အကြပ်ဆုံးလကို အတောင့်တင်းဆုံးလူစာရင်းနဲ့ရင်ဆိုင်ခွင့်ရှိနေတဲ့ ဂန်းနားများ

အင်္ဂလန်ဘုရင်မကြီး အဲလိဇ်ဇဘက်ရဲ့ ကွယ်လွန်မှုကြောင့် ဒီတစ်ပတ်ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရွှေ့ဆိုင်းထားခဲ့ပါတယ်။ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ နှစ်ရက်သာ အနားရပြီး ပရီးမီးယားလိဂ်ပွဲစဉ်ကစားရဖို့ ရှိနေတဲ့ အာဆင်နယ်အတွက်တော့ ဒီလို ပွဲစဉ်ရွှေ့ဆိုင်းမှုကနေ အကျိုးအမြတ်အချို့ရခဲ့တယ်ဆို မမှားပါဘူး။

လာမယ့်သီတင်းပတ်မှာ ယှဉ်ပြိုင်ကစားမယ့်  ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်းဖို့ ရှိနေပြန်ပါတယ်။ပြီးရင်တော့ နိုင်ငံတကာပွဲစဉ်တွေ တဖန်ပြန်လည် စတင်လာမှာ ဖြစ်တာ‌ကြောင့် အာဆင်နယ်ဟာ စက်တင်ဘာလထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ထပ်မံ ဖို့မရှိတော့ပါဘူး။ ဒါပေမယ့် အောက်တိုဘာလဟာ ဂန်းနားတို့အဖို့ ရာသီဝက်အတွက် အဆုံးအဖြတ်လလို့တောင်ဆိုရမှာဖြစ်ပါတယ်။  အောက်တိုဘာမှာ အောင်မြင်ခဲ့ရင် ၊ ဒါမှမဟုတ် ရုပ်ပျက်ဆင်းပျက်မဖြစ်ခဲ့ရင်ပဲ အာဆင်နယ်ဟာ အခြေအနေကောင်းပြီလို့ဆိုနိုင်ပါတယ်။ မှတ်တမ်းများအရ ပွဲစဥ် ၁၀ အပြီးမှာ ပျှမ်းမျှ ၂၃ မှတ်လောက်ရထားတဲ့အသင်းတွေဟာ အခြေအနေကောင်းလေ့ရှိပါတယ်။​ ဒီအခြေအနေအတွက်ဆိုရင် အာတီတာဟာ ပွဲကြပ် ၄ ပွဲဖြစ်တဲ့ စပါး ၊ လီဗာပူး ၊ လိဒ် နဲ့ မန်စီးတီးပွဲစဥ်တွေကနေ ၈ မှတ်ရှာဖွေရမှာဖြစ်ပါတယ်။ အပိုဆုအနေနဲ့အသင်းကြီးတွေနဲ့ ကစားဖို့ကုန်ပြီလို့ ပြောနိုင်တဲ့အခြေအနေလဲဖြစ်လာမှာပါ။

ပုံမှန်ဆိုရင် ဒီနေ့ညနေမှာ အဲဗာတန်နဲ့ အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး လာမယ့် သီတင်းပတ် တနင်္ဂနွေနေ့မှာ ဘရန့်ဖို့ဒ်နဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဘရာဇီးလ်ဂန်းနားညီနောင်တွေ ဖြစ်တဲ့ ဂါဘရီယယ်၊ ဂျေးဆုနဲ့ မာတင်နယ်လီတို့ကို လာမယ့်သီတင်းပတ်နိုင်ငံတကာပွဲစဉ်တွေအတွက် ဘရာဇီးလ်အသင်းရဲ့ လူစာရင်းမှာ ချန်လှပ်ထားခဲ့တာကလည်း ကာယကံရှင်တွေကတော့ သိပ်ပျော်မှာ မဟုတ်ပေမယ့် အာတီတာအတွက် သတင်းကောင်းပါပဲ။

Advertisements

လက်ရှိမှာ အသင်းရဲ့  ကစားသမားတွေဟာ  ပွဲပန်းနေသလို ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ စမစ်ရို၊ ပါတေး ၊နယ်လ်ဆင် နဲ့ အယ်လ်နီနီတို့ကလည်း ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။ သူတို့အားလုံးဟာ မကြာခင်က‌မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ရှိနေပြီးအောက်တိုဘာလအစမှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့ ရှိနေတာကြောင့် ဒီလကုန်အထိ ပရီးမီးယားလိဂ်ပွဲတွေ ကစားရဖို့ မရှိတာဟာ အာဆင်နယ်အတွက် အကျိုးအမြတ်များစွာ ရရှိစေခဲ့ပါတယ်။

လက်ရှိမှာ အသင်းရဲ့ ကွင်းလယ်ကစားသမားအများအပြား ဒဏ်ရာရနေတာဟာ အာတီတာကို အဓိကခေါင်းကိုက်စေတဲ့ ပြဿနာတစ်ခု ဖြစ်ခဲ့ပါတယ်။ပရိသတ်တွေဟာလည်း လာမယ့် ပွဲစဉ်တွေမှာ အသင်းဟာ ဒီလူတွေနဲ့ ရလဒ်ကောင်းတွေ ရယူဖို့ အခက်အခဲတွေ့နိုင်မလားလို့ စိတ်ပူနေခဲ့ကြတာပါ။ သတင်းများအရတော့ ပါတေး ပြန်ကစားနိုင်ဖို့ရှိနေတာ ၊ အရံကစားသမားတွေလည်း အရှိန်ရစပြုနေတာဟာ အာဆင်နယ်အတွက်အားတက်စရာပါ။   မာတင်နယ်လီနဲ့ ဆာကာတို့ သိသိသာသာပွဲပန်းနေတာကလည်း ကုစားရမယ့်အချက်ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလို ပွဲစဉ်တွေ ရွှေ့ဆိုင်းခဲ့တာဟာ အာဆင်နယ်အတွက် အကျိုးအမြတ်ရရှိစေခဲ့တယ်ဆိုတာ ငြင်းမရပါဘူး။ အကြပ်တည်းဆုံးလထဲက တစ်လဖြစ်လာမယ့် အောက်တိုဘာလကို ဂန်းနားတို့ဟာ အတောင့်တင်းဆုံးအင်အားနဲ့ရင်ဆိုင်နိုင်ဖို့အလားအလာရှိနေပါတယ်။ အောက်တိုဘာလမှာ မြောက်လန်ဒန်ဒါဘီ အပါအဝင် ဇယားထိပ်ကအသင်းတွေ ၊ အသင်းကြီးတွေနဲ့ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: