အသင်းရဲ့ အဓိကလူစာရင်းကိုအမြဲအသုံးပြုဖို့ အာတီတာကို အကြံပေးခဲ့တဲ့ ပေါလ်မာဆင်

ပြီးခဲ့တဲ့ သီတင်းပတ် ဇူးရစ်ခ်ျကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာတီတာဟာ အသင်းရဲ့ ပုံမှန်ပွဲထွက်လူစာရင်းကို အပြောင်းအလဲများစွာပြုလုပ်ပြီး အိမ်ရှင်အသင်းကို ရင်ဆိုင်ခဲ့ပါတယ်။ ဆာကာ၊ အိုဒီဂတ်၊ ဂျေးဆု၊ဆာလီဘာ၊ ဇင်ချန်ကို၊ ရမ်ဒေးလ်တို့ကို အနားပေးခဲ့ပြီး အန်ကက်တီးယား၊ မာကွင်ညိုစ်၊ ဗီအဲရာ၊ တိုမီယာဆု၊မတ်တာနာနဲ့ တီယာနေးတို့ကို အသုံးပြုခဲ့ပါတယ်။

ဒီပွဲစဉ်မှာ အန်ကက်တီးယားနဲ့ မာကွင်ဟိုတို့က တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ဂိုးတွေ ဖန်တီးပေးပြီး သွင်းဂိုးကိုယ်စီလည်း ရယူနိုင်ခဲ့ပါတယ်။ အရန်ကစားသမားအများစုနဲ့ ပွဲထုတ်လာတဲ့ လူစာရင်းရဲ့ ခြေစွမ်းဟာ အရမ်းကြီးအားရစရာမကောင်းပေမယ့် ပြိုင်ဘက်နဲ့ ခြေစွမ်းကွာဟမှု ကြီးမားတာကြောင့် သိပ်တော့ ပြဿနာမရှိခဲ့ပါဘူး။  ၁-၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီးချိန်မှာ အာတီတာဟာ အသင်းရဲ့ အဓိကကစားသမားတွေကို ထည့်သွင်းပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းသွားခဲ့ပါတယ်။

ဒီလိုမျိုး အာတီတာဟာ အသင်းရဲ့ ဒုတိယလူစာရင်းနဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်လာမယ့်အပေါ် စိတ်ပူနေသူကတော့ ဂန်းနားဟောင်းကြီးပေါလ်မာဆင်ပါပဲ။ အာတီတာအနေနဲ့ ဒီလိုမျိုး အဓိက ကစားသမားအများစုကို ချန်လှပ်ထားတဲ့လူစာရင်းကို စမ်းသပ်အသုံးမပြုသင့်ဘူးလို့ မာဆင်ကဆိုလာခဲ့ပါတယ်။

“ဖေဘီယိုဗီအဲရာဟာ မန်ယူကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ  လူစား၀င်လာခဲ့ပြီး သူကွင်းထဲကို ရောက်လာတာဟာ ကစားပွဲအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုတစ်ခုရှိပါတယ်။ဗီအဲရာဟာ စိတ်၀င်စားစရာကောင်းတဲ့ ကစားသမားတစ်ဦးပါ၊ဒါပေမယ့် ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ရခဲ့ပြီးနောက် အာဆင်နယ်ဟာ  အရှုံးကနေ ပြန်လာနိုင်ဖို့လိုအပ်ခဲ့ပါတယ်၊(ယူရိုပါလိဂ်ပွဲစဉ်မှာ) အကောင်းဆုံး လူစာရင်းကို အသုံးပြုခဲ့သင့်တာပါ။ကျွန်တော်ကတော့ ‌ဒီလို စမ်းသပ်ထားတဲ့လူစာရင်းကို ထပ်ပြီး မတွေ့ချင်မိဘူး” လို့ မာဆင်ကဆိုပါတယ်။

မန်ယူကို ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ထပ်ရှုံးပွဲနဲ့ ရင်ဆိုင်ရပြီး အသင်းရဲ့ စိတ်ဓာတ်ပိုင်း ထိခိုက်မှုရှိမှာကို မာဆင်ကစိတ်ပူခဲ့တာကြောင့် ဒီလိုဆိုခဲ့တာ ဖြစ်နိုင်ပါတယ်။

အသင်းမှာ ကစားသမားအင်အား အရမ်းကြီးတောင့်တင်းနေတာ မဟုတ်တာကြောင့် အာတီတာဟာ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ အဓိကကစားသမားတွေကို အနားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အန်ကက်တီးယား၊ မာကွင်ညို့စ်၊ဗီအဲရာ၊လိုကွန်ဂါတို့အတွက် ယူရိုပါလိဂ်ပြိုင်ပွဲတွေဟာ ပွဲထွက်ခွင့်ရဖို့၊အတွေ့အကြုံကောင်းတွေ ရှာဖွေဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။

မူကလတော့ PSV နဲ့ဥရောပပွဲမှာ အာတီတာရဲ့အခင်းအကျင်းတွေကိုထပ်ပြီးကြည့်ရဖို့ရှိခဲ့ပေမယ့် လတ်တလောအခြေအနေမှာတော့ ဘုရင်မကြီးရဲ့ စျာပန ကြောင့် ပွဲရွှေ့ဆိုင်းရဖို့ရှိနေပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: