်းရဲ့ ရတနာလို့  နာမည်ရနေတဲ့ အသက် ၁၇ နှစ်အရွယ် ကွင်းလယ်တိုက်စစ်သမား ရိုကိုဗာတာကို မန်စီးတီး ၊ ဂျူဗင်တပ်စ်တို့နဲ့အပြိုင်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။  အဆိုပါလူငယ်လေးဟာ အသက် ၁၅ နှစ်ကတည်းက U23 အဆင့်မှာကစားနေတာဖြစ်ပြီး ယခုရာသီမှာ ၁၁ ပွဲကစား ၄ ဂိုးသွင်းပြီး ၁ ကြိမ်ဖန်တီးပေးထားနိုင်တယ်လို့သိရပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: