Updated Team News – နောက်ဆုံးရအာဆင်နယ် သတင်းများ(15 Sep)

ဘာပေလို စာချုပ်မျိုး  ဆာကာဖြစ်လာနိုင်တယ်လို့  Football London သုံးသပ်

သီးခြားအချက်အလက်တွေပါဝင်နေတဲ့ ပီအက်စ်ဂျီနဲ့ အမ်ဘာပေရဲ့ စာချုပ်ချုပ်ဆိုမှုဟာ  ဆာကာကို အသင်းမှာ အကြာကြီးထားလိုတဲ့ အီဒူးအတွက် အထောက်အကူပြုမှာဖြစ်တယ်လို့ Football London က သုံးသပ်လာပါတယ်။ ဂန်းနားတို့ဟာ ဆာကာကိုအသင်းမှာ အကြာကြီးရှိနေဖို့ ကြိုးပမ်းနေကြတာဖြစ်ပြီး ၊  စာချုပ်သစ်တရပ်ပြင်ဆင်နေကြတာလည်းဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဘာပေရဲ့ စာချုပ်ပါအချက်အလက်တွေကို ပြင်ပကိုထုတ်ပြလာခဲ့ခြင်းက ဆာကာကိုဆွဲဆောင်ဖို့အတွက် အီဒူးကို သွယ်ဝိုက်ပြီးအထောက်အကူပြုမယ်လို့ လန်ဒန်အခြေစိုက်သတင်းစာက သုံးသပ်လာတာဖြစ်ပါတယ်။

အကီနိုလာ အငှားကစားသမားဘဝနဲ့ ပွဲဦးထွက်ခဲ့

ရှုံးပွဲမရှိကစားပြနေတဲ့ ချက်စတာဖီးအသင်းအတွက် နောက်ထပ်ပွဲစဥ်တစ်ပွဲအဖြစ် ဆောက်သမ်းယူနိုက်တက် သရေကျတဲ့ပွဲမှာ ဂန်းနားလူငယ်လေး တင်အကီနိုလာလဲပါဝင်ကစားခဲ့တယ်လို့သိရပါတယ်။ အဆိုပါပွဲမှာ အရံခုံတန်းမှာပဲရှိနေခဲ့ပေမယ့် ဒုတိယပိုင်းမှာလူစားဝင်ကစားခဲ့ပြီး အသင်းချေပဂိုးတွေရစေဖို့အထောက်အကူပြုသွားခဲ့တယ်လို့ဆိုပါတယ်။ အကီနိုလာဟာ မနှစ်တုန်းကလည်း စကော့တလန်ကလပ် ဒန်ဒီးယူနိုက်တက်မှာ အငှားသွားကစားပြီး ခြေစွမ်းပြသထားသူဖြစ်ပါတယ်။

Advertisements

ရှာခါကို ထုတ်ဖော်ချီးကျူးခဲ့တဲ့ ဗီအဲရာ

ပဲလေ့စ်နည်းပြ ဂန်းနားဂန္တဝင် ကပ္ပတိန်ဟောင်း ဗီအဲရာက  ကွင်းလယ်လူဂရန်းနစ်ရှာခါကို  မှတ်ချက်ပြုချီးကျူးခဲ့ပါတယ်။

“ ရှာခါက တကယ့်အသင်းအတွက်အရေးကြီးတဲ့သူတစ်ယောက်ပါ။ သူက ခင်ဗျားမျက်စေ့သျှမ်းပြီး မမြင်မိတဲ့သူတစ်ယောက်ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သူလုပ်ပြနေတာတွေက အကောင်းဆုံးတွေဗျ “  ဆိုပြီး ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ဂရန်းနစ်ရှာခါဟာ လက်ရှိအချိန်မှာ အသင်းနဲ့ရော ပရိတ်သတ်တွေနဲ့ပါ တသားထဲရှိပြီး ခြေစွမ်းလည်းပြလျက်ရှိပါတယ်။

အာဆင်နယ် ၊ လီဗာပူးလ်တို့ အရှိန်မရခင် စီးတီးတို့ ပုံစံကောင်းပြဖို့လိုတယ်လို့ အိုဝင်ပြော

အာဆင်နယ်အသင်းရဲ့ တာထွက်ကောင်းမွန်မှုကြောင့် ပရိတ်သတ်တွေနဲ့ Pundit တွေရဲ့ အာရုံကို စတင်ရရှိလာချိန်မှာ လီဗာပူကစားသမား အိုဝင်ကလည်း မန်စီးတီးအသင်းကို  အခြားအသင်းတွေအရှိန်မရခင်မှာ အကောင်းဆုံးဖြစ်နေဖို့ သတိပေးလာခဲ့ပါတယ်။ အိုဝင်က “ မန်စီးတီးအသင်းက ပျှမ်းမျှအဆင့်ရှိတဲ့ တာထွက်ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဘယ်သူကမှတော့ စီးတီးကို စကထဲက အမှတ်ပေးဇယားကို ပေးဦးဆောင်ချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် စီးတီးကလည်း ညတွင်းချင်းပုံစံကောင်းတွေပျက်သွားတာမျိုးဖြစ်လို့မရပါဘူး။ အခြားအသင်းတွေအရှိန်မရခင်မှာသူတို့ကပြန်လည်တည်ငြိမ်နေဖို့ လိုပါတယ် “ ဆိုပြီး မှတ်ချက်ပြုထားတာဖြစ်ပါတယ်။

မူဒရက်ပွဲကို ကင်းထောက်တွေသွားကြည့်ခဲ့ကြ

ဂန်းနားတို့နဲ့သတင်းကြီးနေတဲ့  ယူကရိန်းကစားသမား မူဒရက်ပါဝင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဥ်ကို အာဆင်နယ် ကင်းထောက်အဖွဲ့တွေသွားရောက်ကြည့်ရှုခဲ့တယ်လို့သိရပါတယ်။ ရှက်တာဒိုးနက်တောင်ပံကစားသမားဟာ  အာဆင်နယ်အသင်းကို ပြောင်းရွှေ့လိုကြောင်း ဖွင့်ဟပြောဆိုထားသူလည်းဖြစ်ပါတယ်။ ကစားသမားတန်ကြေးကတော့ သန်း ၃၀ ခန့်ရှိတယ်လို့သိရပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: