“အာဆင်နယ်ဟာ ရှာကာရဲ့အိမ်ပါ” – တင်ရှားဝုဒ်

ဒီရာသီမှာ ကျွန်တော်တို့ဟာ အရင်နှစ်တွေက‌နဲ့ မတူညီတဲ့ရှာကာကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ခံစစ်ဘယ်အစွန်နေရာမှာရှိနေတဲ့ ဇင်ချန်ကိုက အသင်းရဲ့ကွင်းလယ်ကိုဖြည့်ဆော့ပေးတာကြောင့် ရှာကာဟာ တိုက်စစ်ကို ပိုလိုက်ပါခွင့်ရခဲ့ပြီး သွင်းဂိုးတွေလည်း ရယူထားနိုင်ခဲ့ပါတယ်။ဂိုးဖန်တီးမှုတွေ ပိုပြီးပြုလုပ်နိုင်ဖို့လည်း ဆွစ်ဇာလန်သားကြီးဟာ ပိုကြိုးစားလာတာကို တွေ့ရပါတယ်။ 

ကျန်ခဲ့တဲ့ဘောလုံးရာသီတွေမှာ လူတကာဆီကနေ ပုံစံမတူနဲ့ ဝေဖန်ပစ်တင်မှုတွေကိုရရှိခဲ့တဲ့ ရှာခါဟာ  ယခုရာသီမှာတော့ မကြာခနချီးကျူးခံနေရပါတယ်။  ဒီအထဲမှာ ပြိုင်ဆိုင်မှုပြင်းထန်လှပါတယ်ဆိုတဲ့ မြောက်လန်ဒန်အရပ်က ကစားသမားများ

ပြီးခဲ့တဲ့ရာသီတွေမှာ အသင်းရဲ့ကွင်းလယ်ကနေ သွင်းဂိုးရယူနိုင်မှု နည်းပါးခဲ့တာကို ဒီရာသီမှာတော့ အာတီတာဟာ ပြင်ဆင်နိုင်ဖို့ကြိုးစားနေခဲ့တာကို တွေ့ခဲ့ရပါတယ်။ စပါးနဲ့လန်ဒန်ဒါဘီပွဲစဉ်မှာ ပါတေးက ဂိုးပေါက်နဲ့၂၅ကိုက်အကွာကနေ လှလှပပဂိုးသွင်းယူနိင်ခဲ့ပြီး အိုဒီဂတ်က ဂါနာသားကြီး ဒီလိုဂိုးသွင်းနိုင်ဖို့ ကြိုတင်လေ့ကျင့်ခဲ့ပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။

အိုဒီဂတ်ဟာလည်း ဒီရာသီမှာသွင်းဂိုး၃ဂိုးရယူထားခဲ့ပါပြီ။ ပရီးမီးယားလိဂ်မှာ နှစ်ပွဲသာကစားခွင့်ရထားသေးတဲ့ ဗီအဲရာဟလည်း တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးပါပြီ။ဒီရာသီမှာ ဆာကာရဲ့သွင်း‌ဂိုးတွေကို အများကြီးမမြင်ထားရသေးပေမယ့် ကွင်းလယ်ကတော့ ဂိုးတွေပိုသွင်းလာနိုင်ခဲ့တာဟာ တကယ်ကောင်းတဲ့အချက်ပါပဲ။

ပြီးခဲ့တဲ့ရာသီမှာ ရှာကာဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ပွဲကစားခဲ့ပြီး ၁ဂိုးသွင်း၊ဂိုးဖန်တီးမှုတစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့်ဒီရာသီမှာ‌တော့ ပရီးမီးယားလိဂ်ပွဲစဉ်၈ပွဲအပြီးမှာ  ၂ဂိုးသွင်း၊၃ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပါတယ်။နောက်လာမယ့်ပွဲစဉ်တွေမှာလည်း သူရဲ့သွင်းဂိုးတွေနဲ့ဂိုးဖန်တီးမှုတွေကို ကျွန်တော်တို့ဆက်ပြီး မြင်တွေ့ရဖို့ ရှိနေပါတယ်။

ရှာကာဟာ ပိုပြီးကောင်းမွန်လာတဲ့၊တည်ငြိမ်လာတဲ့ ‌ခြေစွမ်းမျိုးကို ဒီရာသီမှာ ပြသထားနိုင်ခဲ့သလို အရင်လို စိတ်လိုက်မာန်ပါဆုံးဖြတ်ချက်ချတာမျိုးတွေကိုလည်း လက်ရှိအချိန်အထိတော့ မတွေ့မြင်ရသေးပါဘူး။

Advertisements

ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ ပရိသတ်တွေနဲ့ပြန်ပြီး အဆင်ပြေစပြုခဲ့တဲ့ ရှာကာဟာ ဒီရာသီမှာလည်း ပရိသတ်တွေနဲ့ အကောင်းဆုံးဆက်ဆံရေးအခြေအနေတွေမှာ ရှိနေပါတယ်။အသင်းကို ကပ္ပတိန်အဖြစ်နဲ့ရော၊စီနီယာကစားသမားကြီးအနေနဲ့ပါ အကောင်းဆုံးဦးဆောင်နေတဲ့၊အသင်းဖော်တွေကို အမြဲအကာအကွယ်ပေးနေတဲ့ နှလုံးလှလူမိုက်ကြီးကို ပရိသတ်တွေဟာ အခုချိန်မှာ ဘယ်လိုအမုန်းတရားမှမရှိတော့ပါဘူးလို့ ဆိုရမှာပါ။

အမ်းမရိတ်ကွင်းကြီးထဲမှာ သူ့အတွက် ပရိသတ်တွေရဲ့လက်ခုပ်သံတွေ၊သံပြိုင်ဆို‌နေတဲ့သီချင်းသံကြားရဦးမယ်လို့ ရှာကာကိုယ်တိုင်ရော၊ကျွန်တော်တို့ကိုယ်တိုင်ပါ မမျှော်လင့်ခဲ့ကြပါဘူး။

စပါးကစားသမားဟောင်းဖြစ်သူ တင်မ်ရှားဝုဒ်က အာဆင်နယ်ရဲ့ ရှာကာရဲ့အိမ်ဖြစ်တယ်လို့ အစချီပြီး မြို့ခံပြိုင်ဘက်ရဲ့ကစားသမားကို ရှားရှားပါးပါး ချီးကျူးစကားဆိုလာခဲ့ပါတယ်။

ရှာကာဟာ အာဆင်နယ်ထက်ပိုကြီးတဲ့ ကလပ်အသင်းတစ်သင်းမှာ ကစားမှာမဟုတ်ပါဘူး။အာဆင်နယ်ဟာ သူ့ရဲ့အိမ်လို့ ကျွန်တော်ထင်ပါတယ်။သူဟာ သူရဲ့မာန်မာနတွေကို ချိုးနှိမ်ရမယ်ဆိုတာ နားလည်ခဲ့ပါတယ်။ကျွန်တော်သူ့ကို အများကြီူလေးစားမိပါတယ်လို့တော့တင်ဟမ်ကစားသမားဟောင်းကြီးက ဆိုပါတယ်။

ရှာကာဟာ အသင်းကနေထွက်ခွာတော့မယ်ဆိုတဲ့ ကောလဟာလတွေကို ကျွန်တော်တို့မေ့ပစ်ရမယ့်အချိန်ရောက်လာခဲ့ပါပြီ။ ဆွစ်ဇာလန်သားကြီးဟာ  သူ့ရဲ့ကစားသမားဘ၀ကို ဂန္တ၀င်ဂန်းနားတစ်ယောက်အနေနဲ့ အမ်းမရိတ်မှာပဲ ခမ်းခမ်းနားနားကန့်လန်ကာကျချနိုင်ဖို့ အရိုးသားဆုံးမျှော်လင့်နေမိပါတယ်။ ပွဲကြီးတွေမှာ ဂိုးသွင်းတတ်ရဲ့ ရှာခါတစ်ယောက် ပွဲကြပ်ကာလမှာဘယ်လိုတွေဆက်ပြီးအစွမ်းပြဦးမလဲဆိုတာ စောင့်ကြည့်ရမယ်ထင်ပါတယ်။

  •  
Advertisements
Advertisement

Leave a Reply

%d bloggers like this: