အာဆင်နယ်က ကျွန်တော်တို့အတွက် ဂိုးလှူဘဏ်ကြီးပါ –  ပီတာခရော့ချ်

ပြိုင်ပွဲတစ်ခုမှာ အနိုင်အရှုံးရလဒ်သာ အဓိကဆိုပြီး နည်းမျိုးစုံနဲ့ပြိုင်ဘက်ကို အနိုင်ယူဖို့ ကြိုးစားကြတာကို အားကစားလောကမှာ ကျွန်တော်တို့ အကြိမ်ကြိမ်မြင်ခဲ့ပြီးဖြစ်မှာပါ။ ဒါတွေဟာ လူသားတွေရဲ့ တိုက်ပွဲမှာ  အထူးအဆန်းမဟုတ်ပါဘူး။ မော်ရင်ဟို အင်တာမီလန်မှာ မန်နေဂျာလုပ်နေစဉ်က ဘာစီလိုနာနဲ့မယှဉ်ပြိုင်ခင် အသင်းရဲ့မြက်ခင်းကို ရေတွေရွှဲနေအောင်စီစဉ်ပြီး ‌ကတ်တလန်သားတွေကစားရခက်အောင် ပရိယာယ်သုံးခဲ့ဖူးတာကို ကြားဖူးမှာပါ။

စတုတ်စီးတီးနဲ့ ပီတာခရော့ခ်ျလို့ဆိုလိုက်ရင် အာဆင်နယ်ပရိသတ်တွေ မှတ်မိနေကြဦးမှာပါ။ ဒီလက်ပ်ရဲ့ ထောင့်ကန်ဘောအလားတိကျအားပါတဲ့ လက်ပစ်ဘောတွေ၊ ပီတာခရော့ခ်ျရဲ့ မြင့်မားတဲ့အရပ်အမောင်းကြီး ဒါတွေဟာ ခေါင်းတိုက်ဘောတွေကို ခုံခံဖျက်ထုတ်တဲ့နေရာမှာ အားနည်းခဲ့ဖူးတဲ့ ဂန်းနားတွေအတွက် အိပ်မက်ဆိုးတစ်ခုလို့ ဖြစ်ခဲ့ဖူးပါတယ်။ စတုတ်စီးတီးရဲ့ အိမ်ကွင်းကို သွားရောက်ကစားရတိုင်း အာဆင်နယ်အတွက် ဘယ်တော့မှ မလွယ်ကူခဲ့တယ်ဆိုတာ မရှိပါဘူး။

ဒီအကြောင်းတွေကို ပရီးမီးယားလိဂ်ကစားသမားဟောင်းကြီး  ပီတာခရော့ခ်ျက အမှတ်တရနဲ့ ပြန်လည်ပြောပြလာခဲ့ပါတယ်။အာဆင်နယ်ဟာ သူတို့အတွက် (ဂိုးတွေအလှူပေးတဲ့) ဘဏ်တိုက်တစ်ခုလိုပဲလို့ ပီတာခရော့ခ်ျက ဆိုပါတယ်။

ကျွန်တော်တို့ အိမ်ကွင်းမှာဆို အာဆင်နယ်ဟာ (သွင်းဂိုးတွေအလှူပေးတဲ့) ဘဏ်တိုက်တစ်ခုဗျ။သူတို့ကို အခက်တွေ့အောင် ကျွန်တော်တို့က အမြဲလုပ်နေကျ

Advertisements

အာဆင်နယ်နဲ့ မကစားခင် ကျွန်တော်တို့လေ့ကျင့်ခဲ့တာ မှတ်မိသေးတယ်၊ကွင်းလယ်မှာ သူတို့ဘောလုံးကိုင်မဆော့နိုင်အောင် အမြင့်ဘောတွေချည်းဆော့ပစ်တာ၊မြက်တွေကလည်း မရိတ်ပဲထားတော့ တကယ်ကို ရှည်နေတာဗျ။အာရွန်ရမ်ဆေးလ်ဆို မြက်တွေရှည်လွန်းလို့ သူ့ဖိနပ်သူတောင် မမြင်ရတော့ဘူး။ကျွန်တော်တို့ ဒီအတိုင်းလုပ်ခဲ့ကြတာ

ဘောလုံးလောကမှာ ကျွန်တော်ကြားခဲ့ဖူးသမျှ စကားတွေထဲမှာ အကောင်းဆုံးကတော့ သူ(တိုနီပူးလစ်)ပြောခဲ့တာပေါ့မင်းတို့ (အာဆင်နယ်ကို အနိုင်ရလို့) ကိုယ့်ကိုယ့်ကို သိပ်အတော်ကြီးမှတ်မနေနဲ့ဦး။မင်းတို့က စနစ်ကောင်းကောင်းတစ်ခုထဲမှာ ကစားခဲ့ရတဲ့ သာမန်ကစားသမားတွေဆိုတာပါပဲလို့ ပီတာခရော့ခ်က ဆိုပါတယ်။

ပုံမှန်အတိုင်း ကစားကွက်ချင်း ယှဉ်ပြိုင်ကစားမယ်ဆို စတုတ်စီးတီဟာ အာဆင်နယ်ကို အနိုင်မရနိုင်ပါဘူး။ဒါ့ကြောင့် တစ်ဖက်အသင်းရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး အိမ်ကွင်းအားသာချက်ကို အသုံးချကာ တိုနီပူးလစ်ဟာ ၀င်းဂါးရဲ့ အာဆင်နယ်ကို အလဲထိုးဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်။ဒါဟာ လူလည်ကျတာလား၊ဒါမှမဟုတ် ပါးနယ်တာလားတာကတော့ ကိုယ့်ရဲ့ အမြင်အပေါ်ပဲ မူတည်ပါလိမ့်မယ်။

အာဆင်နယ် ပရိသတ်မှန်ရင်တော့ Britannia မှာ စတုတ်စီးတီးနဲ့တွေ့တိုင်း အခက်တွေ့ခဲ့ရတာတွေကို မှတ်မိကြဦးမှာပါ။အခုတော့လည်း ဒါတွေဟာ အမှတ်တရသက်သက်ပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: