ဉာဏ်ပညာပါဝင်တဲ့ ချစ်ခြင်းနဲ့ ဂန်းနားတို့အပေါ်ချစ်ပြခဲ့တဲ့ အာဆင်ဝင်းဂါး

အာဆင်၀င်းဂါးနဲ့ အာဆင်နယ်ဆိုတာ ဘယ်တော့မှ ခွဲရမယ့် အရာတွေမဟုတ်ပါဘူး။တစ်ချိန်က ရွေအိုရောင်ဂန်းနားနေ့စွဲတွေကို သမိုင်းမှာ ရေးထိုးပေးခဲ့တဲ့။ ပြင်သစ်သားကြီးကို ပရိသတ်တွေဟာ ရင်ထဲ၊နှလုံးသားထဲမှာအမြဲအမှတ်ရနေမှာပါ။

အာဆင်နယ်နဲ့အတူ ၂၂နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ၀င်းဂါးအတွက်လည်း အာဆင်နယ်ဟာ သူရဲ့ဘ၀တစ်ခုလုံးစာ ဖြစ်ခဲ့ရတာပါ။ အာဆင်နယ်မန်နေဂျာဘ၀က နှုတ်ထွက်ခဲ့ပြီးနောက်မှာ အာဆင်းဟာ မန်နေဂျာလောကထဲ ပြန်လည်၀င်ရောက်လာခြင်း မရှိခဲ့ပါဘူး။

မကြာသေးမီက ထွက်ရှိခဲ့တဲ့ ဒေးဗစ်အွန်းစတိန်းရဲ့ စာအုပ်မှာအသက်၇၂နှစ်ရှိပြီဖြစ်တဲ့ ဂန်းနားဂန္တ၀င်ကြီးက သူဟာ အာဆင်နယ်အပေါ် သက်ရောက်မှုတစ်စုံတစ်ရာ ရှိလာစေမယ့် ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။အကြောင်းရင်းကတော့ သူဟာ အာဆင်နယ်အပေါ် အမြဲ သစ္စာရှိလိုပြီး သူရဲ့ ဘ၀ဟာ အာဆင်နယ်နဲ့ သေချာပေါက် ချိတ်ဆက်ထားတယ်လို့ ခံစားရတာကြောင့်ဖြစ်တယ်လို့ အာဆင်းက ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၈မှာ အသင်းဟာ သူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာကိုလည်း အပြည့်အ၀နားလည်ပါတယ်လို့  ပြင်သစ်သားကြီးက သဘောထားကြီးစွာနဲ့ ဆိုလာခဲ့ပါတယ်။ အာဆင်နယ်မန်နေဂျာဘ၀က  နှုတ်ထွက်ခဲ့ပြီးတဲ့နောက် အခြားကလပ်အသင်းများစွာရဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့သလို အာဆင်နယ်ရဲ့ တဖန်ပြန်လာဖို့ ဖိတ်ခေါ်မှုကိုလည်း ငြင်းဆန်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ကျွန်တော့် ပြန်မလာခဲ့ပါဘူး၊ ၂၂နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် ကျွန်တော်ဟာ လမ်းဆုံးတစ်ခုကို ရောက်သွားခဲ့တာ ဖြစ်နိုင်ပြီး လူတွေက အပြောင်းအလဲတစ်ခုကို လိုချင်ခဲ့ပါတယ်။ဒါကို ကျွန်တော်နားလည်ပါတယ်  .. ကျွန်တော်ဟာ အသင်းအပေါ် အမြဲ သစ္စာရှိချင်တာပါ။ ဒါကြောင့် အခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုများစွာကို ကျွန်တော်ဟာ ငြင်းဆန်ခဲ့တာပါ။ကျွန်တော့်ရဲ့ဘ၀ဟာ အာဆင်နယ်နဲ့ လုံး၀ ချိတ်ဆက်ထားသလို ခံစားရပါတယ်

ဒါ့အပြင် ဝင်းဂါး ဟာ အာဆင်နယ်အသင်းရဲ့သွားရာလမ်းနဲ့ ခေတ်သစ်ဘောလုံးကမ္ဘာအပေါ်မှာ အကောင်းဆုံးသုံးသပ်နိုင်ခဲ့ပုံပါပဲ။

Advertisements

အသင်းဟာ ဦးတည်ချက်အသစ်တစ်ခုကို အလိုရှိခဲ့ပြီး ဒါကို ကျွန်တော် အပြည့်အ၀နားလည်ပါတယ်။ တစ်ခါတစ်လေမှာ အရာအားလုံးကို အစကနေ တစ်ခါ ပြန်စနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်သာ အသင်းမှာ ပုံစံတမျိုးမျိုးနဲ့ ဆက်လက်တည်ရှိနေမယ်ဆိုရင် ဒီအတွက် ပြဿနာတစ်ခုဖြစ်နိုင်ခဲ့ပါတယ်

“အသင်းကို မန်နေဂျာအသစ်၊ဆက်နွယ်မှု အသစ်တွေနဲ့ ပြန်လည်တည်ဆောက်နိုင်အောင် အသင်းနဲ့ အဝေးမှာ ကျွန်တော်နေခဲ့ပါတယ်၊ဒါ့ကြောင့် အာဆင်နယ်အကြောင်း ကျွန်တော် ဘယ်တော့မှမပြောခဲ့သလို အာဆင်နယ်ဆီလည်း ကျွန်တော်ပြန်မလာခဲ့ပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ပါ၀င်ပတ်သက်မှုဟာ အသင်းအတွက် မကောင်းတဲ့အရာ ဖြစ်နေမှာစိုးလို့ပါ” လို့ ၀င်းဂါးက ဆိုပါတယ်။

ဒီစကားတွေဟာ  ဂန်းနားတွေအပေါ်ထားတဲ့ ဝင်းဂါးရဲ့ စိတ်ထားဘယ်လောက်ထိမှန်ကန်တယ်ဆိုတာပြသနေတယ်လို့ ကျွန်တော်တို့ကလဲ ယုံကြည်ပါတယ်။ ဒါဟာ အသိပညာ ပါဝင်နေတဲ့ ချစ်ခြင်းလို့ပဲဆိုရပါလိမ့်မယ်။ ခေတ်ကာလအပြောင်းအလဲမှာ Ideology အသစ်တွေနဲ့ဘောလုံးကမ္ဘာမှာ ဘေးထွက်နေလိုက်ပြီး သူချစ်တဲ့အသင်းရဲ့ ကမ္ဘာသစ်ကိုအကောင်းဆုံးအားပေးနေတဲ့ ​ဂန္တဝင်ကြီးဖြစ်ပါတယ်။ နှလုံးသားခံစားမှုအပြင် လက်တွေ့ကျတဲ့သုံးသပ်မှုတွေနဲ့ အမြင်ကျယ်ကျယ်ရှုမြင်နိုင်ခဲ့တာပါပဲ။

သတင်းများအရ ခရွန်ကီမိသားစုနဲ့ အာတီတာတို့ဟာ ဝင်းဂါးကို အသင်းမှာ ရာထူးကြီးတခုနဲ့အတူပြန်လာဖို့ ကြိုးစားခဲ့ကြပေမယ့် ဝင်းဂါးက ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: