“အာဆင်နယ်ကို လာဖို့ကစားသမားတွေ စောင့်နေကြပြီ” – အီယန်ရိုက်

ဂန်းနားဟောင်းကြီးအီယန်ရိုက်က အာဆင်နယ်ဟာဒီရာသီကုန်မှာ ချန်ပီယံလိဂ်၀င်ခွင့်ရခဲ့မယ်ဆိုရင် အသင်းဆီလာချင်တဲ့ကစားသမားတွေအများအပြားရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာရပ်တည်နေတဲ့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာအတွက်သာမဟုတ်ပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးကိုပါ ဖိအားပေးလာနိုင်ဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီကုန်မှာ အာဆင်နယ်ချန်ပီယံလိဂ်၀င်ခွင့်မရခဲ့ပေမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာလိုချင်တဲ့ပစ်မှတ်ကစားသမားတွေကို အရခေါ်နိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ လာမယ့် ဒီရာသီကုန်မှာသာချန်ပီယံလိဂ်၀င်ခွင့်ရခဲ့ရင် အာဆင်နယ်ကိုလာဖို့စောင့်နေတဲ့ကစားသမားတွေရှိတယ်လို့ အီယန်ရိုက်က အခိုင်အမာဆိုပါတယ်။ ဒါပေမယ့် ဘယ်သူတွေလဲဆိုတာကိုတော့ ဂန်းနားဟောင်းကြီးက မပြောသွားခဲ့ပါဘူး။

ဒီအကြောင်းတွေကို အားကစားအစီအစဉ်တစ်ခုမှာ အီယန်ရိုက်ဟာ တင်ရှားဝုဒ်၊ ကယ်လီကိတ်စ်တို့နဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အီယန်ရိုက်က အာဆင်နယ်နဲ့ပတ်သက်ပြီး

အာဆင်နယ်သာ ဒီရာသီကုန်မှာချန်ပီယံလိဂ်၀င်ခွင့်ရရင် စောင့်နေမယ့်အရာ တွေရှိလိမ့်မယ်ဆိုတာ ကျွန်တော်သိ…” ဆိုပြီး စကားမဆုံးသေးခင်မှာ

အိုး …  ဟယ်လို၊ဘယ်အရာတွေက စောင့်နေတာတုန်းလို့ ကိတ်စ်ကကြားဖြတ်မေးလိုက်ချိန်မှာ အီယန်ရိုက်ကလှောင်ပြုံးပြုံးပြီး

ကျွန်တော်ဘာကိုမှ မပြောပြနိုင်ပါဘူး။ ဒါပေမယ့် ရာသီကုန်မှာ အာဆင်နယ်ဟာချန်ပီယံလိဂ်၀င်ခွင့်ရခဲ့ရင် ဒီရာသီဟာ အာဆင်နယ်အတွက် တကယ်ကိုကြီးမားတဲ့သင်ယူစရာအချို့အကွေ့တစ်ခုဖြစ်လာမှာပါ လို့ပြန်ဖြေခဲ့ပါတယ်။

ခင်ဗျားက မရေရာမသေချာတာတွေ ပြောနေတာပဲလို့ ကိတ်ကပြန်ပြောချိန်မှာ အီယန်ရိုက်က ခုလိုပြန်တုံ့ပြန်ခဲ့ပါတယ်။

ကျွန်တော်အများကြီးတော့မပြောနိုင်ပါဘူး။အခုမှရှစ်ပွဲပဲ ရှိပါသေးတယ်။ရှစ်ပွဲပဲကစားရသေးတာတောင် အာဆင်နယ်ကိုလာဖို့စောင့်နေတဲ့ကစားသမားတွေရှိပါတယ်

အာဆင်နယ်ဆီလာဖို့ စောင့်နေတဲ့ကစားသမားတွေက ဘယ်သူတွေလဲဆို‌တာတော့ အီယန်ရိုက်ကပြောမသွားခဲ့ပါဘူး။ဘာပဲဖြစ်ဖြစ် အခုလို အာဆင်နယ်ဆီလာဖို့ စိတ်၀င်စားနေတဲ့၊အာဆင်နယ်နဲ့ချန်ပီယံလိဂ်ကစားဖို့ စိတ်အားထက်သန်နေသူတွေရှိတယ်ဆိုတာကတော့ ၀မ်းသာစရာပါ။ဒီရာသီကုန်မှာတော့ အသင်းဟာ ကာလရှည်ဝေးကွာနေတဲ့ ချန်ပီယံလိဂ်၀င်ခွင့်ကို ပြန်ပြီးရယူနိုင်ဖို့လည်း မျှော်လင့်ရပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: