“ကျွန်တော်တို့ အိမ်စာလုပ်ထားပါတယ်” ဆိုတဲ့အာတီတာနဲ့ပွဲကြိုအင်တာဗျူး

မြန်မာစံတော်ချိန်သောကြာနေ့မနက် ၁နာရီ၁၅မိနစ်အချိန်မှာ အာဆင်နယ်ဟာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ အာကေဘိုဒိုဂလင့်ကို ဧည့်ခံရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှ မီဒီယာတွေနဲ့အာတီတာတို့ရဲ့ အမေးအဖြေအချို့ကို ဂန်းနားပရိသတ်များဖတ်ရှုနိုင်ဖို့ ကောက်နှုတ်တင်ဆက်ပေးလိုက်ရပါတယ်။

ဘိုဒို/ဂလင့်ကို ရင်ဆိုင်ရမယ့်အပေါ် 

“ကျွန်တော်တို့အိမ်စာလုပ်ထားပါတယ်။အထူးသဖြင့် ကျွန်တော်တို့ ရင်ဆိုင်ရမယ့်ပြိုင်ဘက်အသင်း၊သူတို့ရဲ့သမိုင်းကြောင်းနဲ့ပြီးခဲ့တဲ့နှစ်တွေမှာ သူတို့လုပ်ပြခဲ့တဲ့အရာတွေကို ကျွန်တော်တို့ရဲ့ကစားသမားတွေ သတိထားမိအောင် ပြင်ဆင်ပေးခဲ့တယ်။ပြီးတော့ ကျွန်တော်တို့အသင်းမှာ ပြိုင်ဘက်အကြောင်းကောင်းကောင်းနားလည်တဲ့ မာတင်(အိုဒီဂတ်)လည်း ရှိနေတယ်။မနက်ဖြန်ဟာ ခက်ခဲတဲ့ပွဲစဉ်ဖြစ်မယ်ဆိုတာကို အသင်းသားတွေနားလည်ဖို့ မာတင်ဟာ အ၀တ်လဲခန်းထဲမှာ အိမ်စာလုပ်ထားခဲ့ပြီးပါပြီ”

အသင်းရဲ့လူစာရင်းကို အပြောင်းအလဲလုပ်ရမယ့်အပေါ်

“အသင်းဟာ အရှိန်အဟုန်မပြတ် ဆက်သွားနေအောင် ကျွန်တော်တို့ လူစာရင်းကိုအပြောင်းအလဲလုပ်ဖို့ ကြိုးစားကြည့်ရပါမယ်။ဒီလိုလုပ်ဖို့အတွက် နေ့တိုင်းမှာကောင်းကောင်းလေ့ကျင့်နေဖို့လိုတယ်။ကိုယ့်တာ၀န်အပေါ်၊ကိုယ်လုပ်နေတဲ့အရာတိုင်းအပေါ် အာရုံစိုက်ထားဖို့လိုသလိုဆက်ပြီးနှိမ့်ချနေဖို့လည်း လိုပါတယ်။ကျွန်တော်တို့မှာ ပိုပြီး ကောင်းလာအောင်လုပ်ရမယ့်အရာတွေ၊နေ့တိုင်းမှာပိုကောင်း‌လာချင်တဲ့စိတ်ဆန္ဒတွေနဲ့အသင်းရဲ့ကစားသမားတွေကြားပြိုင်ဆိုင်မှုတွေပိုပြင်းထန်လာဖို့တွေ လိုအပ်ပါသေးတယ်။ဘာလို့လဲဆိုတော့ မနက်ဖြန်ပွဲမှာ အာလုံးက ၀င်ကစားချင်နေကြပါတယ်”

ဆာလီဘာ၊မာတင်နယ်လီနဲ့ဆာကာတို့ရဲ့ စာချုပ်သစ်အခြေအနေ

“အနာဂတ်အတွက် ကျွန်တော်တို့ သေချာပေါက်အစီအစဉ်ချရမှာပါ။ဒီအတွက် ကျွန်တော်တို့အားလုံး အလုပ်လုပ်နေပါတယ်။အီဒူးကတော့ ထိပ်ဆုံးကနေကြိုးစားနေရတာပေါ့။မှန်မှန်ကန်ကန်၊မျှမျှတတာလုပ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။အကောင်းဆုံးနည်းလမ်းနဲ့ အစီအစဉ်ချပြီး အသင်းရဲ့အနာဂတ်အတွက် အများကြီးအရေးပါတယ်လို့ယူဆရတဲ့ ကစားသမားတွေကိုဂုဏ်ပြုနိုင်အောင် ကြိုးစားနေပါတယ်”

ဘိုဒိုဂလင့်ရဲ့အဆင့်ကို ဒီရာသီမှာ အာဆင်နယ်ရင်ဆိုင်ခဲ့ရတဲ့အခြားပြိုင်ဘက်အသင်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်‌

“(ပြိုင်ဘက်ဟာ) အရမ်းကိုအဆင့်မြင့်ပါတယ်”

Advertisements

ယူရိုပါလိဂ်ကို ဘယ်လိုဦးစားပေးထားသလဲ

“ဒီပြိုင်ပွဲက ကျွန်တော်တို့အတွက် အရမ်းအရေးပါပါတယ်။အုပ်စုထိပ်ဆုံးမှာရှိနေဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာလည်းသိပါတယ်။ပြိုင်ပွဲဟာ ခက်ခဲတာမို့ အိမ်ကွင်းအားသားချက်ကို အသုံးပြုနိုင်ရပါမယ်။ဒါကြောင့် မနက်ဖြန်ပွဲစဉ်က ကျွန်တော်တို့အတွက် သိပ်အရေးကြီးပါတယ်”

စိုးရိမ်မိတဲ့ ဘိုဒိုကစားသမားတွေရှိလား

“သူတို့မှာ တကယ်ကောင်းတဲ့ ကစားသမားအချို့ရှိပါတယ်။တကယ်ကောင်းတဲ့ နည်းပြလည်းရထားတယ်။တိကျတဲ့ကစားဟန်လည်းရှိတယိ။သူတို့ဘာကိုကြိုးစားနေလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ကျွန်တော် သူတို့ကိုအထင်ကြီးမိပါတယ်”

သောမတ်စ်ပါတေးအပေါ်

“ပြီးခဲ့တဲ့လအနည်းငယ်လောက် သူဟာ တသမတ်တည်းမရှိခဲ့ဘူး၊အထူးသဖြင့်ဒဏ်ရာတွေကြောင့်ပေါ့။သူဟာ ပွဲစဉ်တွေမှာ ပါလိုက်မပါလိုက်ဖြစ်နေပြီး တော့တင်ဟမ်နဲ့ပွဲစဉ်မှာတော့ ခြေစွမ်းကောင်းတစ်ခုပြသနိုင်ခဲ့တယ်။သူဟာ အသင်းကို တကယ်ကိုကောင်းမွန်တဲ့နည်းလမ်းနဲ့ ကူညီပေးနိုင်ခဲ့ပါတယ်။သူရဲ့စွမ်းဆောင်ရည်အပေါ် ကျွန်တော်တို့ တကယ်ပဲပျော်ရွှင်မိပါတယ်”

ပါတေးရဲ့ဒဏ်ရာပြဿာနာအပေါ်

“သူအဆင်ပြေပုံပါပဲ။သူလိုအပ်နေတာက ပုံမှန်ကစားဖို့၊ဒီခြေစွမ်းကို အမြဲ တသမတ်တည်းထိန်းထားနိုင်ဖို့ပါပဲ”

Advertisements
Advertisement

Leave a Reply

%d bloggers like this: