မပြီးဆုံးနိုင်သေးတဲ့ အာဆင်နယ်၊အေစီမီယန်နဲ့ အဆန်စီယိုတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်း

အဆန်စီယိုရဲ့ ဘာနေဗျူးလ်နေ့ရက်တွေကတော့ မကြာခင်ကုန်ဆုံးတော့ဖို့ ရှိနေပါတယ်။စပိန်သားဟာ အန်ဆယ်လော့တီရဲ့ လက်အောက်မှာ ဆက်ပြီး ကစားဖို့ ဆန္ဒနည်းပါးနေပြီဖြစ်သလို ရီးရဲလ်မန်‌နေဂျာကြီးကလည်း  ရိုဒရီဂိုကိုကျော်လွန်ပြီး အဆန်စီယိုကို အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အသုံးပြုဖို့ ဆန္ဒမရှိဖြစ်နေပါတယ်။

လာမယ့် ဇန်နဝါရီမှာတော့ ရီးရဲလ်နဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲမှာ ရှိနေပြီဖြစ်တဲ့ အဆန်စီယိုဟာ သူ့ရဲ့ အသင်းသစ်ကို ရှာဖွေဖို့ ရှိနေပါတယ်။အသက်၂၆နှစ်အရွယ် ကစားသမားဟာ ငယ်ရွယ်သေးပြီး အလားအလာများစွာရှ်တာကြောင့် ဘာနေဗျူးလ်ရဲ့ အရန်ခုံတွေပေါ်မှာ ဖြတ်သန်းဖို့ ဆန္ဒမရှိတာကြောင့် လာမယ့် နှစ်အစမှာတော့ အသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေပါပြီ။

ပြီးခဲ့တဲ့နွေမှာ သူ့ကို အပြိုင်ခေါ်ယူမယ့်လို့ သတင်းထွက်ခဲ့တဲ့ အာဆင်နယ်နဲ့အေစီမီလန်တို့ဟာ ဒီတစ်ကြိမ်မှာလည်း အဆန်စီယိုကိုခေါ်ယူဖို့ ထပ်မံကြိုးစားကြဦးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ဒီသတင်းဟာ အာဆင်နယ် ပရိသတ်တွေတော့ အကြိမ်ကြိမ်ကြားဖူးနေတဲ့ ဇာတ်လမ်းဟောင်းတစ်ပုဒ်ကို ပြန်လည်နားဆင်နေရသလို ဖြစ်မှာပါ။

အာဆင်နယ်ဟာ လာမယ့်ဇန်နဝါရီမှာ ကွင်းလယ်လူတစ်ဦးနဲ့ တောင်ပံတိုက်စစ်ကစားသမားတစ်ဦးတို့ကို ခေါ်ယူမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေခဲ့တာကို ပရိသတ်တွေအားလုံးသိခဲ့ပြီးဖြစ်မှာပါ။လက်ရှိမှာ မာကွင်စ်ညို့စ်ဟာ ခြေစွမ်းကောင်းတွေပြသနေပေမယ့် အာတီတာကတော့လာမယ့်ဇန်နဝါရီမှာ ဘရာဇီးလ်သားကို အငှားချသွားဖို့ ရှိနေပါတယ်။

Advertisements

အာဆင်နယ်ရဲ့ ပစ်မှတ်ကစားသမားတွေထဲမှာလည်း အဆန်စီယိုဟာ ထပ်မံပါ၀င်လာခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့အတူ ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံတွေဟာ အာဆင်နယ်ကို အများကြီးကူညီနိုင်ဖို့ ရှိနေပါတယ်။စိတ်၀င်စားစရာကောင်းတာကတော့ အဆန်စီယိုဟာ ဆာကာ၊မာတင်နယ်လီတို့နဲ့အတူ အသင်းရဲ့ တောင်ပံတိုက်စစ်မှာ ပွဲထွက်ခွင့်တစ်နေရာအတွက် ယှဉ်ပြိုင်နိုင်စွမ်း ရှိမလားဆိုတာပါပဲ။

အချို့သတင်းတွေအရတော့ အာတီတာဟာ အဆန်စီယိုကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်းဖြစ်သူ အသင်းရဲ့ ကပ္ပတိန်အိုဒီဂတ်ရဲ့အကူအညီနဲ့ စည်းရုံးလာဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တောင်ပံကစားသမားလိုအပ်ချက် ၊ သတင်းသားကောင်ဖြစ်လေ့ရှိတဲ့ ဂန်းနား စတာတွေကြောင့် အဆန်စီယိုအသင်းမပြောင်းမခြင်း  သတင်းတွေကတော့ရပ်မယ့်ပုံမရှိပါဘူး။ ဒါ့အပြင် အဆန်စီယိုသာ ဆန်စီယိုရောက်ရင်လဲ အေစီရဲ့ လီယာအိုနဲ့ အာဆင်နယ်အကြောင်းသတင်းရေးကြဦးမယ့်ပုံပါပဲ။

လက်ရှိအခြေအနေမှာလည်း ဂန်းနားတို့လူလိုနေတာ သိသိသာသာပဲဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: