ကမ္ဘာ့အကောင်းဆုံး အသင်းတွေမှာ ကစားချင်တယ်လို့ ၀န်ခံလာခဲ့တဲ့ အာဆင်နယ်ပစ်မှတ်

လက်ရှိရာသီအစမှာတော့ ဘရိုက်တန်ဟာ စွမ်းဆောင်ရည်ကောင်းတွေပြသထားခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ်ခြောက်ပွဲကစားပြီးချိန်မှာ ၄ပွဲနိုင်၊၁ပွဲသရေ၊၁ပွဲရှုံးဆိုတဲ့ ရလဒ်ထွက်ပေါ်ထားခဲ့ပါတယ်။ပြီးခဲ့တဲ့ ရာသီမှာလည်း ဘရိုက်တန်ဟာ အဆင့်၉နေရာ ရယူနိုင်ခဲ့ပြီး နည်းပြ ဂရေဟမ်ပေါ်တာ (ယခု ချဲလ်ဆီး) နဲ့ သူရဲ့ ကစားသမားတွေဟာ ချီးကျူးရလောက်တဲ့ စွမ်း‌ဆောင်ရည်မျိုးကို ပြသနိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ ဘရိုက်တန်ကစားသမားတွေဟာလည်း အသင်းကြီးတွေရဲ့ ပစ်မှတ်ကစားသမားစာရင်းထဲမှာ ပါ၀င်လာခဲ့ပါတယ်။ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ကွင်းလယ်လူတစ်ဦးခေါ်ယူဖို ကြိုးစား‌နေတဲ့ အာဆင်နယ်ရဲ့ ရေဒါအောက်မှာ ဘရိုက်တန်ကွင်းလယ်လူ ကိုင်ဆီဒိုမွိုက်ဆပ်စ်တစ်ယောက်ပါ၀င်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ ကိုင်ဆီဒိုဟာ ဒီရာသီမှာလည်း အသင်းရဲ့ အောင်ပွဲတွေမှာ အရေးပါတဲ ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့နွေမှာ မန်ယူ၊အာဆင်နယ်တို့အပြင် ဥရောပအသင်းကြီးအများအပြားဟာ သူ့ကို ခေါ်ယူဖို့ စိတ်၀င်စားခဲ့ကြပါတယ်။ ဒါပေမယ့် ကိုင်ဆီဒိုကို ခေါ်ယူဖို့အတွက် ငွေကြေးအများအပြား သုံးစွဲရဖို့ ရှိနေတာဟာ သူ့ကိုစိတ်၀င်စားတဲ့ အသင်းတွေအတွက် အနည်းငယ်စဉ်းစားစရာဖြစ်ခဲ့ပါတယ်။

Advertisements

လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာတော့ အာဆင်နယ်ဟာ ကိုင်ဆီဒိုကို ခေါ်ယူဖို့ ကြိုးစားလာဖွယ်ရှိပြီး  ကစားသမားကလည်း ဘရိုက်တန်က‌နေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။ အီကွေဒေါသားက သူဟာ ထိပ်တန်းအသင်းကြီးတစ်သင်းကို သွားချင်ကြောင်း ၀န်ခံလာခဲ့ပါတယ်။

အခုလောလောဆည်တော့ ဘရိုက်တန်နဲ့ ကမ္ဘာ့ဖလားအပေါ်ပဲ ကျွန်တော်လုံး၀အာရုံစိုက်ထားပါတယ်။ကျွန်တော်တကယ်ကို မိုက်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွေ့အကြုံတစ်ခုကို ပိုင်ဆိုင်ချင်ပါတယ်၊ပြီးရင်တော့ ဘာတွေဖြစ်မလဲဆိုတော့ ကြည့်ကြတာပေါ့

ကမ္ဘာ့ပေါ်က အကောင်းဆုံးအသင်းတယတွေထဲက တစ်သင်းမှာကစားပြီး အောင်မြင်မှုတွေ ရယူဖို့ဆိုတာ ကျွန်တော့်ရဲ့ အိပ်မက်ပါပဲလို့ ကိုင်ဆီဒိုက ပြောကြားလာခဲ့ပါတယ်။

ကိုင်ဆီဒိုသာ အမ်းမရိတ်ကိုရောက်ရှိလာခဲ့ရင် ပရိသတ်တွေအတွက် ပျော်ရွှင်စရာ သတင်းတစ်ခုဖြစ်မှာပါ။ ဒါပေမယ့် ဘရိုက်တန်အသင်းကတော့ သူတို့ရဲ့ ကစားသမားကို ဈေးပေါပေါနဲ့ ရောင်းချမှာမဟုတ်သလို အခြားအသင်းတွေကလည်း အပြိုင်ခေါ်ယူဖို့ ကြိုးစားလာနိုင်တာကြောင့် ကိုင်ဆီဒိုကို ခေါ်ယူဖို့ဆိုတာ အီဒူးတို့အတွက် သိပ်တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ 

ဘရိုက်တန်နည်းပြ ပေါ်တာကတော့ အသင်းကြီးတသင်းထံရောက်ရှိသွားခဲ့ပါပြီ။ သူနဲ့အတူ ကွင်းလယ်လူကရော ဘယ်ရောက်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: