အာဆင်နယ်ရဲ့ အခြေအနေကို သုံးသပ်ပြခဲ့တဲ့ ရှီးယားရား

ဘရန့်ဖို့ဒ်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ အလန်ရှီးယားရှားဟာ BBC.com ရဲ့ သူ့ကိုယ်ပိုင် ကော်လံမှာ  အာဆင်နယ်ဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်း မဟုတ်သေးပေမယ့် အရင်ကနဲ့ မတူညီတဲ့ အသင်းတစ်သင်းဖြစ်လာခဲ့ပြီလို့ ချီးကျူးခဲ့ပါတယ်။

မနှစ်က ရာသီအဖွင့်မှာ ဘရန့်ဖို့ဒ်ဟာ သူတို့ရဲ့အိမ်ကွင်းမှာ အာဆင်နယ်ကို ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ဒီရာသီမှာတော့အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်းမှာ စွမ်း‌ဆာင်ရည်အပြတ်အသတ်၊ဂိုးရလဒ်အပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီး  မန်ယူကို ရှုံးနိမ့်ခဲ့ပြီးနောက် အနိုင်ရလဒ်ကို ပြန်သိမ်းပိုက်နိုင်ခဲပါတယ်။ အောက်တိုဘာလမှာတော့ စပါး၊ လီဗာပူးလ်တို့နဲ့ ထပ်မံရင်ဆိုင်ရဖို့ ရှိနေတာကြောင့် အာဆင်နယ်အတွက် ဒီပွဲစဉ်ဟာ မဖြစ်မနေ အနိုင်ယူနိုင်ခဲ့ဖို့ လိုအပ်ပါတယ်။

ဘရန့်ဖို့ဒ်ဟာ သူတို့ရဲ့ အိမ်ကွင်းမှာ အသင်းကြီးတွေကို အမြဲ ဒုက္ခပေးလေ့ရှိပြီး အာဆင်နယ်ကိုလည်း ဒီတစ်ကြိမ်မှာ  ဒုက္ခပေးနိုင်ဦးမလားဆိုပြီး ပရိသတ်တွေဟာ စိတ်ပူနေ‌ခဲ့ပေမယ့် ရှာကာဦးဆောင်လာတဲ့ အမြှောက်တပ်သားတွေဟာ ချီးကျူးစရာ စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ တနင်္ဂနွေညနေခင်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အလန်ရှီးယားကတော့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပထမဆုံးရွေးချယ်ခံရပြီး စိတ်လှုပ်ရှားနေမှာ‌ဖြစ်တဲ့ တိုနေးဟာ ဒီပွဲစဉ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ဆာလီဘာ၊ ဂါဘရီယယ်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေခဲ့တယ်လို့ဆိုပါတယ်။ တစ်ဖက်မှာတော့ ဂျေးဆုဟာ ရှာကာရဲ့ လှပတဲ့ဖန်တီးပေးပို့မှုကနေ သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့ပြီး ဒီနေ့မှာ တောက်ပခဲ့တယ်လို့ ရှီးယားက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၃လ အလိုက အာဆင်နယ်နဲ့ လက်ရှိအာဆင်နယ်ဟာ အများကြီးပြောင်းလဲသွားခဲ့ပြီဆိုတဲ့ အချက်ကိုလည်း အလန်ရှီးယားက ထောက်ပြလာပါတယ်။မနှစ်က ဘရန့်ဖို့ဒ်က ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းက ကစားသမားလေးယောက်သာ ဒီတစ်ခါ ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ရချိန်မှာ ပြန်လည်ပါ၀င်ခဲ့တာဖြစ်ပြီး သူတို့ကတော့ ဘန်ဝှိုက်၊ ဂါဘရီယယ်၊ မာတင်နယ်လီနဲ့ ရှာကာတို့ ဖြစ်ပါတယ်။

Advertisements

လက်ရှိမှာ အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ်တွေမတိုင်မီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၇ပွဲအပြီး ၆ပွဲနိုင်၊၁ပွဲရှုံးဆိုတဲ့ ရလဒ်နဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ပြီးခဲ့တဲ့ရာသီမှာ ပွဲဦးထွက် သုံးပွဲဆက်ရှုံးနိမ့်ခဲ့ပြီး ဝေဖန်မှုတွေအများအပြားရခဲ့တဲ့ အာတီတာဟာ ဒီတစ်ကြိမ်မှာတော့ ချီးကျူးအသိအမှတ်ပြုမှုတွေ အများကြီးရဖို့ ထိုက်တန်တယ်လို့ ရှီးယားကဆိုပါတယ်။

လာမယ့် အောက်တိုဘာအစမှာ အာဆင်နယ်ဟာ စပါး၊လီဗာပူးလ်တို့နဲ့ ဆက်တိုက်ပွဲကြပ်တွေရင်ဆိုင်ရဖို့ ရှိနေပြီး အာဆင်နယ်ရဲ့ ရာသီတာထွက်နေမှုအတွက် စမ်းသပ်မှုဖြစ်လာမယ်လို့ နယူးကာဆယ်တိုက်စစ်မှူးဟောင်းကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်၃၁ပွဲ‌တောင် ကစားရဖို့ ကျန်နေသေးချိန်မှာ အာဆင်နယ်ဟာ ချန်ပီယံပြေးလမ်းကြောင်းပေါ်ရှိနေပြီလားဆိုတဲ့ မေးခွန်းကို ဖြေဖို့ အတော်လေးစောနေပါသေးတယ်။ဒီရာသီမှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်အောင်မြင်မှုနဲ့ လိဂ်ဖလားတစ်ခုလောက် ဗိုလ်စွဲနိုင်ဖို့ပဲ လိုအပ်နေသေးတာပါ။

ဒါပေမယ့် အောက်တိုဘာမှာ ရမှတ်အပြည့် ရယူနိုင်ခဲ့မယ်ဆိုရင်ရော၊ ဒါဟာ လက်တွေ့မှာဖြစ်လာနိုင်ဖို့ တကယ်ကိုခက်ခဲမှာဖြစ်ပေမယ့် တက်ူဖြစ်လာခဲ့ရင်၊အာဆင်နယ်သာ အောက်တိုဘာ ကန့်လန့်ကာချချိန်မှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့ရင် သိပ်ကို စိတ်၀င်စားစရာကောင်းလာတော့မှာပါ။

သိပ်တော့ ‌မမျှော်လင့်ထားပါနဲ့ဦး၊ တိုက်ပွဲက ရှည်ဦးမှာပါ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: