ဘီရတ်လည်း အငှားကစားသမားဘဝမှာ ခြေစွမ်းပြ
အသက် ၁၉ နှစ်အရွယ်ကစားသမားလေး မီကာဘီရတ်ဟာ နယ်သာလန်လိဂ်မှာ ၃ ပွဲသာ လူစားဝင်ကစားရသေးပေမယ့် ၂ ဂိုးထိသွင်းယူထားနိုင်ပြီဖြစ်ကြောင်းသိရပါတယ်။ RKC Waalwijk အသင်းမှာရာသီကုန်ထိရှိနေမယ့် လူငယ်လေးဟာ ဂရိုနင်ဂျန်အသင်းကို ၃-၂ နဲ့အနိုင်ရတဲ့ပွဲမှာ လူစားဝင်ပြီး ၂ ဂိုးသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဘီရတ်ဟာ U23 အသင်းမှာရှိစဥ်ကတည်းက ဂိုးများစွာသွင်းယူပေးထားနိုင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ မျှော်လင့်ခြင်းကိုရရှိထားသူလည်းဖြစ်ပါတယ်။
ဂန်းနားတို့အရှိန်ရနေလို့ အပျော်မလွန်ဖို့ ဆောင်းပါးရှင်သတိပေး
အားကစား Website တစ်ခုဖြစ်တဲ့ Last Words on Sports ရဲ့ဆောင်းပါးရှင် မာတင်ကီယာဒီ က ဂန်းနားတို့အနေနဲ့ ပုံစံကောင်းတွေရရှိနေပေမယ့် ယုံကြည်မှုလွန်ကဲသွားတာမျိုးဖြစ်မလာဖို့လဲ အရေးကြီးကြောင်းထောက်ပြလာခဲ့ပါတယ်။ သူ့ရဲ့ဆောင်းပါးမှာ လီဗာပူးလ်နဲ့ပွဲစဥ်တစ်ခုထဲအတွက်မဟုတ်ပဲ ရေရှည်အတွက်မှာလည်း ပြိုင်ပွဲကိုအာရုံစိုက်ဖို့လိုကြောင်း ၊ လီဗာပူးလ်ဟာ အသင်းကြီးတသင်းဖြစ်ဆဲဖြစ်ကြောင်းရေးသားထားတာဖြစ်ပါတယ်။
ဆာလီဘာဟာ မာန်မာန မထောင်လွှားပဲ လုပ်စရာရှိတာကိုလုပ်ခဲ့ကြောင်း အာတီတာ ချီးကျူး
နည်းပြအာတီတာက သူ့ရဲ့နောက်ခံလူဆာလီဘာဟာ မာန်မာန ထောင်လွှားမှုနဲပါးပြီး ၊ အလုပ်ကိုပဲအာရုံစိုက်တတ်သူဖြစ်ကြောင်း ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ “ သူက ကွင်းထဲမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ရရှိဖို့အကောင်းဆုံးကြိုးစားနေတဲ့သူပါ .. ကျော်ကြားမှုနောက်ကိုလဲ မလိုက်သလို စကားလဲအများကြီးမပြောပါဘူး … အလုပ်ကိုပဲဆက်တိုက်လုပ်နေတဲ့သူမျိုး ဖြစ်ပါတယ် “ လို့ဆိုခဲ့တာပါ။ ဒါ့အပြင် ဆာလီဘာကို အငှားချထားစဥ်ကာလအတွင်း အသင်းနဲ့ ကစားသမားကြားဆက်ဆံရေးအတွက်စိုးရိမ်ခဲ့မိတယ်လို့လည်း ထုတ်ဖော်ဝန်ခံထားခဲ့ပါတယ်။
ဂန်းနားပစ်မှတ်ဟောင်း မယ်လို လီဗာပူးလ်မှာ ဒဏ်ရာရလို့ အမ်းမရိတ်ပွဲစဥ်လွဲချော်
ဂန်းနားတို့ရဲ့ ပစ်မှတ်ဖြစ်ဖူးခဲ့တဲ့ လီဗာပူးလ်ကွင်းလယ်လူအာသာမယ်လိုဟာ ဒဏ်ရာကြောင့် ၃ လခန့်နားရတော့မှာဖြစ်ပြီး ၊ ဂန်းနားတို့နဲ့ရင်ဆိုင်ရမယ့်ပွဲမှာလည်း ပါဝင်လာဖို့မရှိကြောင်းသိရပါတယ်။ မယ်လိုဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အမ်းမရိတ်ဆီကိုရောက်လာဖို့ရေပန်းစားခဲ့တာဖြစ်ပေမယ့် ဂျူဗင်တပ်စ်အသင်းနဲ့ ညှိနှိုင်းမရခဲ့တာကြောင့် ယခုရာသီအစမှာ လီဗာပူးကိုသာရောက်ရှိခဲ့တာဖြစ်ပါတယ်။
အချက် ၂ ချက်ကိုသာ ကောင်းကောင်းကိုင်တွယ်နိုင်ရင် ဂန်းနားတို့ နောက်တဆင့်မရောက်စရာမရှိလို့ နာမည်ကျော်တင်ဆက်သူပြော
Sky Sports ရဲ့ တင်ဆက်သူ ဒါမက်သ်ဆက်ရှ်က အာဆင်နယ်အသင်းရဲ့အလားအလာအပေါ် အကောင်းမြင်လျှက်ရှိပြီး အကြံပြုချက်အနဲငယ်ကို ယခုလိုပြုလုပ်သွားခဲ့ပါတယ်။
“ သူတို့က ချန်ပီယံစိ်န်ခေါ်သူတွေ ဟုတ်မဟုတ်တော့ မပြောနိုင်ပါဘူး .. ဒါပေမယ့် လက်ရှိလုပ်ဆောင်နေတဲ့အရာတွေကို တစိုက်မတ်မတ်တိုးတက်နေစေပြီး ၊ အပြောင်းအရွှေ့တွေမှာ ဂျေးဆူကိစ္စလိုမျိုး ခေါ်ယူမှု မှန်ကန်ခဲ့မယ်ဆိုရင် တော့ ချန်ပီယံဆုကို ဘာလို့မမှန်းနိုင်ရမှာလဲဗျာ “ ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။