စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အာဆင်နယ် ကြိုးစားနေတဲ့ ကစားသမားများ

နွေအပြောင်းအရွှေ့ကာလမှာ အီဒူးတို့လူစု ကစားသမားသစ်တွေ ခေါ်ယူခဲ့ပြီးတဲ့နောက် လက်ရှိမှာတော့ ရှိရင်းစွဲကစားသမားဟောင်းတွေကို စာချုပ်သက်တမ်းတိုးဖို့  အချိန်ရောက်လာပါပြီ။ အသင်းကိုပြန်လည်တည်ဆောက်နေတဲ့အချိန်မှာ အဓိကကစားသမားတွေထဲက တစ်ဦးကို ဆုံးရှုံးလိုက်ရတဲ့ အဖြစ်မျိုးကို အာတီတာအနေနဲ့  ရင်ဆိုင်ချင်မှာမဟုတ်ပါဘူး။ ပြန်လည်တည်ဆောက်နေတဲ့ အာဆင်နယ်အတွက် အံဝင်ခွင်ကျဖြစ်တဲ့ ကစားသမားသစ်တွေရဖို့ လိုအပ်သလို  လက်ရှိခြေစွမ်းပြနေတဲ့ ကစားသမားတွေ အသင်းပြောင်းမသွားဖို့လဲ အရေးကြီးနေပါတယ်။

ဒါ့ကြောင့် အသင်းရဲ့ အရေးပါတဲ့သမားတွေကို အမ်းမရိတ်မှာ အကြာကြီးဆက်ထိန်းသိမ်းထားနိုင်ဖို့၊ပိုမိုများပြားတဲ့ အကျိုးခံစားခွင့်တွေပါ၀င်တဲ့ နှစ်ရှည်စာချုပ်တွေ ချုပ်ဆိုနိုင်ဖို့၊ အသင်းရဲ့ စီမံကိန်းတွေကို ကစားသမားတွေ သဘောကျလာအောင် ပြသပြီး စည်းရုံးဖို့ အီဒူးနဲ့ အာတီတာတို့ ကြိုးစားကြရဦးမှာပါ။

လက်ရှိမှာ အသင်းဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်ထားနိုင်ပြီး ရလဒ်ကောင်းတွေနဲ့အတူ ဂန်းနားခေတ်သစ်တစ်ခုကို တည်ဆောက်နိုင်ဖို့ အလားအလာကောင်းနေပါတယ်။အသင်းမှာ ရှိနေတဲ့ လူငယ်တွေအားလုံးဟာလည်း စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ရှိနေတာကြောင့် စာချုပ်သစ်ကိစ္စတွေဟာ အခက်အခဲအများကြီး မရှိလာနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။ The Sun ရဲ့အဆိုအရ အာဆင်နယ်ဟာ မာတင်နယ်လီ၊ဆလီဘာတို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။ဆာကာရဲ့ စာချုပ်သစ်အတွက်လည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Advertisements

အီဒူးက‌တော့ ဇန်နဝါရီ အပြောင်းအရွှေ့မတိုင်မီမှာ အသင်းရဲ့ အရေးပါတဲ့ ဒီလူငယ်တွေကို နှစ်ရှည်စာချုပ်တွေ ချုပ်ဆိုဖို့မျှော်လင့်နေပါတယ်။ မာတင်နယ်လီ၊ဆာကာနဲ့ ဆာလီဘာတို့ သုံးဦးစလုံးဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေပြီး ပျော်ရွှင်နေတာကြောင့် စာချူပ်သစ်အတွက် ဆွေးနွေးမှုတွေဟာ အဆင်ပြေပြေနဲ့ ပြီးဆုံးသွားဖို့ သေချာသလောက်ပါပဲ။  ဒီကစားသမားသုံးဦးစလုံးဟာ လက်ရှိဂန်းနားတို့ရရှိနေတဲ့ပုံစံကောင်းတွေအတွက် အရေးပါသူတွေဖြစ်ကြပါတယ်။

နောက်ထပ်အသင်းရဲ့ လူငယ်တစ်ဦးဖြစ်တဲ့ စမစ်ရိုးကတော့ အာဆင်နယ်မှာ မပျော်ရွှင်တော့ဘူးဆိုတဲ့ ကောလဟာလတွေထွက်လာတာဟာ ပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ ဒီရာသီအစမှာ ဒဏ်ရာပြဿနာတွေကြောင့် ကစားခွင့်ကောင်းကောင်းမရသေးတဲ့ စမစ်ရိုးဟာ ကြံ့ခိုင်မှုပြည့်နေတဲ့ အချိန်မှာလည်း မာတင်နယ်လီ၊အိုဒီဂတ်တို့ရဲ့ နောက်မှာ အရန်ကစားသမားအနေနဲ့ပဲ  ကစားခွင့်ရနေတာကြောင့် ခုလိုမျိုး စိတ်ပျက်နေတာဖြစ်တယ်လို့ သတင်းအချို့ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။  ဒါပေမယ့် သူ့ကိုယ်တိုင်က အာဆင်နယ်မှာပဲ တသက်လုံးနေမယ်လို့ ပြောထားတာက တချက် ၊ သူကစားခွင့်နဲတာကလည်း သူကိုယ်တိုင်ရဲ့ အချိုစာတွေမရှောင်နိုင်တာကြောင့် ဖြစ်နေတာက တချက်ကြောင့်  အခုသတင်းကတော့ ကောလာဟာလဖြစ်ဖို့များနေပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: