အာတီတာနဲ့ လီဗာပူးလ်ပွဲကြိုအင်တာဗျူး

လီဗာပူးလ်နဲ့ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မနေ့ကပြုလုပ်ခဲ့ပါတယ်။ လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့်အပေါ်  ဘာတွေပြင်ဆင်ထားလဲ၊ကစားသမားတွေကကော ဘယ်လိုရှိလဲဆိုတာ အာတီတာက ခုလိုဖြေကြားထားခဲ့ပါတယ်။

လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့်အပေါ် ဘယ်လောက်ထိ စောင့်မျှော်နေမိလဲ

“လိဂ်ရဲ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး  တကယ်ကိုစိတ်၀င်စားစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံတွေကို ထပ်ပြီးပြသနိုင်ဖို့ လိုအပ်ပါလိမ့်မယ်”

မနှစ်ကထက်စာရင် လက်ရှိအသင်းရဲ့စိတ်ဓာတ်ခွန်အား ဘယ်လိုရှိသလဲ

“ဒီနေ့မှာ ကျွန်‌တော်တို့ရှိနေတဲ့နေရာထက် ပိုကောင်းတဲ့နေရာကို ရောက်နိုင်တယ်ဆိုတာ ကျွန်တော်အမြဲသတိပြုမိပါတယ်။ဒါတင်မကပဲ နိုင်လိုစိတ်ပြင်းထန်တဲ့အသင်းတစ်သင်းတစ်ဖြစ်လာဖို့အတွက် ပိုပြီးအလုပ်ကောင်းကောင်းလုပ်ဖို့လိုပါတယ်။ အသင်းအတွက်စိန်ခေါ်မှုတွေကတော့ လာမယ့်သုံးရက်တိုင်းကစားရမယ့်ပွဲစဉ်တွေမှာ ဒီလိုဆက်ကြိုးစားနေဖို့ပဲ”

အသင်းရဲ့သတင်းတွေအပေါ် …

“မနက်ဖြန်မှာ ‌သတင်းတွေပိုသိရဖို့ရှိပါတယ်။‌နောက်ထပ်လေ့ကျင့်ခန်းဆင်းဖို့ ရှိနေပြီး နက်ဖြန်မှာ ပိုသတိရမှာပါ”

ဆာလီဘာရဲ့ဒီရာသီပုံစံအပေါ်

“ကွင်းထဲမှာ သူကိုယ်သူဖော်ပြခဲ့တဲ့ပုံစံတွေ၊တည်ငြိမ်မှုတွေ၊ဦးဆောင်နိုင်စွမ်းတွေဟာ တကယ်ကိုသဘာ၀ကျကျပါပဲ၊ဘာမှအပိုအလိုမပါပဲ သူကိုယ်တိုင်ကိုက ဒီလိုလူမျိုးဖြစ်နေတာပါ။တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပေမယ့် ကိုယ့်ကိုယ်ကုိယုံကြည်မှုမြင့်မားတဲ့ကစားသမားပါ”

ဆာလီဘာဟာ ဗန်ဒိုက်လိုဖြစ်လာမလား

“ဒါက‌တော့ တကယ်ကိုကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်မှာပါ။လက်ရှိသူရှိနေတဲ့နေရာအပေါ် ကျွန်တော်တို့အများကြီးပျော်ရွှင်မိပါတယ်။သူဟာ ဆာလီဘာပါ၊အခြားသူမဟုတ်ပါဘူး။သူရဲ့ကိုယ်ပိုင်ကစားသမားဘ၀ကို သူကိုယ်တိုင်ဖန်တီးဖို့ လိုပါလိမ့်မယ်”

လီဗာပူးလ်က ပုံစံကောင်းရဖို့ကြိုးစားနေရဆဲဆိုတဲ့အပေါ် ယာဂင်ကလော့ ၀န်ခံခဲ့တဲ့အပေါ်

“ကျွန်တော်တို့အသင်းလည်း ဒီလိုပါပဲ။ခင်ဗျားဆိုလည်း အမြဲပိုကောင်းလာချင်မှာပဲလို့ ကျွန်တော်ထင်ပါတယ်။ပိုပြီးတိုးတက်အောင်လုပ်ရမယ့် အားနည်းချက်တွေအကြောင်း ခင်ဗျားအမြဲကြားရပါမယ်။လီဗာပူးလ်က အံ့ဩဖို့ကောင်းတဲ့အသင်းတစ်သင်းပါ”

ဒီရာသီ လီဗာပူးလ်ရုန်းကန်နေတဲ့အပေါ် 

“လီဗာပူးက ဘယ်နေရာမှာလဲဆိုတာ ဆုံးဖြတ်ဖို့ ကျွန်တော်ဒီမှာရှိနေတာမဟုတ်ပါဘူး။ပြီးခဲ့တဲ့ငါးနှစ်မှာ သူတို့လုပ်ပြခဲ့တဲ့အရာတွေက ဘာမှထပ်ပြီးသက်သေပြစရာ မလိုပါဘူး။သူတို့ဟာ ပြီးခဲ့တဲ့ငါးနှစ်လုံး ပြိုင်ပွဲစုံ ထိပ်ဆုံးမှာရှိနေခဲ့ပါတယ်။ဒီတော့သူတို့ကို ချီးကျူးရမှာပါ”

လီဗာပူးလ်မှာ ကစားခဲ့ဖူးတာဆိုတော့ လီဗာပူးလ်ကို မာဆေးဆိုဒ်ဒါဘီပြိုင်ဘက်လိုမျိုး ခံစားရလား 

“အဲ့ဒီ့နေ့စွဲတွေကတော့ တကယ်ကို ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာပါ။လက်ရှိမှာတော့ ကျွန်တော်ဟာပွဲစဉ်တွေကို မတူညီတဲ့အမြင်နဲ့ ကြည့်ရပါတယ်။ပိုပြီး‌အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ရှိရပါမယ်။တနင်္ဂနွေမှာ သူတို့ကိုအနိုင်ယူဖို့ သင့်လျော်တဲ့ရှုထောင့်အမျိုးမျိုးကနေ ပြင်ဆင်ထားရပါတယ်။”

အာဆင်နယ်ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်တယ်ဆိုတဲ့ အာဆင်နယ်၀င်းဂါးရဲ့စကားအပေါ်

“အသင်းအကြောင်းကိုအများကြီးသိတဲ့၊ချစ်တဲ့သူတွေမှာ ဒီလိုအယူအဆရှိနေတာဟာ တကယ်မိုက်ပါတယ်။ ကျွန်တော်တို့ကတော့ ကံမကောင်းစွာနဲ့ပဲ ဒါဟာမှန်ကန်ကြောင်း ကွင်းထဲမှာ သက်သေပြရမှာပေါ့၊သူမှန်ကန်ပါစေလို့ မျှော်လင့်မိပါတယ်”အခြားသောအရာတွေအများကြီးမှာလည်း သူဟာအမြဲမှန်ကန်ခဲ့လေ့ရှိပါတယ်”

Advertisements
Advertisement

Leave a Reply

%d bloggers like this: