အချက်ပေးသံတွေ ၊​ စိုးရိမ်ပူပန်မှုတွေနဲ့ အာဆင်နယ်ရဲ့ဒဏ်ရာအခြေအနေများ

ဂျေးဆူအပါအဝင် ကစားသမားသစ်တွေ ရောက်ရှိလာတာဟာ အသင်းရဲ့တိုက်စစ်ကို အများကြီး တိုးတက်ပြောင်းလဲစေခဲ့တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ မန်စီးတီးဆီကနေ ပေါင်သန်း၅၀နဲ့  ဂျေးဆူကို ရလိုက်တာဟာ အာဆင်နယ်အတွက် အဖိုးတန်လှပါတယ်။  ဘရာဇီးလ်သားရဲ့ သွင်းဂိုးနဲ့ဂိုးဖန်တီးမှုတွေ၊လုပ်အားနှုန်းတွေနဲ့ နည်းစနစ်ကျွမ်းကျင်မှုတွေဟာ အသင်းရဲ့ တိုက်စစ်ကို အဆင့်အတန်းတစ်ခု မြင့်တက်စေခဲ့ပါတယ်။ဒီအချက်ကို ဘယ်သူမှ မငြင်းဆန်နိုင်ပါဘူး။အမ်းမရိတ်ကို ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းကောင်းတွေပြသနေတဲ့ ဂျေးဆုဟာ အချိန်တိုအတွင်းမှာပဲ ဂန်းနားတွေအတွက် မရှိမဖြစ်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ဇင်ချန်ကို ရဲ့ ဒဏ်ရာသတင်းက ဂန်းနားပရိတ်သတ်တွေအဖို့ ဒဏ်ရာသံသရာလည်ပြီလားဆိုတာကို စတင်စိုးရိမ်စေပါတယ်။  ယူကရိန်းသားရဲ့ အသင်းနဲ့အလျင်အမြန်အသားကျမှု ၊ ခြေစွမ်းပြမှုတွေက အမ်းမရိတ်ပရိတ်သတ်ကို အပျော်တွေစီးဆင်းစေခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ပူပန်နေရပြီဖြစ်ပါတယ်။ သူ့ရဲ့ ဒဏ်ရာဟာ  ၂ ပတ်ခန့်ကြာနိုင်ပြီး  ပိုမဆိုးဖို့အတွက် တာဝန်ရှိသူတွေက မျှော်လင့်နေကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီလိုအချိန်မှာ ပေါလ်မာဆင်ကလည်း ဂျေးဆူသာ ဒဏ်ရာရသွားခဲ့ရင် အသင်းအတွက် ပြဿာနာအကြီးကြီး ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပြုလာပါတယ်။ အန်ကက်တီးယားဟာ ဂျေးဆူရဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မယ့်သူမဟုတ်ဘူးလို့ မာဆင်က ယုံကြည်နေပါတယ်။

Advertisements

တကယ်လို့ ဂျေးဆူဟာ ဒဏ်ရာရသွားခဲ့ရင် အာဆင်နယ်အတွက် ပြဿာနာအကြီးကြီး ဖြစ်လာပါလိမ့်မယ်အန်ကက်တီးယားကလည်း ကစာသမားကောင်း  တစ်ယောက်ပါ။ ဒါပေမယ့် သီတင်းပတ်တိုင်းမှာ  ကစားနေပြီး ဂိုးတွေ သွင်းနေဖို့ဆိုတာ မတူညီတဲ့ အခြေအနေတစ်ခုပါ

“ကျွန်တော်အများကြီးတော့ မပြောချင်ပေမယ့် အာဆင်နယ်ရဲ့ လက်ရှိပုံစံဟာ ထိပ်သီးလေးသင်းစာရင်း၀င်ဖို့သေချာပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့ ချန်ပီယံလိဂ် ၀င်ခွင့် သေချာပေါက်ရအောင် လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်” လို့ မာဆင်က ဆိုပါတယ်။ ဒါပေမယ့်  အာဆင်နယ်အသင်းအတွက်ကတော့ ခြွင်းချက် အခြေအနေတွေများပြားလွန်းလှပါတယ်။ အထူးသဖြင့် ကစားသမားတွေရဲ့ကြံ့ခိုင်မှုအနေအထားပါပဲ။

မာဆင်ပြောသလိုပဲ ဂျေးဆူသာ ဒဏ်ရာရသွားခဲ့ရင် အသင်းအတွက် ပြဿနာတစ်ခုဖြစ်လာနိုင်ပါတယ်။ အန်ကက်တီးယားဟာ ဂျေးဆူရဲ့ နေရာကို အပြည့်အ၀ အစားထိုးနိုင်မှာ မဟုတ်ပေမယ့် သူရဲ့ တိုးတက်မှုတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။ ရက်သီတင်းပတ်အချို့လောက် ဂျေးဆူအနားယူနေခဲ့ရရင်တော့ အန်ကက်တီးယားဟာ အံ့ဩစရာတွေကို မလုပ်ပြနိုင်ဘူးလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။

သို့သော်  တစ်ယောက်ယောက် ဒဏ်ရာရပြီး နောက်တစ်ယောက်က အစွမ်းပြတယ်ဆိုတာထက် တသင်းလုံး ကြံ့ခိုင်နေကြပြီး ပထမနေရာအတွက်​ယှဥ်ပြိုင်နေကြတာမှသာ အသင်းကောင်းတသင်းရဲ့ ပုံစံအမှန်ဖြစ်ပါတယ်။

ရာသီအစမှာ တိုမီယာစုနေရာကို ဘန်ဝှိုက်ဝင်ကစားရတာမျိုးကလည်း ဆေးမြီးတိုသာဖြစ်သင့်ပါတယ်။ ဒီလိုကိစ္စတိုင်းဟာ ကွင်းထဲမှာ အဆင်ပြေပြေနဲ့ အောင်မြင်နိုင်မယ်လို့ တပ်အပ်မပြောနိုင်ပါဘူး။ ဒါ့အပြင် ဇင်ချန်ကို မကစားနိုင်ချိန်မှာ တီယာနေရှိပေမယ့် ဒီစကော့တလန်သားရဲ့ ပြဿနာကိုလည်း အားလုံးသိပြီးသားပါ။  ကွင်းလယ်မှာ အထူးခြေစွမ်းပြခဲ့တဲ့ စမစ်ရိုးကလည်း အချိုကြိုက်တာကစလို့ ကြံ့ခိုင်မှုမပြည့်ပြန်ပါဘူး။

ဘယ်လိုပဲအားတင်းပြီးဖြေသိမ့်နေပါစေ … အာဆင်နယ်ပရိတ်သတ်တွေအတွက် ခြောက်အိမ်မက်ကတော့ စတင်လုလုပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: