ဇူးရစ်ခ်ျနဲ့ ပွဲအပြီး ချီးကျူးမှုတွေ ရရှိခဲ့တဲ့ အန်ကက်တီးယား

ပြီးခဲ့တဲ့ ဘောလုံးရာသီကုန်ဆုံးချိန်မှာ သူဟာ အသင်းကနေ  ထွက်ခွာတော့မယ်လို့ ပရိသတ်တွေ ထင်ခဲ့ပေမယ့် အာတီတာကတော့ အန်ကက်တီးယားကို အမ်းမရိတ်မှာ ဆက်ရှိနေဖို့ နားချခဲ့ပါတယ်။ပြီးခဲ့တဲ့ ဘောလုံးရာသီ နောက်ဆုံးသီတင်းပတ်တွေမှာ အန်ကက်တီးယားပြသခဲ့တဲ့ ခြေစွမ်းတွေဟာ ဂန်နား၀တ်စုံနဲ့ သူဟာ ထိုက်တန်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာတော့ အန်ကက်တီးယားဟာ ဂျေးဆုရဲ့ နောက် ဒုတိယဦးစားပေးကစားသမားနေရာမှာသာ ရှိနေခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အရန်ကစားသမားအဖြစ်နဲ့သာ ကစားခွင့် ရထားတဲ့ အန်ကက်တီးယားဟာ ဇူးရစ်ခ်ျနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ဒီပွဲစဉ်မှာ အန်ကက်တီးယားဟာ မာကွင်ဟိုရဲ့ ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို အသင်းအတွက်အနိုင်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါပေမယ့် ဇူးရစ်ခ်ျရရှိခဲ့တဲ့ ချေပဂိုးကလည်း သူရဲ့ ကစားပုံကြမ်းတမ်းမှုကနေ ပင်နယ်တီပြစ်ဒဏ်ဘော ခွင့်ပြုခဲ့ရတာကြောင့် ဖြစ်ပါတယ်။

အားကစားဂျာနယ်လစ်တစ်ဦးဖြစ်သူ ဆိုင်မွန်ကောလင်းက အန်ကက်တီးယားရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ခုလိုမျိုး ချီးကျူးလာခဲ့ပါတယ်။

ဂျေးဆူက အမ်းမရိတ်ရဲ့ မြက်ခင်းစိမ်းတွေပေါ်မှာ ပြေးလွှားကစားနေတာကို ကြည့်နေရတာဟာ အန်ကက်တီးယားအတွက် ခက်ခဲမှာပါ။ ဒီနေ့ပွဲမှာတော့ သူ့ဆီက‌နေ တကယ်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပါတယ်

ပရီးမီးယားလိဂ်မှာတော့ ဂျေးဆူဟာ အာဆင်နယ်ရဲ့ ဦးစားပေးတိုက်စစ်မှူးဆိုတာ အရှင်းကြီးပါ။ ယူရိုပါလိဂ်ကတော့ အန်ကက်တီးယားအတွက် ပွဲထွက်ခွင့်ရဖို့ အခွင်ြအရေးပါပဲ။သူဟာ ဂျေးဆုနဲ့ တွဲကစားဖို့တောင် အခွင့်အရေးရလာနိုင်ပါတယ်

ပြီးခဲ့နွေက စပြီး အန်ကက်တီးယားရဲ့ ကစားပုံဟာ အဘက်ဘက်မှာ ပိုပြီး တိုးတက်လာခဲ့ပါတယ်။သူရဲ့ ဘောလုံးကိုင်ထားပုံတွေ၊ချိတ်ဆက်ကစားပုံတွေ ပိုပြီးကောင်းမွန်လာခဲ့တယ် 

အန်ကက်တီးယားဟာ အရည်အသွေးမြင့်လူငယ်ကစားသမားတစ်ဦးဖြစ်တာကြောင့် အာတီတာဟာ သူ့ကို အမ်းမရိတ်မှာ ဆက်ရှ်နေဖို့ နားချခဲ့တာ ဖြစ်ပါတယ်။ ဆိုင်မွန်ကောလင်းရဲ့ မှတ်ချက်ကို ထပ်ဖြည့်ပြီးပြောရရင် တဖက်နောက်တန်းတွေကို ဖရိုဖရဲဖြစ်စေတဲ့ လှုပ်ရှားမှုကိုပါ သူကလုပ်ဆောင်နိုင်နေပါပြီ။ ဒါပေမယ့် ဂျေးဆူဟာ သူ့ထက်ပိုကောင်းတဲ့ ကစားသမားဖြစ်တာကြောင့်လတ်တလောမှာ

ပရီးမီယားလိဂ်မှာ ပွဲထွက်ခွင့်ရဖို့ကတော့ အန်ကက်တီးယားအတွက် မလွယ်ကူသေးပါဘူး။ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ရမယ့် အခွင့်အရေးကို အသုံးချပြီး အန်ကက်တီးယားဟာ  ဂျေးဆူကို ယှဉ်ပြိုင်နိုင်တဲ့ ကစားသမားဖြစ်လာအောင် ကြိုးစားဖို့ လိုအပ်ပါလိမ့်မယ်။ အာတီတာအတွက်ကတော့ ကောင်းမွန်တဲ့ အခြေအနေလို့ဆိုရမှာပါပဲ။

Advertisement

Leave a Reply

%d bloggers like this: