မနှစ်က ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အာတီတာ ဘာတွေကိုရင်ဆိုင်ခဲ့ရသလဲ

ဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်း Gtech Community Stadium ထဲကို ၀င်ရောက်လာချိန်မှာ အာတီတာဟာ လွန်ခဲ့တဲ့ ၁၃လကအဖြစ်အပျက်တစ်ခုကို ပြန်လည်အမှတ်ရနေမိမှာပါ။ အဲ့ဒါက‌တော့ ပြီးခဲ့တဲ့ရာသီအဖွင့်ပွဲ၊ ဒီကွင်းကြီးထဲမှာ အိမ်ရှင်တွေကို (၂-၀)ဂိုးဆိုတဲ့ရလဒ်နဲ့ အရှူံးပေးခဲ့ရတာပါပဲ။ ဒါဟာ ရာသီကြိုသုံးပွဲဆက် ရှုံးနိမ့်မှုရဲ့ အစပထမပါပဲ။

ရာသီကြိုသုံးပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းဟာအမှတ်ပေးဇယားရဲ့အောက်ခြေကိုရောက်နေခဲ့ပါပြီ။ဝေဖန်ပြစ်တင်မှုမျိုးစုံဟာလည်း အာတီတာအပေါ်ကိုရောက်ရှိလာခဲ့ပါပြီ။ အာတီတာဟာ ငွေသန်းပေါင်းများစွာသုံးစွဲပြီး ကစားသမားခေါ်ယူမှုတွေပြုလုပ်ခဲ့တာတောင် အသင်းကိုအောက်ဆုံးအထိဆွဲချနေပြီလား၊ အာတီတာဟာ အာဆင်နယ်အတွက် မှန်ကန်တဲ့မန်နေဂျာတစ်ယောက်ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းကြီးတွေဟာ စပိန်သားဆီ ဦးတည်လို့လာခဲ့ပါတယ်။ 

အဲ့ဒီ့အချိန်မှာ အာတီတာဟာ သူ့ကိုယ်သူစပြီး သံသယ၀င်ခဲ့မိတယ်လို့ Sky Sports နဲ့ အင်တာဗျူးလ်အစီအစဉ်မှာ ဖွင့်ဟလာခဲ့ပါတယ်။

ကျွန်တော်ကိုယ့်ကိုယ်ကို သံသယ၀င်ခဲ့မိတယ်၊ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ခဲ့မိတယ် .. တကယ်လို့ ကိုယ်ကပိုကောင်းတဲ့နေရာတစ်ခုကို သွားချင်တာဆိုရင် ဒါဟာ ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ရမယ့် ခရီးစဉ်တစ်ခုရဲ့ အစိတ်အပိုင်းပါပဲ

ကိုယ့်ရဲ့အနားမှာ အမှန်တရားကို ပြောပြမယ့် အခြားသူတွေလိုအပ်တယ်။ပြီးတော့ ပိုကောင်းလာဖို့၊ပိုတိုးတက်လာဖို့နဲ့အခြားသောအမြင်တွေ၊နည်းလမ်းတွေနဲ့ အလုပ်လုပ်ဖို့ နှိမ့်ချတတ်မှုလည်း ရှိလို့လိုပါမယ်လို့ အာတီတာကဆိုပါတယ်။

Advertisements

ရာသီကြိုသုံးပွဲဆက်ရှုံးနိမ့်ပြီးချိန်မှာတော့ ဝေဖန်ပြစ်တင်မှုများစွာကို အာတီတာဟာ ရင်ဆိုင်ခဲ့ရပါတယ်။ဒါတွေကို သူဘယ်လိုရှုမြင်ခဲ့သလဲ၊ဘယ်လိုဖြေရှင်းခဲ့လဲဆိုတာကိုလည်း ခုလိုပဲ ဖြေကြားခဲ့ပါတယ်။

ဘောလုံးရာသီရဲ့ပထမဆုံးပွဲစဉ်ပြီးနောက်မှာတော့ လူတိုင်းရဲ့တုံ့ပြန်မှုက တကယ်ကိုပြင်းထန်ခဲ့ပါတယ်

ဒါပေမယ့် ဒါဟာဘာကိုပြောပြနေလဲဆိုတော့ ကိုယ်ရှိနေတဲ့အသင်းအပေါ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေ၊ဒီအသင်းအတွက် ပရိသတ်တွေဆီမှာ၊အသင်းဆီမှာရှိနေတဲ့စိတ်ပြင်းပြမှုတွေ၊အချစ်တွေနဲ့ အနားမှာရှိနေတဲ့အရာတွေကို ကိုယ်ဟာ ဘယ်လောက်မြန်မြန်ပြောင်းလဲနိုင်လဲဆိုတာကိုပေါ့။ဒီအတွက် ပြင်ဆင်ထားဖို့လိုမယ်။ဘာကြောင့် ဒီလိုအရာတွေဖြစ်နေလဲဆိုတာလည်း ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်

သင်ခန်းစာအကြီးကြီးတွေထဲက တစ်ခုကတော့ ခက်ခဲတဲ့အခိုက်အတန့်တွေမှာ တည်တည်ငြိမ်ငြိမ်နေနိုင်ဖို့၊၊ဘာကြောင့်ဒီအရာတွေဖြစ်လာသလဲဆိုတာ နားလည်ပြီး ရှေ့ကိုဆက်သွားဖို့ ဖြစ်တယ်ဆိုတာပါပဲ

အခုဆို အာတီတာဟာ ဩဂုတ်လရဲ့တစ်လတာအကောင်းဆုံး ပရီးမီးယားလိဂ်မန်နေဂျာဆုကိုလည် ရရှိထားခဲ့ပါပြီ။ အသင်းဟာလည်း အဆင့်တစ်နေရာမှာပါ။ဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်း Gtech Community Stadium မှာလည်း ဂိုးပြတ်အနိုင်ယူခဲ့နိုင်ပါပြီ။

အတိတ်ဟာ ကျန်ခဲ့ပါပြီ။ဒါပေမယ့် အချို့သင်ခန်းစာတွေကိုတော့ ကျွန်တော်တို့မေ့ထားလို့မဖြစ်ဘူးမလား။ လက်ရှိအရှိန်အဟုန်ဆိုတာကလဲ အရင်ဂန်းနားထက်ပိုကောင်းပေမယ့် အခြားပြိုင်ဖက်တွေနဲ့ ယှဥ်ရင်တော့ပြောစရာတွေများနေဆဲပါ။ ဒါပေမယ့်လည်း ဒီလိုပဲ ချီတက်ကြရတာပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: