ဒန်နီလိုကို အမှန်တကယ်ကြိုးစားခဲ့တဲ့ အာဆင်နယ်

ပြီးခဲ့တဲ့နွေအစောပိုင်းမှာ အာဆင်နယ်ရဲ့ ပစ်မှတ်ကစားသမားစာရင်းထဲ ပါးလ်မီယပ်စ်ကွင်းလယ်လူဒန်နီလို ပါ၀င်ခဲ့ပါတယ်။ အားထားရတဲ့ သောမတ်စ်ပါတေးဟာ မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတာကြောင့် အာဆင်နယ်ဟာ အသင်းရဲ့ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ လိုအပ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်နောက်ဆုံးရသတင်းများအရ ဒန်နီလိုကို စိတ်ဝင်စားခဲ့ခြင်းသက်သက်မဟုတ်ပဲ အမှန်တကယ်ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်၊၊

ပါတေးဒဏ်ရာရ‌နေတဲ့အပြင် အယ်လ်နီနီပါ ကာလရှည်အနားယူရဖို့ ဖြစ်လာတာကြောင့် အာဆင်နယ်ဟာ နွေအပြောင်းအရွှေ့နောက်ဆုံးရက်တွေမှာ ကွင်းလယ်လူတစ်ဦးခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။Deadline Day မှာ ဒေါက်ဂလပ်စ်လူး၀စ်ကို ခေါ်ယူဖို့ အသည်းသန်ကြိုးစားခဲ့ပေမယ့် အာဆင်နယ်ရဲ့ကမ်းလှမ်းမှုသုံးကြိမ်စလုံးကို အက်စတွန်ဗီလာက ငြင်းဆန်သွားခဲ့ပါတယ်။

လက်ရှိအသင်းရဲ့ ကွင်းလယ်မှာ ရှာကာနဲ့ပါတေးတို့ထဲက တစ်ဦးဦး၊ဒါမှမဟုတ် နှစ်ဦးစလုံးဒဏ်ရာရသွားခဲ့ရင် အာတီတာအတွက် အကြီးကြီးခေါင်းခဲစရာ ဖြစ်လာနိုင်ခဲ့ပါတယ်။လာမယ့်ဇန်နဝါရီမှာ‌တော့ အာဆင်နယ်ဟာ ကွင်းလယ်လူတစ်ဦးခေါ်ယူဖို့ ကြိုးစားလာဦးမယ်လို့ ယုံကြည်ရပါတယ်။

Advertisements

အာဆင်နယ်ဟာ နွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက် သတင်းထွက်နေခဲ့တဲ့ လက်စတာကွင်းလယ်လူတီလ်မန်းကို ‌ခေါ်ယူဖို့ မကြိုးစားခဲ့ပေမယ့် ပါးလ်မီးရပ်စ်ကွင်းလယ်လူ ဒန်နီလိုကို ခေါ်ယူဖို့ပဲ တကယ်ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် ပါးလ်မီးရပ်စ်ကတော့ သူတို့ရဲ့ ၂၁နှစ်ကစားသမားကို ရောင်းချဖို့ငြင်းဆန်ခဲ့ပါတယ်။

ပါးလ်မီးရပ်စ်အသင်းဥက္ကဌ ပါရီယာက သူတို့ရဲ့ကစားသမား ဒန်နီလိုဟာ အာဆင်နယ်ဆီ ဘာကြောင့် မသွားခဲ့တာလဲဆိုတာကို အင်တာဗျူးလ်တစ်ခုမှာ ဖွင့်ဟလာခဲ့ပါတယ်။

ဒန်နီလိုနဲ့ပတ်သက်ပြီး သူထွက်မသွားဘူးလို့ ကျွန်တော်ပြောခဲ့တယ်။တကယ်လည်း သူထွက်မသွားခဲ့ပါဘူး

သူ့လိုကစားသမားတွေဟာ အသင်းရဲ့သမိုင်းမှာ အရေးပါသူလို့ ကျွန်တော်ပြောခဲ့ပါတယ်။ကျွန်တော်က အသင်းနဲ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို တစ်ယောက်တည်း မဆုံးဖြတ်ပါဘူး။နည်းပြ၊နည်းပြအဖွဲ့၀င်တွေနဲ့ ကျွန်တ်ေအမြဲတိုင်ပင်ပါတယ်။နည်းပြက ဘယ်လိုအခြေအနေမျိုးမှာမဆို ဒီကစားသမားကို ဆုံးရှုံးလို့မရဘူးလို့ပြောလာရင် အဲ့ဒီကစားသမားဟာ အသင်းကနေ ထွက်သွားမှာမဟုတ်ဘူးလို့ ပါးလ်မီးရပ်စ်ဥက္ကဌက ဆိုပါတယ်။ 

ကွင်းလယ်လူ လိုအပ်နေတဲ့ ဂန်းနားတို့အတွက် ဒန်နီလိုဟာ ကစားပုံအရ အံဝင်ခွင်ကျဖြစ်နိုင်သလို  ၊ အသက်အရွယ်အရလဲ အာတီတာအကြိုက်ပါပဲ။ ဒါပေမယ့် ဆမ်ဘီလိုကွန်ဂါနဲ့ ကစားပုံ ဆင်တူတယ်ဆိုတဲ့ သုံးသပ်မှုအချို့လဲရှိနေပါတယ်။ အထူးသဖြင့် အဝေးဘောပေးမို့မှုတွေမှာဖြစ်ပါတယ်။  ဒန်နီလိုဟာ ပရိုကစားသမား ဘဝမှာ ၁၃၂ ပွဲကစားထားပြီးသူဖြစ်ပြီး ၁၃ ဂိုးထိလည်းသွင်းယူထားပြီးပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် အာဆင်နယ်အမှန်တကယ် ကြိုးပမ်းခဲ့သူဖြစ်တာမို့ ဆက်လက်စောင့်ကြည့်ဖို့တော့လိုပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: