အာတီတာနဲ့ ပွဲကြိုအင်တာဗျူး

ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မတိုင်မီမှာတော့ ထုံးစံအတိုင်း သတင်းစာရှင်းလင်းပွဲတစ်ခု ရှိခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းမှုတွေကိုအာတီတာ ဘယ်လိုဖြေကြားခဲ့လဲဆိုတာ ပြန်လည် ဖြေကြားလိုက်ရပါတယ်။

တစ်လတာ အကောင်းဆုံး မန်နေဂျာဆု ရခဲ့တဲ့အပေါ်

“ဒါဟာ ကောင်းမွန်ပါတယ်။အသင်းက ကောင်းကောင်းအလုပ်လုပ်နေတယ်ဆိုတဲ့ လက္ခဏာပဲဖြစ်ပြီး ကျွန်တော်တို့ရဲ့အနိုင်ရလဒ်တွေကြောင့် ဒီလို နောက်ဆက်တွဲ အကျိုးကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။ နေ့စဉ် အသင်းရဲ့ တစ်နေ့တာ လုပ်‌ဆောင်မှုတွေထဲမှာ ပါ၀င်ခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။သူတို့ဟာ ကျွန်တော်တို့ရဲ့ အလုပ်တွေ ပိုပြီး လွယ်ကူအောင်၊ဖြစ်နိုင်အောင် ကူညီပေးတဲ့သူတွေပေါ့၊ အထူးသဖြင့် ကစားကွင်းထဲမှာ ကွဲပြားခြားနားမှုတစ်ခုကို ပြုလုပ်ပြီး ကစားပွဲတွေကို အနိုင်ရအောင် ကျွန်တော်တို့ကို ကူညီပေးနေတဲ့ ကစားသမား‌တွေကိုပေါ့ဗျာ။ပြီးတော့  အသင်းရဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်”

တစ်လတာ အကောင်းဆုံး မန်နေဂျာဟာကစားသမားကောင်းတွေခေါ်ယူနိုင်ခဲ့တာရဲ့  ထင်ဟပ်မှုတစ်ခုလား

“ဒါဟာ အရာအားလုံးကို ထင်ဟပ်နေတာပါ၊ ကစားသမားကောင်းတွေကို ခေါ်ယူခဲ့ပေမယ့် ကစားပွဲတွေကို ရှုံးနိမ့်ခဲ့ရင် ဒီလို ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။နေ့တစ်‌တစ်နေ့ရဲ့ အဆုံးမှာတည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်ခဲ့ဖို့က အရေးကြီးပြီး နေ့တိုင်းမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်ဖို့ ကြိုးစားရပါတယ်။ဒီလို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ကစားပွဲတွေထဲမှာ တတ်နိုင်သလောက် များများ ချနိုင်အောင် လေ့ကျင့်ရပါတယ်။ဒါဟာ အသင်းတစ်သင်းရဲ့ အရှိန်အဟုန်ပါပဲ”

ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ရမယ့်အပေါ်

“သူတို့က တကယ်ကောင်းမွန်တဲ့ အသင်းပါ။ဒီနှစ်ထဲမှာမှ မဟုတ်ပါဘူး၊ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာပါ သောမတ်စ်နဲ့ သူ့ရဲ အဖွဲ့သားတွေ လုပ်ပြခဲ့တဲ့အရာတွေဟာ အသိအမှတ်ပြုထိုက်တယ်လို့ ကျွန်တော်ထင်ပါတယ်။အထူးသဖြင့် အိမ်ကွင်းမှာဆိုရင် အသင်းကြီးနဲ့တွေ့အခါ သူတို့ စွမ်းဆောင်ပြတဲ့ပုံစံ၊ ရလဒ်တွေဟာ တကယ်ကောင်းမွန်ပြီး တနင်္ဂနွေမှာ ဒါကို ကျွန်တော်တို့ ရင်ဆိုင်ရမှာပါ။သူတို့ကို အနိုင်ရဖို့ ဘယ်လောက်ထိခက်ခဲနိုင်လဲဆိုတာ ကျွန်တော်တို့ ကောင်းကောင်း သတိပြုမိပါတယ်”။

Advertisements

ဘရန့်ဖို့ဒ်မန်နေဂျာ သောမတ်စ်ဖရန့်ခ်‌အပေါ်

“သူဟာ တစ်ဦးတည်းအနေနဲ့ရော၊ နည်းပြအဖွဲ့၀င်တွေနဲ့ပါ တကယ် အံ့ဩဖို့ကောင်းတဲ့ အရာတစ်ခုကို လုပ်ပြခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့မှာ ရှိနေတဲ့ အသင်း၊ဆုံးဖြတ်ချက်ပြတ်သားမှုတွေ၊ဘောလုံးနဲ့ ပတ်သက်တဲ့ အတွေးအခေါ်နဲ့အမြင်တွေ ၊ပြီးတော့ သူတို့ရဲ့ ပြိုင်ဘက်ကို အနိုင်ယူပုံတွေ၊ တိုးတက်လာပုံတွေအရ တကယ်ချီးကျူးခံရသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်”

ဒီရာသီမှာ ဘရန့်ဖို့ဒ်ကို ရင်ဆိုင်ရတာဟာ မနှစ်ကရာသီတုန်းက ရင်ဆိုင်ခဲ့ရတာနဲ့ စာရင် မတူညီတာ ရှိနိုင်လား

“ဒါဟာ အာဆင်နယ်အသင်းပါ။ဒါဟာ အား လုံးရဲ့ အသင်းပဲ ဖြစ်ပြီး လူတိုင်းက မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ဒီနာမည်မှာ ပါ၀င်ပတ်သက်နေကြပါတယ်။အကြောင်းအရာတွေ၊ခေါင်းစဉ်တွေ ပြောင်းလဲသွားခဲ့ရင်တောင် ကျွန်တော်တို့ဟာ အာဆင်နယ်ဆိုတဲ့ အချက်ကို အချိန်အကြာကြီး ဆက်ထိန်းသိမ်းထားနိုင်ရပါလိမ့်မယ်”

တနင်္ဂနွေနေ့အတွက် အသင်းရဲ သတင်းတွေက

“ကံမကောင်းစွာနဲ့ပဲ မနက်ဖြန်မှပဲ ဘယ်သူတွေ လူစာရင်းမှာပါမယ်၊ဘယ်‌သူတွေ ချန်လှပ်ခံထားရမလဲဆိုတာ သတင်းအသစ်တွေ ထွက်လာပါလိမ့်မယ်။ကျွန်တော်တို့ ၂၄နာရီလောက် အခြေအနေသစ်တွေ သိရဖို့ စောင့်ရပါမယ်။တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက် မနက်ဖြန်အတွက် လေ့ကျင့်ခန်းဆင်းနိုင်ပြီး ရွေးချယ်ခံရဖို့ ရှိနေပါတယ်။ပြီးရင်တော့ တနင်္ဂနွေနဲ့ ပွဲမှာ သူတို့ဟာ သော့ချက်ဖြစ်လာပါလိမ့်မယ်”

Advertisements

စမစ်ရိုးရဲ့ ကြံ့ခိုင်မှုအပေါ်

“သူမှာ အခုထိမသက်သာသေးတဲ့ ဒဏ်ရာပြဿနာတစ်ခု ရှိနေတာပါ။သူ့ရဲ့ ပေါင်ခြံတဝိုက်မှာ အဆင်မပြေဘူးလို့ သိရပါတယ်။ဒီရာသီမှာ သူဟာ  ဆက်တိုက်ကစားနိုင်စွမ်း မရှိသေးပါဘူး။သူရဲ့ ဒဏ်ရာအခြေအနေကို အသေးစိတ်သိပြီး တတ်နိုင်သလောက် ကူညီဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်၊ကျွန်တော်တို့အတွက် သူ ကြံ့ခိုင်မှုပြည့်နေဖို့၊ အမြင့်မား‌ခြေစွမ်းနဲ့ ကစားနိုင်ဖို့ လိုအပ်ပါတယ်၊သူက အသင်းအတွက် အရမ်းအရေးကြီးတဲ့ ကစားသမားပါ။ကံမကောင်းစွာနဲ့ပဲ ဒီလိုအချိန်အခိုက်အတန့်တွေမှာ (ဒဏ်ရာပြဿနာကြောင့်) သူဟာ ကျွန်တော်တို့အတွက် မရှိနိုင်ခဲ့ပါဘူး။”

ဇင်ချန်ကိုရဲ့ အခြေအနေ

“သူ ဘယ်လိုအခြေအနေမှာ ရှိနေတယ် ၊ နိုင်ငံတကာ ပွဲစဉ်တွေ ရှိတဲ့ weekend မှာ ကျွန်တော်တို့ ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ဖို့ မနက်ဖြန်အထိ စောင့်ရပါဦးမယ်။မနက်ဖြန်မှာတော့ ကျွန်တော်တို့ တစ်ခုခု ပြောနိုင်မှာပါ”

အာစင်၀င်းဂါး တစ်နေ့ အာဆင်နယ်ကို ပြန်လာမယ့်အပေါ်

“ကျွန်တော်ဒါကို သဘောကျမိမှာပါ။သူလည်း ဒါနဲ့ ပတ်သက်ပြီး ရှင်းပြပြီးပြီလို့ ကျွန်တော်ထင်ပါတယ်။တစ်နေ့ သူအသင့်ဖြစ်တဲ့အခါ၊ အသင်းဆီ ပြန်လာဖို့ မှန်ကန်တဲ့ အချိန်လို့ ခံစားရတဲ့အခါ အသင်းက သူ့အတွက် အမြဲတံခါးတွေ ဖွင့်ထားတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဒါ့ကို ကျွန်တော့်ဆီကနေရော အသင်းမှာရှိတဲ့ လူတိုင်းဆီကနေပါ သိပါလိမ့်မယ်။သူ မကြာခင် ပြန်လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်၊ဘာလို့လဲဆိုတော့ သူဟာ စိတ်ခွန်အားတွေ ပေးနိုင်မှာ ဖြစ်ပြီး သူ့ကို မြင်ရတဲ့အခါ ပျော်ရွင်တဲ့သူတွေ အများကြီးရှိမှာပါ”

Advertisements
Advertisement

Leave a Reply

%d bloggers like this: