ဆောက်ဂိတ်နဲ့ ဂန်းနားပလေယာတွေကြား ဘာမှားနေသလဲ

အာဆင်နယ်ကစားသမားဟောင်းကြီးဖြစ်သူ နီဂယ်၀င်းတားဘန်းစ်က ဆောက်ဂိတ်ဟာ ဘာကြောင့်အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဘန်ဝှိုက်ကို ချန်လှပ်ထာခဲ့လည်းဆိုတာ နားမလည်မိဘူးလို့ မှတ်ချက်ပေးလာခဲ့ပါတယ်။ ဘန်ဝှိုက်ဟာ ဒီရာသီမှာ ညာအစွန်ခံစစ်ကို ထွက်ကစားနေရပေမယ့် ပုံမှန်ပွဲထွက်ခွင့်တွေ ရရှိထားခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ရလဒ်တွေဆိုးရွာနေခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ အီတလီကို ရှုံးနိမ့်ခဲ့တာကြောင့် နေးရှင်းလိဂ်မှာ တန်းဆင်းခဲ့ရပြီဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ဒီရာသီ မန်ယူမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ ဟယ်ရီမက်ဂွိုင်းယားကို ရွေးချယ်ခဲ့ပြီး ဘန်ဝှိုက်ကိုတေ့ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ 

ဘန်ဝှီုက်ရဲ့ Performance ဟာ မက်ဂွိုင်းယားအောက်ရောက်နေခဲ့ပါသလား?

ဒီရွေးချယ်မှုနဲ့ပတ်သက်ပြီး သဘောမတူညီနိုင်ကြောင်း ၀င်းတားဘန်းစ်က The Sun ကိုပြောပြလာခဲ့ပါတယ်။

ကျွန်တော်အံ့ဩသွားခဲ့တယ်။ ဒါပေမယ့် အင်္ဂလန်လက်ရွေးစင်မန်နေဂျာတွေရဲ့ ကစားသမားတွေရွေးချယ်ပုံ၊အသုံးပြုပုံ ၊ စဥ်းစားပုံတွေ နဲ့ ပတ်သက်ပြီး ခန့်မှန်းကြည့်ဖို့ ကျွန်တော် ဘယ်တုန်းကမှ မကြိုးစားပါဘူး

ဒါပေမယ့် ကျွန်တော်အံ့ဩမိပါတယ်။ဘန်ဝှိုက်က ဒီမတိုင်ခင် နောက်ဆုံးရွေးချယ်ခဲ့တဲ့ လူစာရင်းမှာ ပါ၀င်ခဲ့တယ်။အဲ့ဒီအချိန်တုန်းက ပါဝင်ခဲ့တဲ့ကစားသမားက ဘာလို့အခုမပါတော့တာလဲဆိုတာ ကျွန်တော်နားမလည်မိပါဘူး 

ဘန်ဝှိုက်ဟာ ပုံမှန်ကစားနေကျနေရာမဟုတ်တဲ့နေရာမှာ ပွဲထွက်ကစားနေခဲ့ရပေမယ့် သူ့ရဲ့တည်ငြိမ်တဲ့ခြေစွမ်းကိုတော့ အမြဲထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ၀င်းတားဘန်းစ်က ဆောက်ဂိတ်ဟာ ဘန်ဝှိုက်ကို ဘာကြောင့် လက်ရွေးစင်အသင်းမှာ မရွေးချယ်ပဲ ဘာကြောင့် ချန်လှပ်ထားခဲ့လဲဆိုတာ မေးခွန်းထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဆောက်ဂိတ်ရဲ့ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ်တာ သူတစ်ယောက်ထဲတော့မဟုတ်ပါဘူး။

Advertisements

Sky Sports ရဲ့ အားကစားတင်ဆက်သူ ဂျက်ဖ်စတယ်လင်းကလည်းပဲ ဆာကာဟာ Left Wing Back လိုနေရာမှာ ဘညလုပ်နေတာတုန်းဆိုပြီး ဆောက်ဂိတ်ရဲ့ နည်းစနစ်အပေါ် ဝေဖန်လာခဲ့ပါတယ်။

အိုး၊သိပ်တော့ မကောင်းဘူးဗျ၊ဒါကို ကျွန်တော်လက်ခံတယ်။ ဆာကာက LWB အနေနဲ့ဘာလုပ်နေတာလဲ။သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ဒါဟာ အတော်လေးကို ကမောက်ကမနိုင်လွန်းပါတယ် လို့ ဂျက်ဖ်စတယ်လင်းက တွစ်တာမှာ tweet ခဲ့ပါတယ်။

ဆာကာဟာ အာဆင်နယ်နဲ့အတူ ဒီရာသီမှာ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်စွမ်းမရှိသေးဘူးဆိုတဲ့ ဝေဖန်မှုတွေကိုလည်း ခံခဲ့ရပါတယ်။ ဒါပေမယ့်အချက်အလက်အရကြည့်မယ်ဆိုရင် ဆာကာဟာ ပရီးမီးယားလိဂ်၇ပွဲကစားပြီးချိန်မှာ ၁ဂိုးသွင်း၊၄ဂိုးဖန်တီးမှုပြုလုပ်ထားခဲ့ပါတယ်။ဒီတော့ ဆာကာရဲ့ ခြေစွမ်းဟာ အကောင်းဆုံးမဟုတ်သေးရင်တော့ ညံ့တယ်ဆိုတဲ့ အခြေအနေမှာတော့ ရှိမနေပါဘူး။

လက်ရှိမှာ အဂ်လန်အသင်းဟာ အီတလီကိုရှုံးနိမ့်ခဲ့ပြီး နေရှင်းလိဂ်ကနေ တန်းဆင်းခဲ့ရပါတယ်။ ဆောက်ဂိတ်ဟာ အီတလီနဲ့ပွဲစဉ်မှာ ၃-၄-၃ ကစားကွက်ကို အသုံးပြုလာခဲ့ပြီး ဆာကာကို left wing backမှာ ထွက်ကစားစေခဲ့ပါတယ်။ ဒီနေရာဟာ ဆာကာကစားနေကျနေရာမဟုတ်သလို အံ၀င်တဲ့နေရာလည်းမဟုတ်ခဲ့တာကြောင့် ငရုတ်သီးလေးဟာ တစ်ပွဲလုံး position out နေခဲ့ပါတယ်။ ဆောက်ဂိတ်ကတော့ positionအောက်နေပြီး ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဆာကာကို ပွဲချိန်၇၁မှာတော့  ဂရီးလစ်ရှ်နဲ့လူစားလဲခဲ့ပါတယ်။

ဘောလုံးဝေဖန်သုံးသပ်သူတွေရဲ့ စကားလုံးငှားပြီး ဝေဖန်ရမယ်ဆိုရင်တော့ ဆောက်ဂိတ်ဘာလုပ်ချင်မှန်းမသိဘူးလို့ပဲ ဆိုရမှာပါ။ ဒါပေမယ့်သူကတော့ မတူကွဲပြားတဲ့ စိတ်ကူးစိတ်သန်းတွေပါ်ကို ယုံကြည်နေဆဲပါပဲ။ အာဆင်နယ်ပရိတ်သတ်တွေအနေနဲ့ကတော့  ပလေယာတွေလက်ရွေးစင်မှာပါပြီး ဖလားကြီးတွေရဖို့မျှော်လင့်ကြမှာပါ။ ဒဏ်ရာတွေပါမလာဖို့ဆုတောင်းရင်းပေါ့။

Advertisements
Advertisement

Leave a Reply

%d bloggers like this: