တီယာနေး ဘောလုံးကိုင်ပြီး ကစားနေပါပြီ – ကင်းဘဲလ်

မြောက်လန်ဒန်ဒါဘီပွဲစဉ်ရောက်ဖို့ နာရီပိုင်းသာ လိုပါတော့တယ်။ ခါးသီးတဲ့ မြို့ခံပြိုင်ဘက်နဲ့ ရင်ဆိုင်ရမှာကတစ်ကြောင်း၊ အာဆင်နယ်ပွဲတွေ ငတ်နေခဲ့တာက အတော်ကြာပြီဖြစ်တာကတစ်ကြောင်း ဂန်းနားပရိသတ်တွေဟာ စနေနေ့အတွက် အတော်လေး ကြိုတင်ရင်ခုန်နေပြီဖြစ်မှာပါ။

ဒီလိုပွဲမျိုးမှာ အာတီတာအနေနဲ့ အကောင်းဆုံးပွဲထွက်လူစာရင်းကို မဖြစ်မနေအသုံးပြုလာရမှာပါ။ကမ်းဘဲလ်ကတော့ အသင်းရဲ့ ဘယ်အစွန်ခံစစ်မှာ တီယာနေးကို အသုံးပြုလာသင့်တယ်လို့ အကြံပေးလာခဲ့ပါတယ်။

တီယာနေးလ်နဲ့ဇင်ချန်ကိုတို့နှစ်ယောက်စလုံးဟာ ဒဏ်ရာပြဿနာလေးတွေရှိနေပေမယ့် လန်ဒန်ဒါဘီပွဲစဉ်မှာ ပါ၀င်လာနိုင်ချေရှိနေပါတယ်။စ ပါးကို ရင်ဆိုင်ဖို့အတွက် တီယာနေးကို အသုံးပြုသင့်တယ် ဒါမှမဟုတ် ဇင်ချန်ကိုက ပိုသင့်လျော်တယ်ဆိုတဲ့ အငြင်းပွားမှုတွေဟာ ပရိသတ်တွေကြားမှာရှိနေခဲ့ပါတယ်။

ကမ်းဘဲလ်က ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်က တီယာနေးလ်ရဲ့ခြေစွမ်းကို ချီးကျူးခဲ့ပြီး ကြံ့ခိုင်မှူသာပြည့်၀နေရင် စကော့တလန်သားလေးဟာ မြောက်လန်ဒန်ဒါဘီမှာ ပွဲထွက်ခွင့်ရသင့်တယ်လို့ ဆိုပါတယ်။

ကြံ့ခိုင်မှုပြည့်၀နေရင် တီယာနေးလ်ဟာ ပွဲထွက်ခွင့်ရသင့်ပါတယ်။ပွင့်ပွင့်လင်းလင်းပဲ ပြောရအောင်ဗျာ၊ဇင်ချန်ကို မကစားနိုင်ခဲ့တာ နည်းနည်းကြာပြီ၊တီယာနေးကတော့ ဒဏ်ရာရသွားပေမယ့်(သိပ်မဆိုးရွားပဲ) သတိထားဖို့လိုတယ်ဆိုတဲ့အခြေအနေပါ။သူအဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်

ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ တီယာနေးကောင်းခဲ့ပါတယ်။သူတကယ်ကိုကောင်းတယ်လို့ ကျွန်တော်ထင်တာပါ။တစ်ခါတစ်လေ ကွင်းလယ်မှာ သူဟာ ကိုယ်ပိုင်ဟန်နဲ့ ဘောလုံးကိုကိုင်ထားနိုင်စ ပြုလာပါပြီ

တီယာနေးနဲ့ဆို အသင်းဟာ ပုံစံပျက်မနေခဲ့ပါဘူး။ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်က သူရဲ့ခြေစွမ်းဟာ အာဆင်နယ်ကစားသမားဘ၀ အကောင်းဆုံးခြေစွမ်းလို့ ထင်ပါတယ်။သူ ကြံ့ခိုင်မှုပြည့်နေရင် ပွဲထွက်ခွင့်ရသင့်ပါတယ်။ဇင်ချန်ကိုက‌တော့ အရန်ခုံမှာ ရှိနေနိုင်ပါတယ်လို့ ဂန်းနားဟောင်းကြီးက ဆိုပါတယ်။

အာဆင်နယ်ဟာ လာမယ့်စနေနေ့မှာ စပါးကို အိမ်ကွင်း အမ်းမရိတ်မှာ လက်ခံယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ရိုးစင်းလွန်းတဲ့ ကစားပုံကြောင့် ဝေဖန်မှုတွေခံခဲ့ရတဲ့ တီယာနေးဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲစဥ်တွေမှာ ပိုပြီးခေတ်မှီလာတဲ့အခြေအနေတရပ်ကို ပြသထားနိုင်ပါတယ်။ ဒါ့ကြောင့်ပရိတ်သတ်တွေကလည်း ပိုပြီးအားရကျေနပ်မှုတွေရှိနေကြပါတယ်။

လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ထိပ်ဆုံးမှာရပ်တည်နေပြီး အောက်တိုဘာလကို ပုံစံကောင်းနဲ့ ကျော်ဖြတ်နိုင်မယ်ဆိုရင် ရာသီဝက်မှာ အဆင့်ကောင်းတစ်နေရာကိုရရှိထားဖို့မျှော်လင့်နိုင်နေပါပြီ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: