ပါတေးမနာရေး နဲ့ ဂန်းနားတို့ရဲ့အောက်တိုဘာခရီး

အာဆင်နယ်ဟာ အောက်တိုဘာစာမေးပွဲကို မြောက်လန်ဒန်ဒါဘီနိုင်ပွဲနဲ့ တာထွက်လှထားခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ လာမယ့် သီတင်းပတ်မှာပါ လီဗာပူးလ်ကိုဆက်အနိုင်ယူဖို့ လုံလောက်တဲ့ စိတ်ဓာတ်ခွန်အားဖြစ်လာမှာပါ။

NLDကို အနိုင်ရဖို့ လုံလောက်တဲ့စိတ်ဓာတ်ခွန်အားကတော့ ပွဲထွက်လူစာရင်းမှာ ပါတေးပါ၀င်လာနိုင်ခဲ့တာပါပဲ။ဒီရာသီမှာ ဂါနာသားကြီးပါ၀င်တဲ့ပွဲစဉ်တိုင်း အာဆင်နယ်ဟာ ပြိုင်ဘက်တွေကို ပြတ်သားတဲ့အနိုင်ရလဒ်တွေနဲ့ အနိုင်ရခဲ့တာချည်းပါပဲ။ဒါကြောင့် ” ပါတေးပါရင် နိုင်ပြီဟေ့ “ ဆိုပြီး ကစားပွဲမှာ အနိုင်ရတော့မယ်ဆိုတဲ့စိတ်မျိုးကို အမြဲခံစားရပါတယ်။ဒါပေမယ့် ဒီအချက်က ကောင်းလှတယ်တော့မဟုတ်ပါဘူး .. ကိုယ့်ဆရာ ယာကူဘူ (ခေါ်) ပါတေးဆိုတာ ဗလတောင့်သလောက်  မကြာခနဒဏ်ရာ ရတတ်တာဖြစ်ပါတယ်။ ဘယ်နေ့ ဘယ်အချိန်မှာ “ လေ့ကျင့်ရေးကွင်းမှာ ပါတေး ဒဏ်ရာရ “ ဆိုတာကြီးကို ဖတ်ရမလဲလန့်နေရတာမျိုး။ ဒါပေမယ့် မြောက်လန်ဒန်ဒါဘီမှာတော့ ပါတေးတစ်ယောက်အစွမ်းပြခဲ့ပါပြီ။

ပွဲချိန်မိနစ်၂၀အရောက် ဂိုးပေါက်နဲ့၂၅ကိုက်အကွာလောက်ကနေ ပါတေးကန်သွင်းလိုက်ချိန်မှာ အားလုံးမင်သက်သွားခဲ့ရပါတယ်။ အဝေးကန်ချက်တွေ ညံ့တယ်လို့ အမြဲဝေဖန်ခံနေရတဲ့သူကြီးဟာ သွင်းမယ့်သွင်းတော့လည်း မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာမှ  တိကျလှပလွန်းတဲ့အဝေးကန်ချက်နဲ့ အဖွင့်ဂိုးကိုသွင်းယူခဲ့ပါတယ်။ဒါဟာ သူ့ရဲ့အာဆင်နယ်ကစားသမားဘ၀မှာ ပထမဆုံး အဝေးကန်ချက်နဲ့ရယူခဲ့တဲ့ သွင်းဂိုးပါပဲ။

Advertisements

ပွဲအပြီးမှာတော့ အိုဒီဂတ်က ပါတေး ဒီလိုဂိုးသွင်းယူနိုင်ဖို့ ပွဲမတိုင်မီကတည်းက ကြိုတင်ပြင်ဆင်ခဲ့ပြီးသားဖြစ်တယ်လို့ ဆိုလာခဲ့ပါတယ်။

တကယ်ကိုကောင်းတဲ့သွင်းဂိုးတစ်ဂိုးပါ။ပွဲမစခင်ကတည်းက ပါတေးအတွက် အချို့ဧရိယာတွေမှာ နေရာလွတ်တွေရှိနေမယ်ဆိုတာကို ကျွန်တော်တို့ကြိုသိခဲ့တယ်။ဒီတော့ သူအဲ့ဒီနေရာလွတ်တွေကနေ ဂိုးသွင်းနိုင်အောင် ကြိုလေ့ကျင့်ခဲ့ပြီး သူကလည်း တကယ်လှတဲ့သွင်းဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့ပါတယ်

သူဟာ တကယ်ကောင်းတဲ့ပွဲစဉ်တစ်ပွဲကို ကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။အနိုင်ရလဒ်အတွက် ပါတေးကိုရော၊ကျန်တဲ့အသင်းသားတွေကိုပါ ချီးကျူးသွားရမှာပါ လို့ဂန်းနားကပ္ပတိန်ကဆိုပါတယ်။ Transitional Play ကောင်းတယ် ၊ တဖက်အသင်းတိုက်စစ်ကို ကြားဖြတ်ဟန့်တားနိုင်သလို တစ်ဦးခြင်းလဲ ကျော်ဖို့မလွယ်။ ဒီအကြောင်းတွေကို ဘယ်နှကြိမ်လောက် ကျွန်တော်တို့တွေ ပြန်ပြောနေရဦးမှာလဲ။

ဒီအနိုင်ရလဒ်ကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်၈ပွဲကစားပြီးချိန်မှာ ၇ပွဲနိုင်၊၁ပွဲရှုံးဆိုတဲ့ရလဒ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရာမှာ ဆက်လက်ရပ်တည်ထားနိုင်ခဲ့ပါတယ်။

အရှုံးဆိုတာဘာမှန်းမသိ‌သေးဘူးဆိုတဲ့ ကွန်တီရဲ့တော့တင်ဟမ်ကတော့  အမ်းမရိတ်ရဲ့အမြှောက်သံတွေအောက်မှာ ဒူးထောက်ပြီး အမှတ်ဗလာနဲ့အိမ်ပြန်ခဲ့ရပါတယ်။ ဒီအတွက်ပါတေးရဲ့ ဂိုးကိုရော ၊ ကစားပုံကိုပါ ကျေနပ်ရမှာဖြစ်ပြီး တစ်ရာသီလုံးအခုလို အင်ပြည့်အားပြည့် ကစားနိုင်ဖို့တော့ ဆုတောင်းကြရမှာပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: