တီယာနေးအဆင်ပြေရဲ့လား

ဘန်ဝှိုက်ကြောင့် ခံစစ်မှာ ကစားတဲ့နေရာပြောင်းခဲ့ရတဲ့ တိုမီယာစုအနေနဲ့ ကျရာနေရာမှာဆေးစက်ထင်ရင်း အာတီတာအတွက် စွမ်းဆောင်ပြနေပါတယ်။

ဒီရာသီမှာ အာတီတာရဲ့ ခံစစ်အစွန်ကစားသမားရွေးချယ်မှုတွေဟာ ထူးခြားမှုတွေရှိနေခဲ့ပါတယ်။ ဘန်ဝှိုက်ကို ညာအစွန်ခံစစ်မှာ အသုံးပြုပြီး တိုမီယာဆုကို ခေါက်ထားခဲ့တာ၊ တီယာနေးအစား ဇင်ချန်ကိုကို ပွဲထုတ်ခဲ့တာတွေဟာ အစောပိုင်းမှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အာတီတာရဲ့ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့တယ်ဆိုတာ လက်ခံရတော့မှာပါ။

ပြီးခဲ့တဲ့သီတင်းပတ်က လီဗာပူးလ်နဲ့ပွဲစဉ်မှာ အသင်းရဲ့ ဘယ်အစွန်ခံစစ်အတွက် တိုမီယာဆုကို ပွဲထုတ်လာတော့ အနည်းငယ်အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဇင်ချန်ကို ဒဏ်ရာရနေချိန်မှာ အာတီတာဟာ တီယာနေးကို အခွင့်အရေးပေးလာမယ်လို့ အားလုံးကထင်မှတ်ထားခဲ့ကြတာပါ။

ဒါပေမယ့် ဂျပန်သားကြီးကို ခံစစ်ဘယ်အစွန်မှာ ပွဲထုတ်လာတဲ့ အာတီတာရဲ့ဆုံးဖြတ်ချက်ဟာ ပွဲမတိုင်မီမှာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန်အတွင်းမှာ တိုမီယာဆုက မိုဆာလက်ကို အကောင်းဆုံးထိန်းချုပ်ပြသွားခဲ့ပြီး ဒုတိယပိုင်းမှာတော့ ယာဂင်က‌လော့ပ်ဟာ အီဂျစ်သားကို လူစားလဲခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အာတီတာဟာ ချီးကျူးမှုတွေကို ရရှိခဲ့ပါတယ်။

Advertisements

တိုမီယာဆုကို ပြီးခဲ့တဲ့ရာသီကတည်းက အသင်းရဲ့ခံစစ်ဘယ်အစွန်မှာ ပွဲထုတ်ခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်။မှတ်မှတ်ရရ တီယာနေးဒဏ်ရာရနေချိန်၊ လိဒ်စ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အာတီတာဟာ တာဗာရက်စ်အစား တိုမီယာဆုကို ဘယ်အစွန်ခံစစ်မှာ ကစားစေခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကလည်း တိုမီယာဆုဟာ လိဒ်စ်တောင်ပံကစားသမား ရာဖင်ညာကို အကောင်းဆုံးထိန်းချုပ်ပြခဲ့ပါတယ်။

ဒီတစ်ကြိမ် တီယာနေးလ် ကြံ့ခိုင်မှုအပြည့်ရှိနေချိန်မှာ တိုမီယာဆုကို Left-back player အဖြစ်အသုံးပြုခဲ့တာဖြစ်ပါတယ်။ဒါ့‌ကြောင့် အာတီတာရဲ့ဆုံးဖြတ်ချက်ကို နားမလည်နိုင်ဖြစ်ခဲ့သူတွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်ခဲ့သူကတော့ ကီဗင်ကမ်းဘဲလ်ပါပဲ။ ဂန်းနားဟောင်းကြီးက အာတီတာရဲ့ဆုံးဖြတ်ချက်ဟာ သူ့ကိုအံ့အားသင့်စေခဲ့ပေမယ့် မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။

Football Insider နဲ့တွေ့ဆုံမှုမှာ ကမ်းဘဲလ်က 

အမှန်အတိုင်းပြောရရင် တိုမီယာဆုကို ပွဲထွက်လူစာရင်းမှာတွေ့တော့ ကျွန်တော်ရှော့ခ်ရသွားတယ်။တိုမီယာဆုက မကောင်းလို့မဟုတ်ပါဘူး၊တီယာနေးလ် ကြံ့ခိုင်မှုပြည့်၀နေတဲ့အချိန်ဖြစ်နေတာကြောင့် ကျွန်တော်အံ့ဩသွားခဲ့တာပါ၊တီယာနေးလ်ပွဲထွက်လာမယ်လို့ ကျွန်တော်ထင်ခဲ့တာပေါ့

တိုမီယာဆုက နေရာစုံကစားနိုင်သူဖြစ်ပြီး ဒီအချက်ကို သူဟာ ထပ်မံသက်သေပြခဲ့ပါတယ်။သူဟာ ဆာလက်ကို အချက်အလက်တွေအရ အသာစီးယူနိုင်ခဲ့တယ်၊မီခေးလ်အာတေးတာရဲ့ ဆုံးဖြတ်ချက်ကောင်းတစ်ခုဖြစ်ခဲ့ပါတယ်လို့ ဆိုပါတယ်။

ဘိုဒိုဂလင့်နဲ့မကစားမီ ပွဲကြိုအင်တာဗျူးလ်မှာတော့ အာတေးတာက တီယာနေးအစား တိုမီယာဆုကို ပွဲထုတ်ခဲ့တာဟာ ကစားပွဲကို အနိုင်ရဖို့ အကောင်းဆုံးဖြစ်နိုင်တဲ့ပြင်ဆင်မှုကို ရွေးချယ်ခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့်  ရင်ဆိုင်ရမယ့်ပြိုင်ဘက်အပေါ်မူတည်ပြီး ဘယ်အစွန်ခံစစ်မှာ တီယာနေးလား၊တိုမီယာဆုလားဆိုတာကို အာတေးတားဟာ ရွေးချယ်သွားဖို့ ရှိနေပါတယ်။ ကာယကံရှင် တီယာနေးကတော့ စွမ်းဆောင်ရည်ကြောင့်မဟုတ်ပဲ ၊ နည်းစနစ်ကြောင့်သူ့အနေနဲ့ ပွဲထွက်ခွင့်မရခဲ့တာအပေါ်စိတ်မကောင်းဘူးလို့ ပြောဆိုခဲ့ပါတယ်။  တီယာနေးဟာ ရိုးစင်းတဲ့ကစားပုံကြောင့် ဝေဖန်ခံခဲ့ရတာကနေ တိုက်စစ်ကိုပိုမိုလိုက်ပါပြီး အစွမ်းပြနိုင်ခဲ့ပေမယ့် ဇင်ချန်ကိုအပြင် တိုမီယာစုပါ ပြိုင်ဖက်အဖြစ်တိုးလာခဲ့တာဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: