စာချုပ်သစ်မြန်မြန်ချုပ်နိုင်လေ ကောင်းလေပါပဲ – ကမ်းဘဲလ်

မနှစ်က ပြင်သစ်မြေမှာမာဆေးလ်နဲ့အတူ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တဲ့ ဆာလီဘာဟာ ဒီရာသီမှာလည်း အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းတွေပြသနေပါတယ်။ ဆာလီဘာဟာ အသက်၂၁နှစ်အရွယ်မှာပဲ အာဆင်နယ် အသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်လာခဲ့သလို နိုင်ငံအသင်းမှာလည်း ဒပ်ချမ့်ပ်ရဲ့စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဆာလီဘာဟာ အသက်အရွယ်နဲ့မလိုက်ဖက်တဲ့ တည်ငြိမ်ရင့်ကျက်မှုမျိုးကို ပိုင်ဆိုင်ထားပြီး သူရဲ့ခြေစွမ်းကလည်း တစ်ချိန်မှာ ကမ္ဘာ့အဆင့်ဗဟိုခံစစ်မှူးတစ်ယောက်ဖြစ်လာနိုင်တဲ့ အနေအထားပါ။ ဒါ့ကြောင့် အာဆင်နယ်ဟာ သူ့ကို အမ်းမရိတ်မှာ နှစ်တွေအကြာကြီးဆက်ထိန်းသိမ်းထားနိုင်ဖို့ နှစ်ရှည်စာချုပ်သစ်တစ်ခုကို ပြင်ဆင်နေပါပြီ။

အာဆင်နယ်ကစားသမားဟောင်းကြီးဖြစ်သူ ကမ်းဘဲလ်ကတော့ ပြီးခဲ့တဲ့ရာသီကတည်းက ဆာလီဘာရဲ့ ပရိသတ်တစ်ဦးဖြစ်ခဲ့တာပါ။ပြင်သစ်လက်ရွေးစင်ရဲ့ စွမ်းဆောင်ရည်တွေအပေါ် ကျေနပ်အားရဖြစ်နေတဲ့ ဂန်းနားဟောင်းကြီးက အာဆင်နယ်ဟာ ဆာလီဘာကို သေချာပေါက် စာချုပ်သက်တမ်းတိုးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Advertisements

စာချုပ်သစ်ကိစ္စက မကြာခင် အဆင်ပြေသွားမှာပါ။မြန်မြန်အဆင်ပြေသွားလေ ပရိသတ်တွေအတွက် ပိုကောင်းလေးပါပဲ လို့ Football Insider နဲ့တွေ့ဆုံမှုမှာ ကမ်းဘဲလ်က ပြောပြာလာခဲ့ပါတယ်။

“သူဟာ တကယ်ကိုထူးခြားတဲ့ ကစားသမားပါ။အိုင်ဗန်တိုနေးကို အင်္ဂလန်လက်ရွေးစင်မှာ ရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး အများကြီးပြောကြတယ်။အာဆင်နယ်နဲ့ပွဲမှာ သူဟာလုံး၀အန္တရာယ်မရှိတဲ့ ကစားသမားတစ်ယောက်လိုပါပဲ။အာဆင်နယ်ခံစစ်ဟာ သူ့ကို တစ်ချိန်လုံး ထိန်းချုပ်ထားခဲ့တယ်”

အာဆင်နယ်အသင်းရဲ့ ကစားကွက်အများစုဟာ နောက်တန်းကနေ အစပျိုးလာတာပါ။ဆာလီဘာရဲ့ ဘောလုံးပေးပို့မှုတွေ၊တည်တည်ငြိမ်ငြိမ် ကိုင်ထားနိုင်မှုတွေဟာ အပြောင်းအလဲတစ်ခုကို ဖြစ်စေပါတယ်။တကယ်ကို ဖြစ်စေတာပါ

ဒီရာသီမှာ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်ကိုလှပစေခဲ့တဲ့ အကြောင်းရင်းတွေထဲမှာ ဆာလီဘာကို မေ့ထားလို့မဖြစ်ပါဘူး။သူ့ရဲ့ စာချုပ်သက်တမ်းဟာ နှစ်နှစ်သာကျန်ရှိတော့တာကြောင့် အာဆင်နယ်အနေနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲမရောက်ခင် ဆလီဘာကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ လိုအပ်နေပါတယ်။

ဆာလီဘာဟာ လက်ရှိအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေပြီး ခြေစွမ်းကောင်းတွေပြသထားသလို ပျော်ရွှင်နေတာကြောင့် စာချုပ်သက်တမ်းသစ်ကိစ္စဟာ အဆင်ပြေပြေပဲ ပြီးမြောက်သွားဖို့ ရှိပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: