အာဆင်နယ်အသင်းနောက်တန်းဖြည့်တင်းဦးမှာလား

ပုံစံကောင်းရနေတဲ့အာဆင်နယ်အသင်းမှာနောက်တန်းက အသိသာဆုံးဖြစ်ပါတယ်။ ဒါ့အပြင် အာတီတာအသင်းကိုစရောက်လာကတည်းက နောက်တန်းကို စပြင်ခဲ့တာပါ။ ဒါကြောင့် လက်ရှိအသင်းရဲ့ဗဟိုခံစစ်ဟာ အင်အားဖြည့်တင်းဖို့ လုံး၀မလိုအပ်သေးတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ ဆာလီဘာ၊ဘန်ဝှိုက်၊ ဂါဘရီယယ်နဲ့ဟိုးလ်ဒင်းတို့ရှိနေတဲ့ ဗဟိုခံစစ်ဟာ အတော်လေးအင်အားတောင့်တင်းတဲ့ အနေအထားဖြစ်ပေမယ့် အာဆင်နယ်ဟာ ဗီလာရီးရဲလ်ဗဟိုခံစစ်မှူးပေါလ်တောရက်စ်ကို ခေါ်ယူဖို့ စုံစမ်းနေတယ်လို့ ဖာဘရီဇီယိုရိုမန်နိုက အတည်ပြုပေးလာခဲ့ပါတယ်။

ဒီတော့ လာမယ့်နွေမှာ အသင်းရဲ့ ဗဟိုခံစစ်ကစားသမားတစ်ဦးကို ဆုံးရှုံးရနိုင်ချေရှိလို့ အာဆင်နယ်ဟာ ခုလိုပြင်ဆင်နေတာလားလို့ စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ ပေါလ်တောရက်စ်ကို အာဆင်နယ်အပြင် ချဲလ်ဆီး၊တော့တင်ဟမ်ဟော့စပါးတို့ကပါ မျက်စိကျနေတယ်လို့ ရိုမန်နိုက ဆိုပါတယ်။

ဂါဘရီယယ်ဟာ ပြီးခဲ့တဲ့နွေက ဂျူဗင်တပ်နဲ့ သတင်းထွက်ခဲ့တာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ လာမယ့် ‌အပြောင်းအရွှေ့ကာလတွေမှာလည်း ဂါဘရီယယ်နဲ့ဆာလီဘာတို့ကို အခြားဥရောပအသင်းကြီးတွေက ခေါ်ယူဖို့ ကြိုးစားလာနိုင်ချေရှိနေပါတယ်။ဒါပေမယ့်လည်း ဒီကစားသမားတွေဟာ အမ်းမရိတ်မှာ ပျော်ရွှင်နေတာကြောင့် အမ်းမရိတ်ကနေ သိပ်မကြာခင် ထွက်ခွာတော့မယ်အလားအလာမျိုးတော့ မတွေ့သေးပါဘူး။

ချဲလ်ဆီး၊အာဆင်နယ်နဲ့တော့တင်ဟမ်တို့ဟာ တောရက်စ်ကို ခေါ်ယူဖို့ စိတ်၀င်စားခဲ့ကြပါတယ်။ဒါပေမယ့် သူတို့က ပေါင်သန်း၄၀၄‌၅သန်းလောက်သုံးဖို့ ဆန္ဒမရှိကြပါဘူး

“သူသာ ဈေးကွက်ထဲမှာရနိုင်တဲ့ အခွင့်အရေးကောင်းတစ်ခုပါပဲ။အရည်အသွေး၊အတွေ့အကြုံတွေရှိတဲ့ အရမ်းကောင်းတဲ့ ဘယ်သန်ဗဟိုခံစစ်ကစားသမားဖြစ်တယ်” လို့ ရိုမန်နိုက ဆိုပါတယ်။ အသက် ၂၅ နှစ်အရွယ်စပိန်သားဟာ ပွဲပေါင်း ၂၄၇ ပွဲကစားထားပြီး ၁၄ ဂိုးထိသွင်းယူထားသူလဲဖြစ်ပါတယ်။

ဒီရာသီပြီးဆုံးတဲ့အခါ အသင်းကနေ ထွက်ခွာနိုင်ချေရှိတာကရော့ဘ်ဟိုးလ်ဒင်းဖြစ်လာနိုင်ပါတယ်။ ဆာလီဘာ အမ်းမရိတ်ကို ပြန်ရောက်လာခဲ့ပြီးနောက် ဟိုးလ်ဒင်းရဲ့ အမ်းမရိတ်အနာဂတ်ဟာ မှေးမှိန်လာခဲ့ပြီး လာမယ့်အပြောင်းအရွှေ့တွေမှာ အင်္ဂလန်သားဟာ  ပုံမှန်ပွဲထွက်ခွင့်ရနိုင်မယ့် အသင်းတစ်သင်းဆီပြောင်းရွှေ့ဖို့  ကြိုးစားလာနိုင်ပါတယါ။ မနှစ်တုန်းကလဲ Super Sub အဖြစ်သာ အသုံးတော်ခံခဲ့ရသူဖြစ်ပါတယ်။

တဖက်မှာလည်း တိုက်စစ်ပိုင်းမှာ စမစ်ရို ရဲ့အနေအထားက ထင်တာထက်ပိုဆိုးနေပြီး ၊ ဘယ်အချိန်ပြန်ကစားမလဲ မှန်းမရတာကြောင့် တောင်ပံလူလိုအပ်ချက်ကလည်းမြင့်မားနေသလို ပါတေးရဲ့နေရာကလည်း မေးခွန်းတစ်ခုဖြစ်နေဆဲပါပဲ။

Advertisement

Leave a Reply

%d bloggers like this: