ဆာကာ မနိုင်ဝန်ထမ်းရသလို ဖြစ်နေသလား

မနေ့က PSVနဲ့ ရင်ဆိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အာတီတာဟာ အသင်းရဲ့ တိုက်စစ်မှာ ဂျေးဆူ၊ ဆာကာတို့လို အဓိကကစားသမားတွေကို ပွဲထုတ်ခဲ့ပါတယ်။ မာတင်နယ်လီ၊စမစ်ရို တို့ ဒဏ်ရာရနေတာကြောင့် ပုံမှန်ဆို ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ‌အ‌ထောင်တိုက်စစ်မှူးအဖြစ် ကစားတဲ့ အန်ကက်တီးယားကို တိုက်စစ်ဘယ်ခြမ်းထွက်ကစားစေပြီး ဂျေးဆူကို တိုက်စစ်မြှားဦးမှာ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ ရာသီအစကခြေမမှန်ဘူးဆိုတဲ့မှတ်ချက်ကိုရရှိထားတဲ့ ဆာကာအတွက်လည်း တစ်ပွဲထက်တစ်ပွဲ ပုံစံကောင်းတွေရလာခဲ့ပါတယ်။

PSV နဲ့ပွဲမှာ မေးခွန်းထုတ်စရာဖြစ်ခဲ့တာကတော့ ဆာကာကို ပွဲထုတ်ခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ပါပဲ။ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ယူရိုပါလိဂ်ရော၊ပရီးမီးယားလိဂ်မှာပါ ဆက်တိုက်ကစားထားခဲ့တဲ့ ငရုတ်သီးလေးကို အာတေးတားက အနားမပေးခဲ့ပဲ PSV နဲ့ပွဲစဉ်မှာ ထပ်မံအသုံးပြုခဲ့ပါတယ်။ လာမယ့် weekend မှာလည်း အာဆင်နယ်ဟာ ဆောက်သမ်တန်ရဲ့ အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဘာလို့ အာတီတာဟာ ဆာကာကို ပွဲထုတ်ခဲ့တာလည်းဆိုရင်တော့ PSV ကို အနိုင်ယူပြီး အုပ်စုဗိုလ်နေရာကို သေချာပေါက် ရယူဖို့ ဖြစ်တယ်လို့ပဲ သုံးသပ်ရမှာပါ။ ယူရိုပါလိဂ်မှာ အုပ်စုဗိုလ်ရတဲ့ အသင်းကသာ ၁၆သင်းအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်တယ်။တကယ်လို့ ဒုတိယနေရာနဲ့ အုပ်စုအဆင့်က တက်သွားမယ်ဆိုရင် ချန်ပီယံလိဂ် အုပ်စုတတိယနေရာက အသင်းတွေနဲ့ ၃၂သင်းအဆင့်မှာ တွေ့ဆုံရမှာပါ။

ဒီလို ခက်ခဲတဲ့ ပွဲပိုနှစ်ပွဲ ကစားရမယ့် အရေးကို ရှောင်ရှားဖို့ အာတီတာဟာ နစ္စတယ်ရွိုင်းရဲ့ အသင်းကို အမ်းမရိတ်မှာ သေချာပေါက် အနိုင်ယူဖို့ ပြင်ဆင်လာခဲ့တာပါ။တကယ်လည်း အိမ်ကွင်းမှာ ပီအက်စ်ဗွီကို အနိုင်ရခဲ့ပေမယ့် ဆာကာ ဒဏ်ရာရသွားခဲ့ပါတာကြောင့် ပေးဆပ်မှုကတော့ ကြီးခဲ့ပါတယ်။ သိပ်ကြီးမားတဲ့ ဒဏ်ရာမဟုတ်ဖို့ မျှော်လင့်ရပေမယ့် ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ ဆာကာ မပါ၀င်နိုင်မှာကို ပရိသတ်တွေက စိတ်ပူနေကြပါတယ်။

ဆာကာဟာ ဒီရာသီမှာ အာဆင်နယ်ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၄ပွဲမှာ ၁၂ပွဲအထိ ကစားထားခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဆာကာဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ပွဲလုံး ကစားထားခဲ့ရတာဖြစ်ပါတယ်။ ဒီရာသီမှာတော့ အာဆင်နယ်လူငယ်လေးအတွက် ယူရိုပါလိဂ်ပြိုင်ပွဲပါ တိုးလာတဲ့အပြင် နို၀င်ဘာလမှာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲက စောင့်ကြိုနေပါတယ်။

PSV နဲ့ ပွဲအပြီးမှာတော့ ဆာကာဟာ မနိုင်၀န်စထမ်းနေရပြီလားဆိုတဲ့ မေးခွန်းကို စပိန်သားက ခုလို တုံ့ပြန်ခဲ့ပါတယ်။

ကမ္ဘာပေါ်က ထိပ်တန်းသမားတွေကို တစ်ချက်ကြည့်လိုက်‌ဗျာ။ သူတို့က တစ်ရာသီမှာ ပွဲ၇၀လောက် ကစားနေရတာပါ။ သုံးရက်တိုင်းမှာ တစ်ပွဲကစားနေရပြီး ကစားပွဲကို ကွဲပြားမှုတွေဖြစ်အောင်၊ အနိုင်ရအောင် ကြိုးစားရပါတယ်။တကယ်လို့ ထိပ်ဆုံးမှာ ရှိနေချင်တယ်ဆိုရင် ဒါကို လုပ်နိုင်ရပါမယ်

လူငယ်ကစားသမားတစ်ယောက်ရဲ့ စိတ်ထဲကို အပြောင်းအလဲတစ်ခုဖြစ်စေဖို့ စပြောင်းလဲပေးတော့မယ်ဆိုရင် အဲ့ဒီကစားသမားကကျွန်တော် အခုမကစားချင်ဘူး၊ တောက်လျှောက်ပွဲဆက်တွေ မကစားချင်ဘူးလို့ပြောလာရင်တော့ ကျွန်တော်တို့ အမှားအကြီးကြီးတစ်ခုကို စလုပ်နေတာဖြစ်တယ်

ဒါကို သူတို့ညည်းတွားနေတာ ကျွန်တော်မလိုချင်ပါဘူး။ ကျွန်တော်သူတို့ကို   သုံးရက်တိုင်းမှာ ပြိုင်ဘက်ကို သနားညှာတာမှုမရှိတဲ့ပုံစံမျိုးနဲ့ ကစားစေချင်တယ်။လူငယ်ကစားသမားတွေက ကျွန်တော့် အခန်းတံခါးကို ခေါက်ပြီးကျွန်တော်ကစားချင်တယ်၊ကျွန်တော်အနိုင်ရချင်တယ်လို့ ပြောတာမျိုးကို လိုချင်ပါတယ် လို့ အာတီတာကဆိုပါတယ်။

ဆာကာဟာ လူငယ်ကစားသမားတစ်ယောက်ဆိုတဲ့ အခန်းကိုကျော်လွန်ပြီးနောက်ထပ်တဆင့်ဆီကို တက်လှမ်းနေတာကတော့ သေချာနေပါပြီ။ ရောက်ရှိခြင်းမရောက်ရှိခြင်းကတော့ ကျွန်တော်တို့အားလုံးစောင့်ကြည့်ရပါလိမ့်မယ်။ ဥရောပအဆင့်မှာလဲ ထိပ်တန်းစာရင်းထဲရောက်နေပြီဖြစ်တဲ့ ငရုတ်သီးလေးရဲ့ ခရီးစဥ်အမြင့်ကြီးဖြစ်ဖို့ ကျွန်တော်တို့လဲ အားပေးရပါမမယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: