ထရိုဆတ်ကို ခေါ်သင့်ကြောင်း ဆောင်းပါးရှင်တိုက်တွန်း
အာဆင်နယ်အသင်းဟာ ဘရိုက်တန်ကစားသမား ထရိုဆတ်ကို ခေါ်ယူသင့်ကြောင်း HITC သတင်းထောက် ဘီလီမေယာစ်က သူ့ရဲ့ ဆောင်းပါးမှတဆင့်တိုက်တွန်းရေးသားသွားခဲ့ပါတယ်။ ထရိုဆတ်ကိုယ်တိုင်ကလဲ ဘယ်ဂျီယံသတင်းစာ Het Niuewsblad နဲ့တွေ့ဆုံရာမှာ “ အခွင့်အရေးကောင်းတွေရှိရင် ကျွန်တော်လဲအသင်းပြောင်းကစားချင်ပါတယ် ။ ဒါပေမယ့် အရံခုံထိုင်ရမယ်ဆိုရင်တော့ထည့်စဥ်းစားမှာမဟုတ်ပါဘူး .. ကျွန်တော်က ကစားချင်တာပါ “ လို့ ထုတ်ဖော်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ဂန်းနားတို့ဟာ ပါတေးအပေါ်မှီခိုနေရတဲ့ ကွင်းလယ်နေရာအတွက် ကစားသမားသစ်လိုအပ်နေတာဖြစ်ပါတယ်။
ပါတီနိုလည်း လူငယ်အဆင့်မှာ ဂိုးသွင်းယူခဲ့
ဘလက်ပူးအသင်းမှာ အငှားသွားရောက်ကစားနေတဲ့ အာဆင်နယ်လူငယ်လေး ချာလီပါတီနိုဟာ အဂ်လန် U20 အသင်းအတွက် သွင်းဂိုးတစ်ဂိုးရရှိခဲ့ပါတယ်။ မော်ရိုကိုအသင်းကို ၂-၁ နဲ့အနိုင်ရတဲ့ပွဲမှာ နိုင်ငံအသင်းအတွက် ဂိုးသွင်းပေးနိုင်ခဲ့တာဖြစ်ပြီး ၊ ချီလီကို ၃-၀ နဲ့အနိုင်ရတဲ့ပွဲမှာတော့အရံခုံမှာရှိနေခဲ့ပြီး လူငယ်လက်ရွေးစင်ဘဝကိုစတင်ခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်းအသင်းကြီးတွေရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့တဲ့ တချိန်က ဂန်းနားလူငယ်
တချိန်က အာဆင်ဝင်းဂါး ပေါင် ၉သိန်းထဲနဲ့လက်လွှတ်ခဲ့တဲ့ အယ်ဂျီးရီးယားကစားသမား အစ္စမေး ဘင်နက်ဆာကို ပြည်တွင်းအင်အားကြီးတွေဖြစ်ကြတဲ့ လီဗာပူးနဲ့ ချဲလ်ဆီးတို့က ခေါ်ယူဖို့ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ အဆိုပါ အေစီမီလန် ကွင်းလယ်လူဟာ အာဆင်နယ်လူငယ်အသင်းမှာတုန်းက ၃၂ ပွဲကစား ၊ ၂ ဂိုးသွင်း ၊ ၂ကြိမ်ဖန်တီးပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ဆာကာကို အနိမ့်ဆုံး Rating ပေးခဲ့တဲ့ အီတလီသတင်းစာ
အီတလီသတင်းစာတစ်ခုဖြစ်တဲ့ Gazetta Dello Sport ကတော့ အာဆင်နယ်တောင်ပံကစားသမား ဆာကာရဲ့ စွမ်းဆောင်မှုကို အနဲဆုံး Rating ဖြစ်တဲ့ 4.5/10 ထိနှိမ့်ချသတ်မှတ်သွားခဲ့ပြီး ၊ ပွဲတွင်းမှာ သရဲလိုပဲပျောက်နေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ တဖက်မှာလည်း ဆာကာကို သုံးစွဲခဲ့တဲ့ ကစားပုံနဲ့ပတ်သတ်ပြီး နည်းပြဆောက်ဂိတ်ကိုလည်းဝေဖန်နေကြပါတယ်။
ဗလာဟိုဗစ်နဲ့ မီရက်တီတို့ကို အာတီတာစိတ်ဝင်စားနေတယ်လို့ သတင်းများကဆို
အာဆင်နယ်နည်းပြအာတီတာဟာ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှုးဗလာဟိုဗစ်နဲ့ ကွင်းလယ်ကစားသမား မီရက်တီတို့ နှစ်ဦးကိုပေါင်းသန်း ၁၀၀ ကျော်အသုံးပြုပြီးခေါ်ယူလိုနေတယ်လို့ သတင်းများကို ကိုးကားပြီး The Sun က ဖော်ပြလာပါတယ်။ အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှုး ဗလာဟိုဗစ်ဟာ အာဆင်နယ်အသင်းဆီရောက်ဖို့ သတင်းကြီးခဲ့ပေမယ့် နောက်ဆုံးမှာ Old Lady ထံဆီသာရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာတီတာဟာ တိုက်စစ်မှုးကို လိုချင်နေဆဲဖြစ်ပြီး ၊ အသက် ၁၉ နှစ်အရွယ်ကွင်းလယ်လူကိုပါ တပါထဲခေါ်ယူလိုနေတာဖြစ်ကြောင်း အဆိုပါသတင်းကဖော်ပြထားပါတယ်။