လိုကွန်ဂါ ဘာလိုနေလဲ

အာဆင်နယ်ဟာ ဘိုဒိုဂလင့်ကို (၃-၀)ဂိုးဆိုတဲ့ရလဒ်နဲ့ အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် ဂန်းနားပရိသတ်တွေကို အပြည့်အ၀မပျော်ရွှင်စေနိုင်ခဲ့သူကတော့ ဆမ်ဘီလိုကွန်ဂါပါပဲ။ ဒီမနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ လိုကွန်ဂါဟာ အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

အာတီတာဟာ အသင်းရဲ့ပထမလူစာရင်းကို ၈ယောက်အထိအပြောင်းအလဲလုပ်ပြီး နော်ဝေးကလပ်ကို ရင်ဆိုင်ခဲ့ပါတယ်။ဂျေးဆု၊ဆာကာ၊ပါတေး၊ဆလီဘာ၊ဇင်ချန်ကို၊အိုဒီဂတ်၊ရမ်ဒေးလ်၊ဘန်ဝှိုက်တို့ကို အနားပေးသွားခဲ့ပြီး တိုမီယာဆု၊တီယာနေးလ်၊လိုကွန်ဂါ၊အန်ကက်တီးယား၊ဗီအဲရာ၊မာကွင်ဟိုစ်၊ရော့ဘ်ဟိုးလ်ဒင်းတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

အန်ကက်တီးယား၊ရော့ဘ်ဟိုးဒင်းနဲ့အန်ကက်တီးယားတို့ရဲ့သွင်းဂိုးတွေနဲ့ အာဆင်နယ်ဟာ ဘိုဒိုဂလင့်ကို သက်တောင့်သက်သာနဲ့အနိုင်ရခဲ့ပြီး ပွဲထွက်ခွင့်ရခဲ့တဲ့အမြှောက်တပ်သားတွေဟာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဒါပေမယ့် လိုကွန်ဂါကတော့ ကွင်းလယ် No.6 roleမှာ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။

ဒါကြောင့်ပွဲအပြီးမှာတော့ အာဆင်နယ်ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာစာမျက်နှာတွေပေါ်မှာ”အာဆင်နယ်မှာ သူရဲ့အနာဂတ်မရှိသင့်ဘူး ဘောလုံးအမြင်မရှိဘူးစသဖြင့် လိုကွန်ဂါရဲ့ ခြေစွမ်းကို ဝေဖန်ခဲ့ကြပါတယ်။

ဒီရက်ပိုင်းမှာလဲ အီတလီဖက်ကသတင်းတွေအရ လိုကွန်ဂါဟာ  ကွင်းလယ်လူသစ်ခေါ်ယူရေး အတွက် အစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်ကြောင်း  ခန့်မှန်းရေးသားမှုတွေထွက်ပေါ်လျှက်ရှိပါတယ်။

Advertisements

လိုကွန်ဂါက အစွမ်းပြခွင့်လုံးဝမရတာမျိုးတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီမှာလည်း ပါတေးမပါ၀င်နိုင်တဲ့ပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့သလို အသင်းဟာလည်း ရုန်းကန်ခဲ့ရပါတယ်။ အချို့ပွဲစဥ်တွေမှာဆိုရင် ပေးဂိုးတွေက သူ့ဆီကစတင်ခဲ့တာပါ။  ဒါ့ကြောင့် ပရိသတ်တွေဟာ လိုကွန်ဂါရဲ့ခြေစွမ်းအပေါ် အားမလိုအားမရ ဖြစ်နေကြတာပါ။

လိုကွန်ဂါဟာ မနှစ်ကနွေမှာ အန်ဒါလက်ခ်ျကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မန်စီးတီးဂန္တ၀င် ဗင်းဆင့်ကွန်ပနီက ယာယာတိုရေးလက်သစ်လို့ ချီးကျူးထားတဲ့ လူငယ်လေးလည်း ဖြစ်ပါတယ်။လိုကွန်ဟာ ခြေစွမ်းခြေစရှိပေမယ့် အတွေ့အကြုံနုနုယ်မှုကြောင့် ကွင်းအတွင်းယုံကြည်မှုအားနည်းနေပြီး ပြတ်ပြတ်သားသားဆုံးဖြတ်ချက်မချနိင်တာ၊ အကွက်မြင်မြင်ဘောလုံးပေးပို့မှုတွေမပြုလုပ်နိုင်တာစတဲ့ အားနည်းချက်တွေ ရှိနေခဲ့ပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲဟာ ဘယ်လ်ဂျီယံသားလေးအတွက် အတွေ့အကြုံကောင်းတွေရှာဖေဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်လာမှာပါ။ နောက်လာမယ့်သီတင်းမှာတော့ အာဆင်နယ်ဟာ ဘိုဒိုဂလင့်ရဲ့အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

လာမယ့်ယူရိုပါလိဂ်ပွဲစဉ်တွေမှာ လိုကွန်ဂါအနေနဲ့ ပရိသတ်တွေကို စိတ်ပျက်အောင် ထပ်မလုပ်မိဖို့၊ပရိသတ်တွေကလည်း သူ့အပေါ် အချိန်တစ်ခုအထိ စောင့်ကြည့်ပေးဖို့တော့ လိုပါလိမ့်မယ်။ ထိုနည်းတူစွာ လိုကွန်ဂါဖက်ကလည်း အစွမ်းပြသနိုင်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ ပရီးမီးယားလိ်ဂ်နဲ့ဝေးရာကိုရောက်သွားဖို့တော့ရှိပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: