ကျွန်တော် အာဆင်နယ်ကို စပြီးစိတ်ဝင်စားနေပါပြီ – မိုက်ကယ်အို၀င်

ဘရန့်ဖိုဒ်နဲ့ပွဲအပြီးမှာ အာဆင်နယ်ဟာ သူတို့ရဲ့ရင့်ကျက်မှုကို ပြသခဲ့ပြီး သူ့ကိုအထင်ကြီးစေခဲ့တယ်လို့ မိုက်ကယ်အို၀င်က၀န်ခံခဲ့ပါတယ်။ ဂန်းနားလူငယ်တွေဟာ ယခုနှစ်ပိုင်းတွေမှာ ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပေမယ့် တဖြေးဖြေးနဲ့တော့ ချီးကျူးမှုတွေကို စတင်ရရှိနေပါပြီ။

အာဆင်နယ်ဟာ ဒီရာသီမှာ တာထွက်လှနေပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၇ပွဲအပြီးမှာတော့ ၆ပွဲနိုင်၊၁ပွဲရှုံးဆိုတဲ့ရလဒ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ အသင်းရဲ့ငယ်ရွယ်လွန်းတဲ့ လူစာရင်းကြောင့် အစောပိုင်းမှာ သံသယ၀င်ခဲ့ရပေမယ့် လက်ရှိမှာတော့ အသင်းဟာ‌ကောင်းစွာရင့်ကျက်လာပြီလို့ ခံစားရကြောင်း မိုက်ကယ်အို၀င်ကဆိုပါတယ်။

လုံး၀အသေအချာပဲပေါ့ဗျာ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူတို့ဟာ အရမ်းကိုနုနယ်သေးတဲ့အတွက် ကျွန်တော်‌က သူတို့ကို ပထမဆုံးဝေဖန်ခဲ့သူဖြစ်ခဲ့တာပေါ့။တကယ်လည်း သူတို့ကသိပ်ကိုနုနယ်နေပါသေးတယ်။ ဒါပေမယ့် သူတို့ဟာ ရင့်ကျက်မှုတစ်ခုရှိလာပါပြီ။အသင်းမှာ လူငယ်ကစားသမားအချို့ရှိနေပေမယ့် သူတို့ဟာ ရင့်ကျက်နေပါပြီ လို့အို၀င်ကဆိုပါတယ်။

အာဆင်နယ်ဟာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ရာကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့တာကိုလည်း အို၀င်ကခုလိုပဲ ချီးကျူးခဲ့ပါတယ်။

သူတို့ကစားခဲ့တဲ့ပွဲစဉ်တွေကို ကျွန်တော်တို့ကြည့်ခဲ့ပြီး သူတို့ဟာ အခွင့်အရေးကောင်းတစ်ခုရထားခဲ့ပါတယ်(ပွဲချောင်နေခဲ့တာကို ဆိုလိုတာပါ)။ တကယ့်စမ်းသပ်မှုက မန်ချက်စတာယူနိုက်တက်နဲ့ဖြစ်ပြီး သူတို့ဒါကို မကျော်လွှားနိုင်ခဲ့ပါဘူး။

ဘရန့်ဖို့ဒ်ရဲ့အိမ်ကွင်းလို့ တကယ်ခက်ခဲတဲ့နေရာတစ်ခုမှာ သူတို့ပြန်အနိုင်ရခဲ့တာဟာ အရေးကြီးပါတယ်။ယုံကြည်မှုတွေလည်း တိုးပွားလာတယ်။သူတို့အားလုံးကောင်းကောင်းရင့်ကျက်နေပါတယ်

အရင်က ဒါကိုပြောခဲ့ပြီး အခုလည်း ဒါကိုထပ်ပြီးပြောရပါဦးမယ်၊နှစ်အချို့စောင့်ဆိုင်းခဲ့ပြီးနောက်မှာ ကျွန်တော်ဟာ စပြီး(အာဆင်နယ်ကို) စိတ်၀င်စားလာခဲ့ပါပြီလို့ မိုက်ကယ်အို၀င်ကမှတ်ချက်ပေးခဲ့ပါတယ်။

တစ်ကြိမ်ရှုံးရင် ရှုံးပွဲဆက်တတ်တာကြောင့်  ဂန်းနားပရိတ်သတ်တွေကိုယ်တိုင် စိုးရိမ်ခဲ့ကြရပေမယ့် အာဆင်နယ်ဟာ သက်သက်သာသာပဲအနိုင်ယူနိုင်ခဲ့ပါတယ်။ နိုင်ငံတကာပွဲရက်သတ္တပတ်တွေအပြီးမှာတော့ ဂန်းနားတို့ဟာ မြို့ခံပြိုင်ဖက်စပါးနဲ့ မြောက်လန်ဒန် ဒါဘီကို ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ စပါးအသင်းဟာလည်း ရာသီအစကတည်းက ရှုံးပွဲမတွေ့သေးတဲ့အသင်းလည်းဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: