အာတီတာနဲ့ အင်တာဗျူး

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်ဟာ ပီအက်စ်ဗွီကို (၁-၀)ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီး ယူရိုပါလိဂ်မှာ အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။အသင်းဟာ ပြိုင်ပွဲစုံ ၈ပွဲဆက် နိုင်ပွဲဆက်ခဲ့တာဖြစ်ပြီး ၃ပွဲဆက် ပေးဂိုးမရှိပဲ (၁-၀)ဆိုတဲ့ရလဒ်နဲ့ နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပါတယ်။

ပွဲအပြီးအင်တာဗျူးလ်မှာတော့ အနိုင်ရလဒ်ကြောင့် ပျော်ရွှင်နေတဲ့ မီခေးလ် အာတေးတာဟာ မီဒီယာတွေရဲ့ မေးခွန်းတွေကို ခုလိုပဲ ‌ဖြေကြားလာခဲ့ပါတယ်။

ဒီပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တဲ့အပေါ်

“ကျွန်တော်တို့ အုပ်စုအဆင့်က တက်ရောက်နိုင်ခဲ့တယ်ဆိုတာ ပထမအဆင့်ပါပဲ၊ ဒီလို တက်ရောက်နိုင်ခဲ့တဲ့ အပေါ် တကယ်ကျေနပ်ပါတယ်။နောက်ထပ် ကျွန်တော်တို့ လိုချင်တဲ့အရာကတော့ အုပ်စုပထမနေရာပါပဲ ၊ ဘာလို့လဲဆိုတော့ အုပ်စုပထမနေရာဟာ ဘယ်လိုကွဲပြားမှုတွေ ဖြစ်စေမလဲဆိုတာ ကျွန်တော်တို့ သိပါတယ်၊ ကစားရမယ့် ကစားပွဲအရေအတွက်၊ ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေနဲ့ ပတ်သက်ပြီးတော့ပေါ့။ဒီတော့ ကျွန်တော်တို့ လုပ်စရာကျန်ပါသေးတယ်”

“ကောင်လေးတွေ ပြခဲ့တဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် တကယ်သဘောကျပါတယ်။ ကစားပွဲကို ကျွန်တောတို့ အသာစီးယူထားနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်။ ဒါပေမယ့် ဂိုးဧရိယာထဲမှာ၊ အဆုံးသတ်တဲ့နေရာမှာ နည်းနည်း လိုအပ်ချက် ရှိနေခဲ့တယ်။ ဂိုးပေါက်ပိုတည့်အောင် ကန်ဖို့၊ ဂိုးတွေပိုသွင်းဖို့ လိုမယ်လို့ ကျွန်တော်ထင်ပါတယ်”

ရှာကာက ကပ္ပတိန်အဖြစ် ပွဲထွက်လာပြီး အနိုင်ဂိုးသွင်းယူခဲ့တဲ့အပေါ်

“သူ ဒါနဲ့ထိုက်တန်ပါတယ်။ ခက်ခဲတဲ့အခိုက်အတန့်တွေမှာ ဆိုးရွားတဲ့အရာတွေကို သူရင်ဆိုင်ခဲ့ရပါတယ်။ မတူညီတဲ့ တစ်စုံတစ်ရာကို လုပ်ကြည့်ဖို့ သူက အသင့်ပါပဲ၊ အလုပ်နဲ့ပတ်သက်တဲ့ သူရဲ့ကိုယ်ကျင့်တရား၊ သူဘယ်လို လူတစ်ယောက်ဖြစ်တယ်၊အသင်းမှာ ရှိနေတဲ့ လူတိုင်းကို သယဆက်ဆံတဲ့ပုံစံ၊ အသင်းအပေါ်ထားတဲ့ သူရဲ့အချစ်တွေနဲ့ ‌ပရော်ဖက်ရှင်နယ်ဆန်မှုတွေက မေးခွန်းထုတ်စရာ မလိုပါဘူး”

()ဆိုတဲ့ရလဒ်နဲ့ သုံးပွဲဆက်အနိုင်ရခဲ့တဲ့အပေါ်

“ပေးဂိုးမရှိတာက တကယ်မိုက်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ဂိုးတွေ ပိုသွင်းခဲ့သင့်တယ်လို့ ထင်ပါတယ်၊ လက်စတာနဲ့ပွဲစဉ် ပထမတုန်းကလိုပေါ့။ဒါပေမယ့် အသင်းရဲ့ကစားပုံ၊ စွမ်းဆောင်ရည်ကို ကျွန်တော် တကယ် သဘောကျပါတယ်”

ယူရိုပါလိဂ်နဲ့ပရီးမီးယားလိဂ် အတွက် လူစာရင်းကို ပြောင်းလဲနေရတဲ့ စိန်ခေါ်မှုအပေါ်

“ကစားသမားတွေက ကျွန်တော့်ကို ဒီလိုအလှည့်ကျ သုံးဖို့ မှန်ကန်တဲ့ အပြောင်းပြချက်တွေ ပေးနေပါတယ်၊ ဒီတော့ ကျွန်တော် သူတို့ကို အခွင့်အရေးမပေးရင် မတရားရာ ကျပါလိမ့်မယ် ။အထူးသဖြင့် သူတို့ပြုမူတဲ့ပုံစံတွေ၊ လေ့ကျင့်ပုံတွေနဲ့ အသင်းကို ဂရုစိုက်တဲ့ ပုံစံတွေက တကယ်ကိုချီးကျူးစရာပါ။ လူတိုင်းပါ၀င်ခွင့်ရနေတယ်၊ လူတိုင်းက အသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ခံစားရတဲ့အတွက် ကျွန်တော် တကယ် ပျော်ပါတယ်၊ဒါဟာ တကယ်အရေးကြီးပြီး ကစားသမားတိုင်းက ကစားပွဲကို အနိုင်ရဖို့ လိုအပ်တဲ့စွမ်းဆောင်ရည်တွေကို ပြသနေပါတယ်”

ဆာကာက ဒဏ်ရာရသွားတာလား

“ဟုတ်ပါတယ်၊ သူ အကန်ခံလိုက်ရတာပေါ့၊သူ နည်းနည်း ထော့နဲ့ထော့နဲ့ ဖြစ်နေပါတယ်။ သူအဆင်ပြေမယ်လို့ မျှော်လင့်နေပါတယ်”

အသင်းမှာ ယုံကြည်မှုတွေ တွေ့နေရပြီလား

“ယုံကြည်မှုတွေ အသင်းမှာ ရှိနေပါတယ်။ ကျွန်တော့်အတွက်တော့ ယုံကြည်မှုဆိုတာ နောက်ထပ်ယှဉ်ပြိုင်ဖို့၊အနိုင်ရအောင် ကြိုးစားဖို့ဆိုတဲ့ ဆာလောင်မှုပါပဲ”

အန်ကက်တီးယားကို ဘယ်တောင်ပံပို့ပြီး ဂျေးဆူကို ဗဟိုတစ်လျှောက် ကစားစေတဲ့အပေါ်

 “နှစ်ခုအပြောင်းအလဲလုပ်မယ့်အစား တစ်‌ခုပဲ အပြောင်းအလဲ လုပ်လိုက်တာပါ၊ အရမ်းရိုးရှင်းပါတယ်”

စီဒရစ် ဒီရာသီမှာ ပါ၀င်ခွင့်မရသေးတဲ့အပေါ်

“ပထမတစ်ချက်ကတော့ ယှဉ်ပြိုင်မှုကြောင့်ပါ၊ ဒုတိယအချက်ကတော့ သူ ခဏလောက် ဒဏ်ရာရနေခဲ့ပြီး ပြန်ဖြစ်နေတဲ့  ဒဏ်ရာဟောင်းတစ်ခု ရှိနေခဲတာပါ။ အခုတော့ သူကြံ့ခိုင်နေပြီး ကစားခွင့်ရဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်သူ့ကို ကစားခွင့်မိနစ်တွေ ပေးချင်ပါတယ်၊ဘာလို့လဲဆိုတော့ သူဒါနဲ့ ထိုက်တန်ပါတယ်”

အသင်းဟာ ရုန်းကန်ခဲ့ရတဲ့ ကစားပုံကြောင့်စိုးရိမ်စရာရှိနေပေမယ့် အဓိကပြိုင်ပွဲတွေမှာတော့ ထိပ်ဆုံးကဦးဆောင်ဆဲဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: