လက်စတာတုန်းကလို အံ့သြစရာဖြစ်လာမှာမဟုတ်ပါဘူး – အိုဝင်

အာဆင်နယ်နဲ့မန်စီးတီးကြား ရမှတ်ကွာခြားချက် ၄မှတ်ရှိလာချိန်မှာတော့ မိုက်ကယ်အို၀င်က အာဆင်နယ်ကို ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်သူတွေအဖြစ် သတ်မှတ်နိုင်ပြီလို့ ယုံကြည်နေပါတယ်။

ဒီရာသီမှာ တာထွက်ကောင်းနေတဲ့ ဂန်းနားတွေဟာ ရာသစ်ကနေ ပြိုင်ပွဲ၄ပုံ၁ပုံကျိုးလာတဲ့အချိန်အထိ အဆင့်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့ပြီး ရာသီအဖွင့်၁၀ပွဲမှ ၉ပွဲအထိအနိုင်ရထားခဲ့ပါတယ်။ ဒါ့ကြောင့် အာတီတာနဲ့သူ့ရဲ့ကောင်လေးတွေဟာ ချန်ပိယံပြေးလမ်းကြောင်းပေါ်ရှိနေပြီလို့ ယုံကြည်သူတွေ အများအပြားရှိလာခဲ့ပါပြီ။

 ပြီးခဲ့တဲ့ တနင်္ဂနွေ လိဒ်စ်နဲ့ရင်ဆိုင်ခဲ့ရာမှာ အာဆင်နယ်ဟာ ပွဲပန်းနေတာကြောင့် ပုံစံကောင်းတွေမပြသနိုင်ခဲ့ပေမယ့်လိုအပ်နေတဲ့ အဝေးကွင်းနိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပြီး ရှုံးပွဲတွေ့ခဲ့တဲ့ အမှတ်ပေးဇယား အဆင့်၂နေရာက မန်စီးတီးကို ဂန်းနားတွေဟာ ရမှတ်၄မှတ်အထိ ဖြတ်နိုင်ခဲ့ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အာဆင်နယ်ဟာ လက်စတာလိုမျိူး မထင်မှတ်ပဲ ချန်ပီယံဖြစ်လာနိုင်တယ်လို့ မိုက်ကယ်အို၀င်က ယုံကြည်နေပါတယ်။

ဒီနေ့ပြီးတဲ့နောက် လူတွေက စတွေးနေပါလိမ့်မယ်ခဏ‌နေဦး၊လေးမှတ်ဆိုတာ သိပ်မဆိုးလှတဲ့ အကာအကွယ်တစ်ခုပဲလို့ပေါ့

Advertisements

ကျွန်တော်ကတော့ လက်စတာကို ပြန်သတိရမိသွားတယ်၊(အာဆင်နယ်သာ ချန်ပီယံဖြစ်ခဲ့ရင်) လက်စတာချန်ပီယံဖြစ်ခဲ့သလိုမျိုး အရမ်းကြီးအံ့ဩစရာ ဖြစ်မှာတော့ မဟုတ်တာ အသေအချာပါပဲ။ဒါပေမယ့် လက်စတာက ရမှတ်လေးမှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေချိန်မှာ ကျွန်တော်တွေးခဲ့တာကဒါက လက်စတာပဲ၊သူတို့ ချန်ပီယံမဖြစ်နိုင်ပါဘူးပေါ့

အာဆင်နယ်ဟာ အဲ့ဒီ့တုန်းကလက်စတာထက် စွမ်းအားတွေအများကြီး ပိုရှိပါတယ်။နောက်ထပ် ကစားပွဲ ၃ပွဲ၊၄ပွဲ၊၅ပွဲလောက် သူတို့ ဒီအတိုင်းဆက်သွားနေနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။သူတို့သာ ဒီလိုဆက်နိုင်နေရင် လူတိုင်းက ရုတ်တရက်ကြီး တွေးနေလိမ့်မယ်ဝိုး၊သူတို့က  တကယ်ကောင်းတာပဲ၊မန်စီးတီးရဲ့ အကြီးဆုံးပြိုင်ဘက်က သူတို့ဖြစ်နိုင်တယ်ပေါ့၊ဒီလိုတွေးနေပါလိမ့်မယ်လို့ လီဗာပူးလ် ကစားသမားဟောင်းက ဆိုပါတယ်။

အာတီတာတို့အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ အဖြစ် ဆောက်သမ်တန်၊နော်တင်ဟမ်ဖောရက်စ်၊ချဲလ်ဆီး၊ဝူဗာဟန်တန်တို့ကို ရင်ဆိုင်ရဖို့ ရှိနေပြီး ဒီပွဲစဉ်တွေမှာသာ ဂန်းနားတွေဟာ ရလဒ်ကောင်းတွေ ဆက်ပြီးရယူနိုင်ခဲ့ရင် မန်စီးတီးကို တကယ်စိန်ခေါ်လာနိုင်တဲ့အချိန်ရောက်ပြီလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ပွဲစဥ် ၁၀ ဆိုတာကတော့ တစ်ခုခုကို မှန်းဆဖို့ လုံလောက်ပေမယ့် ဆုံးဖြတ်ဖို့ကတော့ စောလွန်းပါသေးတယ်။ Pundit တွေရဲ့ တမျိုးပြီးတမျိုးသုံးသပ်ဝေဖန်မှုတွေဟာ အသင်းရဲ့ ရလဒ်တွေအပေါ်လဲ တစ်စုံတစ်ရာသက်ရောက်တာမို့ အာတီတာတို့အနေနဲ့ ကောင်းစွာကိုင်တွယ်သွားနိုင်ဖို့တော့လိုပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ အသင်းကတော့ အကောင်းမြင်မှတ်ချက်တွေကို အပတ်တိုင်းမှာမြင်နေရပြီဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: