အာတီတာဟာ သူသိတဲ့အတိုင်း၊ လိုချင်တဲ့အတိုင်းသူ့ရဲ့အသင်းကိုဆက်ကစားစေခဲ့ပါတယ်- ရိုက်ဖီးလစ်


လက်ရှိအချိန်မှာ ဘယ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ်၊ အသင်းအသင်းတွေက ထိပ်သီးလေးသင်းစာရင်း၀င်မယ်ဆိုတာ တိတိကျကျ ခန့်မှန်းဖို့က အတော်လေး စောပါသေးတယ်။ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ၆ပွဲသာ ယှဉ်ပြိုင်ထားရသေးတာကြောင့် နောက်ထပ် ၃၂ပွဲ ကစားရဖို့ ကျန်ပါသေးတယ်။

မနှစ်က ချန်ပီယံလိဂ်၀င်ခွင့်တိုက်ပွဲဟာ ပြင်းထန်ခဲ့သလို ဒီရာသီမှာလည်း ပရီးမီးယားလိဂ်အသင်းတွေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ငွေကြေးအများအပြား သုံးစွဲပြီး ကစားသမားအင်အားဖြည့်တင်းထားတာကြောင့် ချန်ပီယံလိဂ်၀င်ခွင့်တိုက်ပွဲဟာ မနှစ်ကထက် ပိုမိုပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၆ပွဲကစားပြီးချိန်မှာ ၅ပွဲအနိုင်ရထားပြီး ၁ပွဲရှုံးနိမ့်ထားတဲ့ အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရာမှာ ရပ်တည်နေပါတယ်။ ဘောလုံးသုတေသီအများစုနဲ့ ကစားသမားဟောင်းတွေကတော့ အာဆင်နယ်ဟာ လက်ရှိပြသထားတဲ့ ခြေစွမ်းအရ ရာသီကုန်မှာ ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာ ရလိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဒီလိုမျိုး အာဆင်နယ်ဟာ ထိပ်သီးလေးသင်းစာရင်း၀င်နိုင်မယ်လို့ ယုံကြည်နေသူတွေထဲမှာ ချဲလ်ဆီးကစားသမားဟောင်း ရိုက်ဖီးလစ်လည်း ပါ၀င်လာခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်ရှိခြေစွမ်းကို ရာသီကုန်ထိ တည်တည်ငြိမ်ငြိမ်နဲ့ သယ်ဆောင်ပြီး ချန်ပီယံလိဂ်၀င်ခွင့် တစ်နေရာ ရနိုင်မယ်လို့ ရိုက်ဖီးလစ်က ဆိုလာခဲ့ပါတယ်။ 

မနှစ်က အာဆင်နယ်ဟာ ကျွန်တော်ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ဒီရာသီမှာတော့ သူတို့ဟာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်နဲ့အတူ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

မနှစ်က ရာသီအစမှာတော့ သူတို့က အောက်ခြေမှာ ရှိနေခဲ့တယ်၊ဝေဖန်လှောင်ပြောင်မှုတွေကိုလည်း အများကြီးရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမယ့် အမြှောက်တပ်သားတွေဟာ သူတို့ရဲ့ လက်နက်တွေကို ကိုင်စွဲပြီး ဆက်တိုက်ပွဲ၀င်ခဲ့တယ်။အာတီတာဟာ သူသိတဲ့အတိုင်း၊ သူလိုချင်တဲ့အတိုင်း သူ့ရဲ့ အသင်းကို ဘောလုံး ဆက်ကစားနေစေခဲ့ပါတယ်

ဒါပေမယ့် ရာသီကုန်မှာတော့ ချန်ပီယံလိဂ် ၀င်ခွင့်နဲ့လွဲချော်ခဲ့တဲ့အတွက် ပရိသတ်တွေဟာ စိတ်ပျက်ခဲ့ရပါတယ်။ဒါပေမယ့် သူတို့ အဲ့ဒီနေရာ(အဆင့်ငါးနေရာ)ကို ရယူနိုင်ခဲ့တဲ့ ပုံဟာ တကယ်ကို အံ့ဩဖို့ကောင်းပါတယ်

 လို့ ရိုက်ဖီးလစ်က သုံးသပ်ခဲ့ပါတယ်။ ရိုက်ဖီးလစ်ဟာ  အာဆင်နယ်ဂန္တဝင်ကစားသမားကြီး အီယန်ရိုက်ရဲ့ မွေးစားသားလည်းဖြစ်ပါတယ်။  ဂန်းနားတို့ဟာ ရှုတ်ထွေးပြီးခက်ခဲတဲ့ အောက်တိုဘာကိုဖြတ်သန်းရမှာဖြစ်ပြီး အနီးဆုံးအဖြစ်ဘရန်းဖို့ဒ်ကို အဝေးကွင်းမှာသွားကစားရမှာလည်းဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: