ဘိုဒိုဂလင့်နည်းပြပြောတဲ့ အာတီတာအကြောင်း

ရိုးမားလိုအသင်းမျိုးကို အနိုင်ကစားပြထားခဲ့တဲ့ရလဒ်အပြင် ၊ ယခုနှစ်မှတ်တမ်းတွေကြောင့် ကြိုတင်စိုးရိမ်ခဲ့ရတဲ့ ဘိုဒိုဂလင့်နဲ့ပွဲဟာ တကယ်လည်း မလွယ်ကူခဲ့ပါဘူး။

ခက်ခဲတဲ့ပြိုင်ဘက်၊ ကစားရခက်တဲ့ကွင်း၊ ကြမ်းတမ်းတဲ့ ရာသီဥ‌တု စတဲ့ အခြေအနေတွေအောက်မှာ အမြှောက်တပ်သားတွေဟာ ဘိုဒိုဂလင့်ကို နော်ဝေးမြေမှာ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီအနိုင်ရလဒ်ကြောင့် အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အုပ်စု A ကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဆာကာရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့အနိုင်ရခဲ့တာကြောင့် ဂိုးမပြတ်ခဲ့တဲ့ရလဒ်အပေါ် ပရိသတ်တွေအနေနဲ့ အားမလိုအားမရဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ယူရိုပါလိဂ်မှာအိမ်ကွင်း၁၄ပွဲဆက် အနိုင်ရထားတဲ့အသင်းမျိုးကို အာဆင်နယ်အနိုင်ယူခဲ့တာ ဖြစ်တယ်ဆိုတဲ့အချက်ကို မေ့ထားလို့မဖြစ်ပါဘူး။

ပွဲအပြီးမှာတော့ ဘိုဒိုဂလင့်နည်းပြက အာတေးတားရဲ့အရည်အသွေးကို အသိအမှတ်ပြုချီးကျူးသွားခဲ့ပါတယ်။ သီတင်းပတ်နှစ်ခုအတွင်း သူတို့အသင်းကို နှစ်ကြိမ်အနိုင်ယူခဲ့တဲ့ အာဆင်နယ်ကြောင့် ဘိုဒိုဂလင့်ခ်ျဟာ နောက်တစ်ဆင့်တက်ဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဘိုဒိုဂလင့်နည်းပြ ဂျက်တေးလ်နွက်ဆန်ကို အာတီတာနဲ့တွေ့ဆုံခွင့်ရခဲ့လားလို့ မေးခဲ့ရမှာတော့ သူက ခုလိုပြန်ဖြေခဲ့ပါတယ်။

မတွေ့ခဲ့ရပါဘူး။သူက ကစားပွဲထဲမှာ ရှိနေပြီး အလုပ်ရှုပ်နေခဲ့ပါတယ်။ရိုးမားနဲ့ တွေ့ဆုံခဲ့တုန်းကလိုတော့ မဟုတ်ဘူးပေါ့။သူတို့က အကြောင်းပြချက်အခု၁၀၀လောက် ပေးနေခဲ့ပါတယ်။အာဆင်နယ်ရဲ့ ခံယူချက်နဲ့ သိပ်ကွာပါတယ်။ဒီလိုပဲ ဖြစ်သင့်ပါတယ်၊ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်လေးစားမှု ရှိရပါမယ်

ပြီးခဲ့တဲ့ရာသီ ယူအီးအက်အေကွန်းဖရန့်လိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ ဘိုဒိုဂလင့်နဲ့ရိုးမားတို့ နော်ဝေးမြေမှာ တွေ့ဆုံခဲ့စဉ်က အိမ်ရှင်တွေဟာ မော်ရင်ဟိုရဲ့အသင်းကို (၆-၁)ဂိုးဆိုတဲ့ရလဒ်နဲ့ အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ရိုးမားနည်းပြ မော်ရင်ဟိုက သူတို့ရဲ့ ဂိုးပြတ်အရှုံးရလဒ်နဲ့ ပတ်သက်ပြီး ကစားကွင်းအခြအနေ၊ရာသီဥတုတွေကို ဝေဖန်သွားခဲ့ပါတယ်။

Advertisements

အာတီတာ က‌တော့ ပွဲမစခင်ကတည်းက နေပူပူ၊မိုးရွာရွာ၊နှင်းကျကျ ဆင်ခြေပေးစရာမလိုပဲ ကစားပွဲကိုနိုင်အောင်ကစားဖို့ နည်းလမ်းရှာရမယ်လို့ ပြောခဲ့ပါတယ်။စပိန်သားပြောခဲ့တဲ့အတိုင်း အမြှောက်တပ်သားတွေဟာ ခက်ခဲတဲ့အနေအထားတစ်ခုမှာ အဖိုးတန်နိုင်ပွဲတစ်ခုကို အရယူနိုင်ခဲ့ပါတယ်။

ဘိုဒိုဂလင့်ခ်ျနည်းပြက အခွင့်ရရင် အာဆင်နယ်ဆီ အလည်သွားပြီး စိတ်ဓာတ်ခွန်အားတွေရယူလိုတယ်လို့ ၀န်ခံခဲ့ပြီး အာတေးတာကိုလည်း အထူးတလည်ချီးကျူးခဲ့ပါတယ်။

“ကျွန်တော်တို့ အခွင့်ရရင် အာဆင်နယ်ကို အလည်သွားပြီး စိတ်ခွန်အားတွေ ရချင်ပါတယ်။အာတီတာအသင်းကို ပျိုးထောင်နေတဲ့ ပုံစံက တကယ်ကိုသဘောကျစရာကောင်းပါတယ်”လို့ သူကဆိုပါတယ်။

အာတီတာနဲ့ပတ်သတ်ပြီးမေးခွန်းများစွာရှိခဲ့တဲ့လွန်ခဲ့တဲ့နှစ်တွေကတည်းကပါ။ သူဟာ နည်းဗျူဟာကြွယ်လား၊ အုပ်ချုပ်မှုကောင်းလား စသည်ဖြင့်ပေါ့။  အခုတော့ ခက်ခက်ခဲခဲနိုင်ပွဲအပြီးမှာ ရလဒ်ကောင်းနဲ့အတူ  ပြိုင်ဖက်အသင်းရဲ့လေးစားမှုကိုပါရရှိခဲ့ပုံပါပဲ။ ဒါဟာ သူဖြတ်သန်းနေတဲ့ နည်းပြဘဝရဲ့ စတင်ရင့်မှည့်စပြုလာတာလား ၊ ကနဦးကာလကို ကျော်လွန်စပြုလာတာလားတော့ ကျွန်တော်လဲ မဆုံးဖြတ်တတ်သေးပါဘူး။ ဒီပွဲရဲ့ခက်ခဲမှုတွေကတော့  လိဒ်အသင်းနဲ့ကစားရမယ့်ပွဲအတွက် အကောင်းဆုံးပွဲကြိုလေ့ကျင့်မှုဖြစ်ခဲ့မယ်လို့  မျှော်လင့်မိပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: