“နေပူပူ၊မိုးရွာရွာ၊နှင်းကျကျ ဘာဆင်ခြေမှမပေးပဲ နိုင်အောင်ကစားရပါလိမ့်မယ်” – အာတီတာ

ဒီညမှာတော့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်၊အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘိုဒိုဂလင့်ကို သူတို့ရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရတော့မှာပါ။ အမြှောက်တပ်သားတွေဟာ ယူရိုပါလိဂ်မှာပါ သုံးပွဲဆက်အနိုင်ယူပြီး အုပ်စုကို ဆက်လက်ဦးဆောင်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

ပွဲအကြို မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ အာတီတာကို မီဒီယာတွေက ဘာတွေ မေးမြန်းခဲ့သလဲ၊ ဘော့စ်က ဘာတွေပြန်ဖြေခဲ့လဲဆိုတာ အာဆင်နယ်ရဲ့၀က်ဆိုက်ကနေ ဆီလျော်သလို ကောက်နှုတ်ဘာသာပြန် တင်ဆင်ပေးလိုက်ပါတယ်။

ကစားရမယ့်ကွင်းဟာ အသင်းရဲ့လူစာရင်းရွေးချယ်မှုအပေါ် လွှမ်းမိုးမှု ရှိပါသလား

“ကျွန်တော်တို့တွေးတဲ့အကြောင်းအရာက ကျွန်တော်တို့ အနိုင်ရအောင် ဘယ်လိုကစားမလဲဆိုတာပါပဲ။ မတူညီတဲ့ အခြေအနေတွေ၊မတူညီတဲ့ပြိုင်ပွဲတွေ၊မတူညီတဲ့ ရာသီဥတုတွေ၊မတူညီတဲ့အကြောင်းအရာတွေမှာ သုံးရက်တိုင်း ဘယ်လိုအနိုင်ရအောင် ကစားမလဲဆိုတာပါပဲ။ဒါဟာ ကစားပွဲတစ်ခုကိုချဉ်းကပ်တဲ့ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသောနည်းလမ်းပါ”

ဂျေးဆူကို လူစာရင်းမှာ ဘာလို့ချန်ထားခဲ့တာလဲ

“ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ဖြတ်သန်းခဲ့ရတဲ့အရာတွေကြောင့် သူအိမ်မှာပဲရှိနေတာ ပိုကောင်းလိမ့်မယ်လို့ ခံစားခဲ့ရလို့ပါ”

ရိုးမားက ဒီမှာ ()ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အပေါ်

“ကျွန်တော်တို့အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲမတိုင်ခင် ဒီအကြောင်းပြောခဲ့ဖူးတယ်လို့ ထင်ပါတယ်။ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူတို့အသင်း၊သူတို့ရဲ့နည်းပြအဖွဲ့၀င်တွေ လုပ်ပြခဲ့တဲ့အရာတွေက အသိအမှတ်ပြုစရာပါ။အထူးသဖြင့် ယူရိုပါလိဂ်မှာပေါ့”

ဘိုဒိုရဲ့ ပရိသတ်တွေအပေါ်

“တကယ်ကို ဆူညံကျယ်လောင်တဲ့၊တကယ်ကို စိတ်အားထက်သန်တဲ့ ပရိသတ်တွေပါ၊ မာတင်(အိုဒီဂတ်)ကို ဒီအကြောင်းပြောတော့ ဘိုဒိုရဲ့အိမ်ကွင်းမှာ ကြီးကျယ်ခမ်းနားတဲ့ အငွေ့အသက်တွေကို ခံစားရမယ်လို့ သူကပြောပါတယ်။ဒါက တကယ်မိုက်ပါတယိ၊ဒါကြောင့်လည်း ဥရောပထဲကို အမြဲခရီးထွက်သင့်တာပေါ့”

လက်ရှိအာဆင်နယ်ဟာ ထိပ်ဆုံးမှာရှိနေတော့ အခြားအသင်းတွေရဲ့ ပစ်မှတ်ဖြစ်လာမလား

“အခြားအသင်းနည်းပြတွေက ကျွန်တော်တို့ရဲ့ရင်ဆိုင်ရတဲ့အခါ ဘယ်လိုပြင်ဆင်ထားလဲဆိုတာ ကျွန်တော်မသိပါဘူး၊သိသာတာကတော့ (အများဆုံးပစ်မှတ်ထားခံရတာကတော့) ဂျေးဆူ ပေါ့။သူက ပွဲစဉ်တစ်ပွဲမှာ ထိ‌တွေမှုတွေ အများကြီးလုပ်တတ်တဲ့ကစားသမားပါ။ ဒါဟာ သူ့ရဲ့သဘာ၀ပဲဖြစ်ပြီး ကစားသမားတွေကို ကာကွယ်ပေးဖို့ ဒိုင်လူကြီးတွေမှာ တာ၀န်ရှိပါတယ်”

ကစားသမားတွေရနေတဲ့ အကာအကွယ်အပေါ် ကျေနပ်ပျော်ရွှင်ရဲ့လား

“ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကြောင့် ကျွန်တော်တကယ်ပဲ ပျော်ရွှင်ရပါတယ်၊ဒါက အရေးကြီးဆုံးအရာပါ။သူတို့ကို ကာကွယ်ပေးဖို့ကတော့ ဒိုင်လူကြီးတွေအပေါ်ပဲ မူတည်ပါတယ်”

လီဗာပူးလ်နဲ့ပွဲစဉ်က (လူမျိုးရေးခွဲခြားမှု)ဖြစ်ရပ်အပေါ်

“ဒီအကြောင်း ကျွန်တော်မပြောချင်ပါဘူး။ဒီကိစ္စက ဘောလုံးအဖွဲ့ချုပ်ရဲ့ လက်ထဲမှာရှိပါတယ်၊ကျွန်တော်၀င်ပါမှာ မဟုတ်ပါဘူး”

ကစားကွင်း ဒါမှမဟုတ် ရာသီဥတုအခြေအနေတွေက ပြဿနာတစ်ခု ဖြစ်လာမလား

“မဖြစ်ပါဘူး၊လေတိုက်တိုက်၊နေပူပူ၊နှင်းကျကျ ဒါဟာ ဆင်ပြေပေးစရာ မဟုတ်ပါဘူး။ကျွန်တော်တို့ အာရုံစိုက်ထားတာက သုံးရက်တိုင်းမှာ အနိုင်ရနေဖို့၊ဒါကို အမြဲလုပ်နိုင်အောင် နည်းလမ်းရှာဖို့ပါပဲ”

(အာတီတာက နာမည်ကျော်ကစားသမားတွေကို မကိုင်တွယ်နိုင်ဘူးဆိုတဲ့)အူဘာမီယန်းရဲ့ မှတ်ချက်အပေါ် 

“လူတိုင်းက ကိုယ်ကြိုက်ရာ လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်”

လီဗာပူးနဲ့ပွဲမှာ ပွဲထွက်ခွင့်မရတဲ့အပေါ်  တီယာနေးလ်ဘယ်လိုတုံ့ပြန်ခဲ့လဲ

“အခြားကစားသမားတွေလိုပဲပေါ့။ကစားပွဲတွေကို အနိုင်ရဖို့ အကောင်းဆုံးဖြစ်နိုင်တဲ့ပြင်ဆင်မှုပေါ် အခြေခံပြီး ဆုံးဖြတ်ချက်တွေပြုလုပ်ရတာပါ။အခြားကစားသမားတွေလိုပဲ ဒါကို သူလက်ခံခဲ့ပါတယ်”

အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်တာဟာ ဘယ်လိုအရေးပါသလဲ

“အရေးပါပါတယ်၊ပွဲစဉ်တိုင်းက အရမ်းအရေးကြီးပါတယ်။ အုပ်စုကိုကြည့်လိုက်မယ်ဆိုရင် မနက်ဖြန်ရလဒ်ဟာ သိပ်ကိုအရေးကြီးပါတယ်၊ဘာလို့လဲဆိုတော့ ဒီပွဲကိုအနိုင်ပြီးရင် အုပ်စုအဆင့်ကို ကျော်ဖြတ်ဖို့ နောက်ထပ်တစ်ပွဲ၊နောက်ထပ် ပြိုင်ဘက်တစ်သင်း အနိုင်ယူနိုင်ဖို့ပဲ လိုပါတယ်။ကျွန်တော်တို့ အုပ်စုထိပ်ဆုံးမှာပဲ ရှိနေချင်ပါတယ်”

Advertisements
Advertisement

Leave a Reply

%d bloggers like this: