Updated Team News – နောက်ဆုံးရ အာဆင်နယ်သတင်းများ (23 SEP)

မြောက်လန်ဒန်ဒါဘီ မှာပြန်ပါလာဖို့များနေတဲ့ ဒေးဗိးစ်

ဒဏ်ရာရနေတဲ့နောက်ခံလူ ဘင်ဒေးဗီးစ်ရဲ့အခြေအနေဟာ ထင်သလောက်မပြင်းထန်တာကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှာကစားမယ့် မြောက်လန်ဒန်ဒါဘီမှာ ပါဝင်လာဖွယ်ရှိကြောင်း The Sun ရဲ့သတင်းထောက် တွမ်ဘာကလေ က​ရေးသားလာပါတယ်။ ဘင်ဒေးဗီးစ်ဟာ ဒီရာသီမှာ ၇ ပွဲပါဝင်ကစားထားပြီး ကွန်တီအားကိုးရတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဂန်းနားတို့ဟာ အဆိုပါပွဲစဥ်ကို ဂုဏ်သိက္ခာအတွက်ရော ဦ ရလဒ်အတွက်ပါ အနိုင်ရ​ဖို့လိုအပ်နေတာဖြစ်ပါတယ်။

ဝမ်နာရီနဲ့ပတ်သတ်လို့ အာတီတာဖက်ကထောက်ခံခဲ့တဲ့ ဂန္တဝင်

အသက် ၁၅ နှစ်အရွယ် ဝမ်နာရီကို ထည့်သွင်းကစားတဲ့အပေါ်မှာ ဝေဖန်မှုအချို့ရှိနေပေမယ့် အာဆင်နယ်ဂန္တဝင် ပေါလ်ဒေးဗစ်စ်  ကတော့ အာတီတာကိုထောက်ခံခဲ့ပါတယ်။ အရည်အသွေးမြင့်ကစားသမားတစ်ဦးကို ကွင်းထဲမှာ ထိတွေ့စေတာဟာ ကစားသမားအဖို့အလွန်ကောင်းမွန်ကြောင်း ၊ ​သူကိုယ်တိုင်လည်း ဆယ်ကျော်သက်ဘဝနဲ့ကွင်းထဲမှာနေခဲ့ဖူးတာကြောင့် အဆိုပါခံစားချက်ကို ကောင်းစွာနားလည်ကြောင်း Sky Sports ရဲ့ အစီအစဥ်ကနေ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ လူငယ်လေးတစ်ယောက်ကို မိမိရဲ့အတ္တအတွက် အဆင်အခြင်မဲ့စွာသုံးစွဲခဲ့ကြောင်း ဝေဖန်ခံနေရတာဖြစ်ပါတယ်။

Advertisements

ဆာကာနဲ့ပတ်သတ်ပြီး ဝန်ခံလာတဲ့ ချီလီနီ

အီတလီ ဂန္တဝင် ချီလီနီက ဝင်ဘလေကွင်းမှာ ဆာကာအပေါ်ပြုလုပ်ခဲ့တဲ့ပစ်ဒဏ်ဟာ ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့တာဖြစ်ကြောင်း The Times သတင်းစာနဲ့အင်တာဗျူးမှာ ဖွင့်ဟလာခဲ့ပါတယ်။ ချီလီနီက သူ့အနေနဲ့ ခန္တာကိုယ်အနေအထားကိုသာ အနဲငယ်ပြင်ဆင်ခွင့်ရခဲ့ရင် ဆာကာနဲ့ ယှဥ်ပြေးနိုင်ကြောင်း ၊ ဒါပေမယ့် ဆာကာရဲ့ ကျော်ဖြတ်ခံရပြီဆိုရင်တော့ ပြန်မှီဖို့မဖြစ်နိုင်တော့ကြောင်း ၊ ဒါ့ကြောင့် မှန်ကန်တဲ့ဆုံးဖြတ်ချက်တခု ချခဲ့ကြောင်း ပြန်ပြောင်းပြောပြလာခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်ရဲ့ အိမ်မက်ဆန်တဲ့ခေါ်ယူမှု ဖြစ်တယ်ဆိုတဲ့ အာဆင်နယ်ပစ်မှတ်

The Athletic  သတင်းဌာနရဲ့ဖော်ပြချက်အရ အာဆင်နယ်ပစ်မှတ်ဖြစ်တဲ့ လီဗာကူဆင်ကစားသမား ဒီယာဘီကို  နယူးကာဆယ်အသင်းက ပစ်မှတ်ထားနေကြောင်းရေးသားလာပါတယ်။ အသက် ၂၃ နှစ်အရွယ်ပြင်သစ်သားဟာ  နယူးကာဆယ်တို့ရဲ့  Dream Signing ဖြစ်ကြောင်း သတင်းဌာနများစွာကလည်းရေးသားနေကြပြီး ၊ အသင်းများစွာကလည်း ကြိုးစားနေကြတယ်လို့ဆိုပါတယ်။

အာဆင်နယ်အပါအဝင်အသင်းကြီးတွေပစ်မှတ်ထားနေတဲ့ ခရိုအေးရှားသား

အာဆင်နယ်အသင်းဟာ ရင်းနက်အသင်းရဲ့ ကွင်းလယ်လူ မေဂျာကို ခေါ်ယူဖို့ကြိုးစားနေကြောင်း သတင်းများကိုရည်ညွန်းပြီး Caught Offside  ရေးသားလာပါတယ်။ အဆိုပါကစားသမားကို ကြိုးစားနေတဲ့အသင်းတွေထဲမှာ စပိန်ဘီလူးကြီးရီးရဲ နဲ့ ဘာစီလိုနာတို့လည်းပါဝင်နေကြောင်း Fichajes သတင်းဌာနကလည်းရေးသားနေပါတယ်။  အသက် ၂၄ နှစ်အရွယ်ကွင်းလယ်လူဟာ  ပရိုဘဝမှာပွဲပေါင်း ၂၀၆ ပွဲကစားပြီး ၄၄ ဂိုးထိသွင်းယူထားသူလည်းဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: