အာဆင်နယ် နိုင်ပွဲနဲ့ထိုက်တန်ခဲ့ပါတယ် – မိုက်ကယ်အိုဝင်

အာဆင်နယ်ဟာ လီဗာပူးလ်ကို (၃-၂)ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ပြီးနောက် ကြိုးကြာနီတိုက်စစ်မှူး‌ဟောင်းကြီးမိုက်ကယ်အို၀င်က အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရဲ့ဒုတိယကောင်းဆုံးအသင်းလို့ ချီးကျူးခဲ့ပါတယ်။ ဒီလိုမျိုး အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုစိန်ခေါ်နိုင်မယ်လို့ မထင်ခဲ့တဲ့အို၀င်ဟာ လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ယှဉ်ပြိုင်နိုင်စွမ်းရှိပြီလို့ ၀န်ခံလာခဲ့ပါတယ်။  အမြဲလိုလို Underrated ဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ချီးကျူးမှုတွေကို အပတ်တိုင်းမှာမြင်တွေ့နေရပါပြီ။ ဒါဟာ အသင်းအပေါ်ထားတဲ့အမြင်တွေပြောင်းလဲလာခြင်းရဲ့ သရုပ်သကန်ဖြစ်ပါတယ်။ ဒီထက်ပိုတဲ့လေးစားမှုတွေရရှိဖို့တော့ လိုအပ်ချက်တွေရှိနေဆဲပါ။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ စနေနေ့မှာ ပွဲကြိုကစားပြီး မန်စီးတီးသိမ်းပိုက်ထားခဲ့တဲ့ အမှတ်ပေးဇယား အဆင့်တစ်နေရာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ အမ်းမရိတ်မှာ ကြိုးကြာနီတွေကို အမြှောက်တပ်သားတွေဟာ မာတင်နယ်လီ၊ ဆာကာတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်၉ပွဲအပြီးမှာ အာဆင်နယ်ဟာ ၈ပွဲအထိအနိုင်ရထားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အာဆင်နယ်ဟာလီဗာပူးလ်ကို အနိုင်ရဖို့လုံး၀ထိုက်တန်ခဲ့ပါတယ်လို့ မိုက်ကယ်အို၀င်က ချီးကျူးလာခဲ့ပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးပြီးရင် ပရီးမီးယားလိဂ်ရဲ့ဒုတိယအကောင်းဆုံးအသင်းလားဆိုတဲ့ မေးခွန်းကိုလည်း သူက ခုလိုဖြေကြားခဲ့ပါတယ်။

“ဒီလို‌ဖြေမိမယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ပါဘူး။ဒါပေမယ့် ဟုတ်တယ်လို့ပဲ ဖြေရမှာပါ။ဒါက သူတို့ဟာဘယ်လိုသူတွေ ဖြစ်တယ်ဆိုတာပါပဲ၊အာဆင်နယ်အသင်းဟာ ကြက်ကန်းဆန်အိုးတိုးပြီး နိုင်ပွဲတွေရနေတာ မဟုတ်ပါဘူး။သူတို့မှာ အရမ်း  … အရမ်းကိုကောင်းမွန်တဲ့ ကစားသမားတွေရှိတယ်၊ အရမ်းကောင်းတဲ့ပုံစံနဲ့ ကစားနိုင်နေတယ်”

“အသင်းကြီးအချို့ဟာ ဒီရာသီအစမှာရုန်းကန်နေရတယ်။ ဒါကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အကြီးမားဆုံးယှဉ်ပြိုင်သူတွေ ဖြစ်လာနိုင်ပါတယ်။ကျွန်တ်ေ ဒီလိုပြောမိလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ပါဘူး။တကယ်ပဲ မယုံနိုင်ဖြစ်ရပါတယ်”လို့ အို၀င်ကဆိုပါတယ်။

Advertisements

အာဆင်နယ်ရခဲ့တဲ့နိုင်ပွဲနဲ့ပတ်သက်ပြီလည်း

အာဆင်နယ်ဟာ ဒီပွဲမှာ အနိုင်ရဖို့ထိုက်တန်တယ်ဆိုတာ မေးခွန်းထုတ်မလိုပါဘူး။သူတို့အရမ်းကောင်းကောင်းကစားခဲ့တယ်လို့ ထင်ပါတယ်။သူတို့မှာ စွမ်းအင်တွေအများကြီးရှိနေခဲ့တယ်။အမ်းမရိတ်ကွင်းကြီးထဲမှာလည်း တကယ်ကောင်းတဲ့ခံစားချက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။လီဗာပူးလ်ကလည်း ဒီပွဲမှာ အရမ်းတော့မညံ့ခဲ့ပါဘူး၊သူတို့ကြိုးစားခဲ့ပါတယ်

ဒါပေမယ့် ပွဲမကစားခင်ကတည်းက ကြိုမျှော်လင့်ထားတာကိုပဲ တကယ့်လက်‌တွေ့မှာမြင်ခဲ့ရတယ်လို့ ကျွန်တော်ထင်ပါတယ်။လီဗာပူးလ်ရဲ့ခြေစွမ်းဟာ ပြီးခဲ့တဲ့ရာသီထက် ၁၀ရာခိုင်နှုန်းလောက် ကျသွားတဲ့အချိန်၊အာဆင်နယ်ရဲ့စွမ်းဆောင်ရည်က ပြီးခဲ့တဲ့ရာသီထက် ၂၀ရာခိုင်နှုန်းလောက် ပိုတက်လာခဲ့တယ်။ဒါ့ကြောင့် အသင်းနှစ်သင်းကြား အားပြိုင်မှုမှာ အပြောင်းအလဲအနည်းငယ်ရှိခဲ့တယ်။ အာဆင်နယ်ဟာ နိုင်ပွဲနဲ့ထိုက်တန်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်လို့ အင်္ဂလန်တိုက်စစ်မှူးဟောင်းကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

ပွဲအပြီးမှာ ဒိုင်လူကြီးဆုံးဖြတ်ချက်များနဲ့ပတ်သတ်ပြီး အငြင်းပွားတာတွေရှိနေခဲ့ပေမယ့် စွမ်းဆောင်ရည်ပိုကောင်းတဲ့ ဂန်းနားလူငယ်တွေကိုလဲ တပြိုင်နက်ထဲအသိအမှတ်ပြုနေကြပါတယ်။

ဒီရာသီမှာ အာဆင်နယ်ရဲ့စွမ်းဆောင်ရည်တွေဟာ အာတီတာနဲ့ဂန်းနားလူငယ်လေးတွေကို အထင်မကြီးခဲ့တဲ့သူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ဒီလိုအံဩစရာတွေဆက်လုပ်ပြနိုင်ဦးမယ်လို့ အသင်းရဲ့ ပရိသတ်တွေကတော့ ယုံကြည်နေကြပါပြီ။အသင်းရဲ့ယုံကြည်မှုတွေဟာလည်း ဒီနိုင်ပွဲအပြီးမှာ ပိုမိုအားကောင်းလာခဲ့ပါပြီ။

အာဆင်နယ်ဟာ ဒီရာသီမှာ အိမ်ကွင်းပွဲစဉ်တိုင်းအနိုင်ရထားခဲ့ပြီး လီဗာပူးလ်ကတော့ ဒီရာသီမှာ အဝေးကွင်းနိုင်ပွဲမရေသေးပဲ မှတ်တမ်းဆိုးကို ဆက်လက်ထိန်းသိမ်းသွားခဲ့ပါတယ်။

News Article by Htunn Aung Lwin, Edited by Ko Pyae

Advertisements
Advertisement

Leave a Reply

%d bloggers like this: