Post Match Article – ကျရှုံးနေကျ ထောင်ချောက်များကို ချိုးဖျက်ရင်းရခဲ့တဲ့ ၃ မှတ်

အာဆင်နယ် ၊ အာတီတာနဲ့ ဂန်းနားလူငယ်တွေအတွက် အလွန်အရေးပါသလို ဂုဏ်ယူစရာလဲ ကောင်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ တစ်ပွဲလုံးစာ ခြုံပြောရရင် အာဆင်နယ်ဟာ လီဗာပူးအသင်းကို  နည်းစနစ်နဲ့ ကစးပုံအရ လွှမ်းမိုးကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကလော့ရဲ့ အဖက်ဖက်က ကျွမ်းကျင်မှု၊ လူငယ်အသင်းတစ်သင်းကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကို နားလည်မှုတို့ဟာ ဂန်းနားတို့အတွက် အလွန်ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်စေခဲ့ပါတယ်။

ကလော့ဟာ  အာဆင်နယ်ရဲ့ ဘယ်ခြမ်းက တွဲလုံးတွေရယ် ၊ ကွင်းလယ် Transition တွေနဲ့ Through Ball တွေရယ်ကို ကြိုခန့်မှန်းခဲ့ပြီး Low Block လုပ်ပြီးပိတ်ဖို့ကြိုးစားခဲ့ပါတယ်။ တိုက်စစ်အတွက်တော့ Direct Pass တွေနဲ့အရှေ့ထိတင်ခဲ့ပါတယ်။ လီဗာပူးလိုအသင်းက block လုပ်ပြီးကိုယ့်တိုက်စစ်ကိုပိတ်ရတယ်ဆိုတာကို ကြည့်ခြင်းအားဖြင့်  အာဆင်နယ်အသင်းရဲ့ Attacking Pattern ဟာ ဘယ်လောက်ထိ Unique ဖြစ်ပြီး၊ ပြိုင်ဖက်များအဖို့ ဖြေရှင်းစရာနည်းလမ်းရှားပါးနေပြီဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ဒီပုံစံကို ပိုပြီးထက်မြတ်လာအောင် အာတီတာဟာကြိုးပမ်းရပါလိမ့်မယ်။ ယခုပွဲမှာ လီဗာပူးနောက်တန်းမှာ  ၇ ယောက်လောက်ထိပိတ်ပြီး အာဆင်နယ်တိုက်စစ်ကို ခုခံခဲ့ရတာကို မကြာခနတွေ့ခဲ့ရပါတယ်။

လီဗာပူးတို့ဟာ ဂျေးဆူနဲ့ မာတင်နယ်လီတို့တွေ တွဲဖက်တိုက်စစ်ဆင်လာပြီဆိုရင် မရရအောင်ဖြတ်ထုတ်ပြီး အရှေ့ကို Direct ပေးပြီးတိုက်စစ်ဆင်ခဲ့ပါတယ်။ လီဗာပူးရဲ့ အဝေးပေးကန်ချက်တွေကလည်းအဆုံးထိမရောက်ခဲ့ပေမယ့်  အာဆင်နယ်သတိကြီးစွာနဲ့ပိတ်ဆို့ကာကွယ်ရတာကိုတော့ ပထမပိုင်းပွဲချိန်များမှာ မြင်ရပါတယ်။

ဒါပေမယ့် တိုမီယာစုဟာ  ဆာလာကို တစ်ဦးခြင်းပါကောင်းစွာထိန်းချုပ်နိုင်ခဲ့လို့ တိုက်ရိုက်ပေးပို့မှုတွေဟာ အလုပ်မဖြစ်ခဲ့ပါဘူး။

ပွဲအစမှာပဲ အာဆင်နယ်တို့ အလွန်သပ်ရပ်တဲ့ အဖွင့်ဂိုးကိုရရှိခဲ့ပါတယ်။ ဒီဂိုးဟာ ယူနိုက်တက်နဲ့ပွဲတုန်းက နာကျင်ခဲ့ရတဲ့မာတင်နယ်လီအတွက်တော့ တန်ဖိုးရှိတဲ့နှစ်သိမ့်မှုတစ်ခုပဲဖြစ်ပါတယ်။

အာဆင်နယ်တို့ဟာ ဆက်တိုက်ဖိကစားနေခဲ့ပေမယ့် လီဗာပူးရဲ့ ထိုးစစ်ဆင်မှုကိုလဲ ရင်တမမနဲ့ကာကွယ်ခဲ့ရပါတယ်။ အထူးသဖြင့် ဒီယက်ဇ် ရဲ့ Side Change တွေ ၊ Diagonal Run တွေ၊ Space ဖော်ဆောင်မှုတွေက အခွင့်အရေးတွေများစွာဖြစ်စေခဲ့ပါတယ်။  ပေးလိုက်ရတဲ့ ပထမချေပဂိုးကတော့  2 v 2 အနေအထားကတဆင့်  wide space position ဖြစ်သွားတာချိန်မှာ အလတ်ကောင်ရဲ့ အားနဲချက်ကြောင့် ဒါဝင်နူးနက်ရဲ့  ဂိုးကို ခွင့်ပြုပေးလိုက်ရတာဖြစ်ပါတယ်။

ဂန်းနားတို့ပြန်ရတဲ့ဦးဆောင်ဂိုးကတော့ မာတင်နယ်လီရဲ့ စိတ်ကူးစိတ်သန်းနဲ့ ဆာကာရဲ့ပါးနပ်မှုတို့ပါပဲ။  သူတို့ နှစ်ယောက်ကြားထဲက chemistry လို့ပြောရင်လဲရနိုင်ပါတယ်။ နေရာကြပ်ထဲဝင်တိုးမယ်လို့ လီဗာပူးနောက်တန်းက ယူဆချိန်မှာ မာတင်နယ်လီက Cut in လုပ်ပြီး diagonal pass တစ်ခုလုပ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က လီဗာပူးနောက်တန်း ၂ ဦးကို ဆွံ့အစေခဲ့ပြီး နည်းစနစ်ကျတဲ့ ဂိုးတစ်ဂိုးဖြစ်ခဲ့ပါတယ်။

ပထမပိုင်းကို အနိုင်နဲ့ဦးဆောင်နိုင်ခဲ့တဲ့ ဂန်းနားတို့ဟာ ဒုတိယပိုင်းမှာ ပွဲကိုစိုးမိုးပြီး တတိယဂိုးအတွက်ကြိုးစားခဲ့ကြပါတယ်။  သို့သော် ဒီပွဲရဲ့ အားနဲချက်တွေထဲကတစ်ခုဖြစ်တဲ့ ဂါဘရီယယ်ဟာ ဖာမီနိုကို လွယ်ကူတဲ့သွင်းယူမှုတစ်ခုထပ်မံခွင့်ပြုလိုက်ရပါတယ်။ အာဆင်နယ်ရဲ့ ပြဿနာတွေထဲမှာ ပါတေးရဲ့ Anchor Function တွေကို Balance လုပ်ပေးနိုင်တဲ့ပလေယာမရှိခြင်းကလဲ ပါဝင်ပါတယ်။​ အဆိုပါဂိုးမှာ ဂျိုတာဟာ လွတ်လပ်စွာပေးပို့ခွင့်ရခဲ့သလို အလတ်ကောင်ကလဲ ဖာမီနိုကို မတားနိုင်ခဲ့ပါဘူး။

ဒီနေ့ပွဲမှာအာဆင်နယ်အသင်းရဲ့ ကြောက်စရာအကောင်းဆုံးအချိန် ၂ ချိန်ရှိပါတယ်။

ပထမအချိန်က ၂ – ၂ ဖြစ်နေချိန်မှာ အပေးအယူစိပ်စိပ်နဲ့  လီဗာပူးအသင်းကို ထိုးစစ်ဆင်တဲ့အချိန်ဖြစ်ပြီး ၊ ဒုတိယအချိန်ကတော့  ၃-၂ နဲ့နိုင်နေချိန်မှာ ၈၂ မိနစ်လောက်ကစပြီး လီဗာပူးလို High Press ဘုရင်အသင်းကို  Whole Team Combination နဲ့တားဆီးခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ ကြိုးကြာတို့ဟာ အနိုင်ကျင့်နေကျ ကလေးတစ်ယောက်အပေါ် လုပ်တိုင်းမဖြစ်တော့တဲ့အခါ ၊ အံ့သြစရာတုန့်ပြန်မှုကိုရင်ဆိုင်ရတဲ့အခါ ဘာဆက်လုပ်ရမှန်းမသိတော့ပဲ Idea Runout ဖြစ်သွားခဲ့ရပါတယ်။ တပွဲလုံးမှာလဲ အဆိုပါခံစားချက်က သူတို့ကိုလွှမ်းမိုးနေခဲ့ပုံရပါတယ်။ လီဗာပူးဟာ ဒီနေ့ အာဆင်နယ်ကို နိုင်အောင် ကစားနိုင်လောက်တဲ့စွမ်းဆောင်ရည်တွေရှိခဲ့ပါတယ်။ သို့သော် စိတ်ပိုင်းဖြတ်မှုအားကောင်းတဲ့ အာဆင်နယ်လူငယ်တွေဟာ Pressing တွေ Build Up တွေနဲ့  ပိုကောင်းတဲ့ ကစားသမားတွေပါဝင်တဲ့အသင်းကို  ကစားပုံအရလွှမ်းမိုးပြီး ရလဒ်အရလဲ အနိုင်ရအောင်ကစားခဲ့ပါတယ်။

Advertisements

ဒုတိယပိုင်းမှာ အာနိုးနဲ့ ဂိုးမက်ဇ်လူစားလဲမှုကလဲ အာဆင်နယ်အသင်းနဲ့ တိုက်စစ်ကို ပိုပြီးစိန်ခေါ်မှုများစေခဲ့ပါတယ်။ ဒါပေမယ့် ခွန်အားသုံးပြီး ခပ်ကြမ်းကြမ်းကစားခြင်းကသာ အဓိကနည်းစနစ်ဖြစ်ခဲ့တာကြောင့် အာဆင်နယ်တိုက်စစ်ကို အဆုံးထိမထိန်းနိုင်ခဲ့ပါဘူး။  ဒါကြောင့် ဖြတ်တင်ဘောလွတ်သွားတာကနေ ပင်နယ်တီရခဲ့ပြီး  ဆာကာက အပိုင်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

လုံးဝချန်ထားလို့မရတဲ့အချက်ကတော့ လီဗာပူးဟာ အာဆင်နယ်တို့ ကျဆုံးနေကျ ထောင်ချောက်ကိုပါအသုံးပြုခဲ့တယ် ဆိုတာပါပဲ။ ဂရန်းနစ်ရှာခါအပါအဝင် တသင်းလုံးကိုခပ်ကြမ်းကြမ်းကစားပြီး အမှားရှာခဲ့တာပါ။ သူတို့ရဲ့ ကြိုးစားမှုကအလုပ်မဖြစ်ခဲ့ပေမယ့် အာဆင်နယ်တို့အတွက် ရင်တမမဖြစ်ခဲ့ရတဲ့အခိုက်အတန့်ပါပဲ။

အရေးလဲကြီး အပ်ကြောင်းလဲထပ်နေတဲ့အကြောင်းနဲ့ပဲ ဆောင်းပါးကိုအဆုံးသတ်ရမယ်ဆိုရင်တော့ ပါတေးပဲဖြစ်ပါတယ်။

ပါတေးရဲ့ Transition  တွေ၊ ခန့်မှန်းရခက်တဲ့ Ball Direction တွေ၊ Tackle Touch က passing တန်းဖြစ်နေတာတွေကတော့ Outstanding  ဖြစ်လွန်းပြီး အယ်ကန်တာရာဦးဆောင်တဲ့ ကွင်းလယ်ကို တပွဲလုံးထိန်းသွားခဲ့တာပါပဲ။ ဘယ်ခြမ်းမှာကြပ်နေပြီဆိုရင် သပ်ရပ်လှတဲ့အဝေးဘောတွေပေးပို့ပြီး Side Change ပေးနိုင်ခဲ့တာကလည်းပွဲအတွက်အရေးကြီးခဲ့ပါတယ်။

ပြိုင်ပွဲကြီးရဲ့ လေးပုံတပုံနီးပါးမှာ အသင်းကြီး ၃ သင်းနဲ့လည်းကစားထားပြီးချိန်ထိ ၁ ပွဲသာရှုံးထားပြီး  အဆင့် ၁ နေရာမှာလည်း ရပ်တည်နေဆဲဖြစ်တာမို့  ပရိသတ်တွေအနေဲ့ ဘိသိတ်ခံ အိမ်မက်တွေစမက်လို့ရပြီလားဆိုတာကတော့ မေးခွန်းထုတ်ရတော့မှာဖြစ်ပါတယ်။ တစ်ပွဲစာအနေနဲ့ပြောရရင်လည်း ကိုယ့်ကို ဘယ်လိုအနိုင်ယူရမယ်ဆိုတာကို သိနေတဲ့နည်းပြနဲ့အသင်းကို  “ ဒီတစ်ခါတော့ မရတော့ဘူး “ ဆိုတဲ့ သတင်းပေးရင်း အနိုင် ၃ မှတ်ကိုရခဲ့တာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: