ရှိရင်းစွဲအင်အား မပျက်စေလို

၂၀၂၀ နွေအပြောင်းအရွှေ့မှာ ဘရာဇီးလ်သားတစ်ယောက်ဟာ အမ်းမရိတ်ကို ရောက်ရှိလာခဲ့ပါတယ်။ အာဆင်နယ်ဟာ သူ့ကို လိုင်လီကနေ ‌ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၇သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ဟုတ်ပါတယ်၊ သူရဲ့ နာမည်ကတော့ ဂါဘရီယယ်ပဲ ဖြစ်ပါတယ်။

‌ကိုစီရယ်နီထွက်ခွာသွားပြီးတဲ့နောက် အာဆင်နယ် ပထမဆုံးပြန်ရလိုက်တဲ့ အကောင်းဆုံးကစားသမားဟာ ဂါဘရီယယ်ပါပဲ။ ဘရာဇီးလ်သားဟာ အမ်းမရိတ်ကို ရောက်ရောက်ချင်းမှာပဲ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ရာသီအစ ပထမဆုံးပွဲစဉ်မှာပဲ ပထမဆုံးပွဲထွက်ခွင့် ရခဲ့ပြီး ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့သူပါ။

တတိယရာသီမှာ သူ့ရဲ့စွမ်းဆောင်ရည်က ဘမ်းစကားအရဆိုရင်တော့ “ ဂါဘရီယယ်  ခုနှစ်ပိုင်းမှာ  တော်တော်ရောင်းပါတယ် “  …  စိတ်ဖိအားများတဲ့အခါ ၊ အသင်းဖော်တွေရဲ့ ဟန်ချက်အပျက်ကို ဝင်ထိန်းတဲ့အခါမျိုးဆိုရင်ပိုပြီးသိသာပါတယ်။ ထိုနည်းတူစွာ အသင်းကိုရောက်လာခါစတုန်းကလဲ သူပါမှ စိတ်ချရတယ်ဆိုတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။

ဂါဘီ အလတ်ကောင်လို့ ခေါ်တဲ့ ဂါဘရီယယ်ဟာ ဂျူဗင်တပ်နဲ့ နာမည်ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် အာတီတာဟာ ဂါဘရီယယ်ကို လက်လွှတ်ဖို့ ဆန္ဒမရှိခဲ့သလို ဘရာဇီးလက်ရွေးစင်ကလည်း အာဆင်နယ်မှာ ပျော်ရွှင်နေခဲ့ပါတယ်။

Advertisements

လိဒ်စ်နဲ့ ပွဲအပြီး အာဆင်နယ်မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးလ်မှာတော့ ဂါဘရီယယ်က သူဟာ အာဆင်နယ်မှာ ပျော်ရွှင်နေပြီး ဘ၀ရဲ့ အကောင်းဆုံး အချိန်တွေထဲက တစ်ခုကို ပိုင်ဆိုင်နေပါတယိလို့ ဆိုပါတယ်။

လက်ရှိအချိန်ဟာ ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံး အခိုက်အတန့်တွေထဲက တစ်ခုလို့ ထင်ပါတယ်။နကျွန်တော် ရင်ဆိုင်ဖြတ်သန်းနေရတဲ့ အရာတိုင်းနဲ့အတူ နေ့တိုင်းမှာ ဘ၀အကြောင်းကို ပိုပြီးသင်ယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ ပထမဆုံးရာသီဟာ ခက်ခဲတယ်လို့ ထင်ပါတယ်၊ ဒုတိယရာသီမှာတော့ ပိုကောင်းလာခဲ့ပါတယ်၊ တတိယရာသီကတော့ ခုပဲ စနေပါပြီ

ကျွန်‌တော် ရည်မှန်းချက်ကတော့ ပွဲတိုင်း ကစားရဖို့ပါပဲ။ ဘောလုံးရာသီတစ်ခုမှာ ပွဲတိုင်း ကစားနိုင်ဖို့ ဆိုတာ ဘယ်လောက်ခက်လဲ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အာဆင်နယ်ကို အချိန်တိုင်း ကူညီနိုင်အောင် ကျွန်တော့်ကိုယ်ကျွန်တော် ကောင်းကောင်း ဂရုစိုက်သွားမှာပါလို့ ဂါဘရီယယ်က ဆိုပါတယ်။

နောက်တန်းနဲ့ပတ်သတ်ရင် အိမ်မက်ဆိုးကို အရှည်ကြီးမက်ခဲ့ရတဲ့ ဂန်းနားပရိတ်သတ်တွေအတွက် မက်ဂါဟေးစ်က အရင်ဆုံး အိမ်မက်ဆိုးကို ရပ်တန့်ပေးခဲ့သူဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မားမားမတ်မတ်ရပ်တည်နေတဲ့ ကျောနံပါတ် ၆  ကိုပဲ မျှော်လင့်မိပါတယ်။ အမှားတွေလုပ်မိပေမယ့်  တစ်ကြိမ်မှားပြီးတိုင်း ပြာယာခတ်မသွားပဲ တည်ငြိမ်စွာတုန့်ပြန်နိုင်ခြင်းကိုလည်း ကျေးဇူးတင်ရမှာဖြစ်သလို ၊ လုံးဝမမှားတော့အောင်လဲ  ကစားသမားနဲ့နည်းပြအဖွဲ့ဟာ အတူတူကြိုးပမ်းရမှာဖြစ်ပါတယ်။

News by Htunn Aung Lwin, Edited by Ko Pyae

Advertisements
Advertisement

Leave a Reply

%d bloggers like this: