ဆာကာ တစ်ခုခုလုပ်ပြလိမ့်မယ် – ဟယ်ရီရ​က်ဒ်နက်

တော့တင်ဟမ်နဲ့အင်္ဂလန် မန်‌နေဂျာဟောင်းဖြစ်သူ ဟယ်ရီရက်ဒ်နပ်က လာမယ့်စနေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်နဲ့စပါးတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ စပါးကို ဒုက္ခပေးနိုင်တဲ့အာဆင်နယ်ကစားသမားဟာ ဆာကာဖြစ်တယ်လို့ ဆိုလာခဲ့ပါတယ်။

ပြိုင်ဘက်နောက်တန်းကစားသမားတွေက အန္တရာယ်တစ်ခုလို အမြဲမြင်လေ့ရှိတဲ့ အာဆင်နယ်ကစားသမားကတော့ ဆာကာပါပဲ။ သူရှိနေတဲ့ အာဆင်နယ်ညာတောင်ပံတိုက်စစ်မှာ ပြိုင်ဘက်ကစားသမား နှစ်ယောက်၊ သုံးယောက်လောက်က သူ့ကိုထိန်းချုပ်ဖို့ကြိုးစားရင်း အမြဲအလုပ်များနေတတ်ပါတယ်။ သူ့ကို အစွမ်းပြဖို့ ဂန်းနားပရိတ်သတ်တွေမျှော်လင့်နေကြပေမယ့် တဖက်အသင်းရဲ့ Fear Factor ဖြစ်တဲ့လူငယ်လေးဟာ  အနားမှာ နောက်ခံလူ ၂ ယောက်ကအနဲဆုံးရှိနေလို့ စိတ်ထင်တိုင်းလုပ်ပြဖို့တော့ခက်ပါတယ်။ ဒီလိုနဲ့ပဲ ဆာကာဟာ အာဆင်နယ်အတွက် ၁၄၃ ပွဲကစားပြီး ၂၅ ဂိုးထိသွင်းယူထားခဲ့ပြီးပါပြီ။

အာဆင်နယ်ရဲ့ တစ်ရာသီအကောင်းဆုံးကစားသမားဆုကို နှစ်နှစ်ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ဆာကာဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ အင်္ဂလန်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်တွေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နေရှင်းလိဂ်ပွဲစဉ်တွေဟာ ဆာကာဟာ အင်္ဂလန်ရဲ့ ပွဲစဉ်နှစ်ခုလုံးမှာ ကစားခဲ့ရပါတယ်။အီတလီကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဆာကာဟာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် သူကစားနေကျမဟုတ်တဲ့ LWB နေရာမှာ ကစားခဲ့ရတာကြောင့် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

ဂျာမနီနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာတော့ ဆာကာဟာ ဒုတိယပိုင်းမှာ လူစား၀င်လာခဲ့ပြီး ဂျာမနီကစားသမားသုံးယောက်လောက်ကို ကျော်ဖြတ်ကာ အသင်းဖော်ဖြစ်သူ မေဆင်မောင့်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ဂျာမနီနဲ့ပွဲစဉ်က ဆာကာရဲ့ခြေစွမ်းကို ရက်ဒ်နပ်ဟာ အထူးတလည်ချီးကျူးလာခဲ့ပြီး ဆာကာဟာ စပါးကိုဒုက္ခပေးမယ့် ကစားသမားဖြစ်တယ်လို့ ဆိုလာခဲ့ပါတယ်။

ပြစရာ ကစားသမားတွေကတော့ အများကြီးပါပဲ။ဒါပေမယ့် ဆာကာကိုပဲ လက်ညှိုးထိုးပြရမှာပါ။သူဟာ ပြီးခဲ့တဲ့ရက်က အင်္ဂလန်အတွက်လူစား၀င်လာခဲ့ပြီး တကယ်ကောင်းတဲ့ ပုံစံတစ်ခုမှာရှိနေခဲ့တယ်။သူဟာ ဘောလုံးကိုင်ပြီး (ပြိုင်ဘက်ကစားသမားတွေကြား)ပြေးလွှားပြနေခဲ့တာပါ။ဒီ weekendမှာ သူဟာ တကယ်အန္တရာယ်များတဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့ ရက်ဒ်နပ်က ဆိုပါတယ်။

ဆာကာကို ဆုဖလားအောင်မြင်မှုတွေအတွက် အာဆင်နယ်ကနေ ထွက်ခွာဖို့ ‌သွေးထိုးလှုံ့ဆော်နေသူတွေဟာလည်း အများအပြားပါပဲ။ဂန်းနားအကယ်ဒမီထွက်သမားလေးကို မန်စီးတီး၊လီဗာပူးလ်တို့က စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေဟာလည်း ထွက်ပေါ်နေခဲ့ပြန်ပါတယ်။အာတီတာနဲ့အီဒူးတို့ကတော့ ဆာကာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေကြပါတယ်။အဆင်ပြေဖို့ပဲ မျှော်လင့်ရမှာပါ။ ဂန်းနားတောင်ပံလူငယ်လေးနဲ့ စာချုပ်သစ်ဟာလည်း အာဆင်နယ်အတွက်ကြီးမားတဲ့ Agenda တစ်ခုဖြစ်နေပါတယ်။

Advertisement

Leave a Reply

%d bloggers like this: