ကျွန်တော်တို့တောင်ပံလူတွေ ဆာကာလို မလုပ်နိုင်သေးပါဘူး – ဖာဒီနန်

ပြီးခဲ့တဲ့နှစ်တွေမှာ အသင်းသာ အဓိက ကစားသမားဖြစ်ခဲ့ပြီး အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို  ၂ နှစ်ဆက် သိမ်းပိုက်ခဲ့တဲ့အပြင် နိုင်ငံအသင်းမှာပါ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့သူက ဆာကာပါပဲ။ နေ့တိုင်းလိုလို တလှည့်စီချီးကျူးခံနေရတဲ့ အာဆင်နယ်လူငယ်တွေထဲမှာတော့ ယခုတခါအလှည့်ကျတာ ဆာကာပါပဲ။

မန်ယူဂန္တဝင် ဖာဒီနန်‌ဟာ ဆာကာရဲ့ ယုံကြည်မှု ရှိတဲ့ ကစားဟန်ကို အမွမ်းတင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားတွေအနေနဲ့ ပြိုင်ဘက်ကို အကြောက်အလန့်မရှိ ရင်ဆိုင်နိုင်ဖို့ ဆာကာကို အတုခိုးသင့်တယ်လို့ ဆိုလာခဲ့ပါတယ်။ သူလဲ အာဆင်နယ်ပွဲတွေ တော်တော်ကြည့်ဖြစ်ပုံပါပဲ။

ကပ္ပတိန်ဟောင်း အူဘာမီယန် အစပြုကာ ပရိတ်သတ်တွေက ငရုတ်သီးလေးလို့ ချစ်စနိုးခေါ်တဲ့ ဆာကာဟာ ‌ဆာကာဟာ ဒီရာသီမှာလည်း  သူရဲ့ပုံစံကောင်းတွေ ဆက်လက်ပြသနေပြီး အသင်းအတွက် ၅ဂိုးသွင်း ၊ ‌၄ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပါတယ်။ပြိုင်ဘက်နဲ့ တစ်ဦးချင်း ရင်ဆိုင်ရတဲ့အခါ ယုံကြည်မှုအပြည့်ရှိတယ်ဆိုတဲ့ အချက်က ဆာကာရဲ့ အဓိကအမှတ်အသား အရည်အသွေးဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ   ဆာကာဟာ အင်္ဂလန်အသင်းနဲ့အတူ အကောင်းဆုံး တောက်ပနိုင်မယ်လို့ ဖာဒီနန်က ယုံကြည်နေပါတယ်

Advertisements

ဒီပုံစံနဲ့သာဆို အင်္ဂလန်ညာတောင်ပံတိုက်စစ်နေရာမှာ ဆာကာထက် ကောင်းတဲ့သူ မရှိပါဘူး။အင်္ဂလန်အသင်းမှာလည်း သူကောင်းကောင်း ကစားနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီနစ်ထဲမှာ သူကစားတာကို ကျွန်တော် ခဏ ခဏ ကြည့်ဖြစ်ခဲ့ပါတယ်၊ ပြိုင်ဘက်နဲ့ရင်ဆိုင်ရတဲ့အခါ သူရဲ့ပထမဆုံး တုံ့ပြန့်မှုနဲ့ရည်ရွယ်ချက်က ပြိုင်ဘက်ကို ကျော်ဖြတ်ဖို့ပါပဲ

လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ရဲ့ယုံကြည်မှုကို ရရှိထားတဲ့ ဆာကာဟာ အင်္ဂလန်စီနီယာအသင်းကြီးအတွက် ပွဲ၂၀ ကစားခဲ့ပြီး လေးဂိုးသွင်းယူထားခဲ့ပါတယ်။မကြာသေးမီကပဲ နိုင်ငံအသင်းရဲ့ အကောင်းဆုံး ကစားသမားဆိုကိုလည်း ရရှိထားခဲ့ပါတယ်။သူဟာ အင်္ဂလန်နဲ့အတူ  ၂၀၂၀ယူရိုဖိုင်နယ်ကိုလည်း ရောက်ရှိခဲ့ပြီး အဆုံးအဖြတ်ပင်နယ်တီကို ကန်သွင်းခဲ့ရမှာတော့ လွဲချော်ခဲ့တာကတော့ ဆာကာအတွက် အခက်ခဲဆုံး အခက်အခဲ ဖြစ်ခဲ့ပါတယ်။

ဒီလို အဖြစ်မျိုးဟာ  ကမားသမားတွေကို စိတ်ဒဏ်ရာဖြစ်စေနိုင်ပေမယ့် ဆာကာကတော့ အာဆင်နယ်ပရိသတ်တွေရဲ့ အားပေးမှု ၊ အာတီတာရဲ့ လမ်းညွှန်မှု၊ သူ့ရဲ့ကြိုးစားမှုတွေနဲ့အတူ ယူရိုဖိုင်နယ် အိပ်မက်ဆိုးကနေ အကောင်းဆုံး နိုးထနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဆာကာဟာ အာဆင်နယ်ရဲ့ ပင်နယ်တီပြစ်ဒဏ်ဘောတွေကို ယုံကြည်မှုအပြည့်နဲ့ သွင်းယူနိုင်သူ ဖြစ်လာခဲ့ပါပြီ။ ဒါအပြင် လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေမှာလည်း အီတလီနောက်ခံလူ ချီလီနီ က သူ့အနေနဲ့ ဆာကာကို ရည်ရွယ်ချက်ရှိရှိဆွဲလှဲခဲ့ရကြောင်း၊ ဆာကာသာ သူ့ကိုကျော်သွားရင် ပြန်လိုက်ဖို့ မဖြစ်နိုင်ကြောင်း ပြောလာခဲ့ပါတယ်။

ဆာကာနဲ့ ပတ်သက်ပြီး ဖာဒီနန်က ခုလို မှတ်ချက် ဆက်ပေးခဲ့ပါတယ်။

အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကစားသမားတွေဟာ ပွဲချိန် မိနစ်၉၀အတွင်း  အခိုက်အတန့်တစ်ခုကို စောင့်နေတတ်တယ်။ပွဲတစ်ပွဲမှာ ပြိုင်ဘက်ရဲ့ ခံစစ်အစွန်တွေကို ကျော်ဖြတ်ဖို့ အခွင့်အရေးရလာတဲ့ အခိုက်အတန့်တွေ ရှိလာတတ်ပါတယ်

အဲ့ဒီအခိုက်အတန့်မှာ ဆာကာက ကောင်းကောင်း အသုံးချ နိုင်ပါတယ်၊ လိဂ်က အခြားကစားသမားတွေလိုပဲပေါ့။ ကျွန်တော်တို့ရဲ့  (မန်ယူရဲ့) wingers တွေက ဒါမျိုး မလုပ်နိုင်သေးပါဘူး

လက်ရှိမန်ယူအသင်းမှာတော့ သန်း ၁၀၀ တန် အန်တိုနီက အလားအလာကောင်းတဲ့အစွမ်းအဆတွေကို ပြသထားနိုင်ပါတယ်။ နေရာတူ သက်တူရွယ်တူတွေဖြစ်လို့ သူတို့ကြားက ယှဥ်ပြိုင်မှုတွေကလည်း စိတ်လှုပ်ရှားစရာဖြစ်လာမှာပါ။  ဂန်းနားတောင်ပံလူငယ်လေးကတော့ တဖြေးဖြေးခြင်းပိုမြင့်မားတဲ့အဆင့်ကို တိုးတက်နေပါတယ်။ ရာသီအစပိုင်းတုန်းကဝေဖန်မှုတွေကို ရရှိခဲ့တဲ့ ဆာကာက ပွဲစဥ် ၁၀ပွဲအပြီးမှာတော့ ချီးကျူးသံတွေညံနေခဲ့ပါပြီ။

News by Htunn Aung Lwin, Edited by Ko Pyae

Advertisements
Advertisement

Leave a Reply

%d bloggers like this: