ဘန်ဝှိုက်မှာ ညာအစွန်ခံစစ်မှာ မကစားနိုင်ဘူးလို့ ဝေဖန်လာခဲ့တဲ့ အဘွန်လဟော်

ဘန်ဝှိုက်ကို overrated ဖြစ်တယ်၊လို့ ဝေဖန်ခဲ့ဖူးတဲ့ အဘွန်လဟော်ဟာ ဒီတစ်ကြိမ်မှာလည်း အာဆင်နယ်ရဲ့ ဈေးအကြီးဆုံးနောက်ခံလူဟာ ညာအစွန်ခံစစ်မှာ ကောင်းကောင်း မကစားနိုင်ဘူးလို့ ‌ဝေဖန်လာခဲ့ပါတယ်။

ဆာလီဘာ ပြင်သစ်မြေကနေ ပြန်လာချိန်၊ တိုမီယာဆု မပါ၀င်နိုင်တဲ့ ရာသီအစမှာ ဗဟိုခံစစ်မှာ ဂါဘရီယယ်နဲ့ တွဲဖက်ကစားနေကျဖြစ်တဲ့ ဘန်ဝှိုက်ဟာ ညာအစွန်ခံစစ်ကို ထွက်ကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာလည်း ဘန်ဝှိုက် right backမှာ ထွက်ကစားခဲ့တဲ့ ပွဲစဉ်အချို့ရှိခဲ့ပါတယ်။

ဘန်ဝှိုက်ဟာ သူကစားနေကျမဟုတ်တဲ့နေရာမှာ တဖြည်းဖြည်းနဲ့ အံ၀င်လာအောင် ကစားနေနိုင်ခဲ့ပါတယ်။ဒီအချက်ကို‌တော့ ကျွန်တော်တို့ သေချာပေါက် အသိအမှတ်ပြုရမှာပါ။အချို့ကလည်း ဒီရာသီမှာ ဆာကာခြေစွမ်းပြဖို့ ရုန်းကန်နေရတာဟာ ဘန်ဝှိုက်ကြောင့်ဖြစ်တယ်လို့ ဝေဖန်မှုတွေလဲ ရှိခဲ့ပါတယ်။အသင်း ရှုံးနေတဲ့အချိန်ဆို ဝေဖန်သံတွေ ပိုဆူတတ်တာက‌တော့ ထုံးစံပါပဲ။

မန်ယူကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဘန်ဝှိုက်ကို ဝေဖန်နေကျ အဘွန်လဟော်က မန်ယူဟာ ဘန်ဝှိုက်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူနိုင်ခဲ့တယ်လို့ ‌ဆိုလာခဲ့ပါတယ်။ တိုမီယာဆုကို ကျော်လွန်ပြီး ဘန်ဝှိုက်ကို ပွဲထုတ်ခဲ့တဲ့ အာတီတာရဲ့ ရွေးချယ်မှုကိုလည်း မေးခွန်းထုတ်လာခဲ့ပါတယ်။

အာဆင်နယ်ဟာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် မန်ယူက ပါးနပ်လိမ္မာခဲ့ပါတယ်။ခံစစ်ကြောင်းမှာ အချိတ်အဆက်အားနည်းနေတဲ့ ဘန်ဝှိုက်ရဲ့ အခြမ်းကနေ တိုက်စစ်ဆင်ဖို့ ရွေးချယ်ခဲ့တယ်။ဘန်ဝှိုက်ဟာ ခံစစ်ညာအစွန်ကစားသမား မဟုတ်ပါဘူး။သူ့မှာ လျင်မြန်မှုမရှိပါဘူး။မန်ယူက (ဘန်ဝှိုက်ရှိနေတဲ့) ဒီအခြမ်းကို ရွေးပြီး ပျော်ပျော်ကြီး ကစားသွားခဲ့တာပါ

မန်ယူရဲ့ full-back နေရာတွေဟာ အာဆင်နယ်ထက်ပိုပြီး ခံစစ်မှာ ကျစ်ကျစ်လစ်လစ် ကစားသွားနိင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။

ဘန်ဝှိုက်ဟာ အဆင်မပြေခဲ့ဘူး။အရန်ခုံတန်းမှာ သူ့ထက် မြန်နှုန်းမြင့်တဲ့ တိုမီယာဆုရှိနေပေမယ့် ဘာလို့ မသုံးခဲ့တာလဲ။ကျွန်တော့်အထင် ဒါက အမှားတစ်ခုပါပဲလို့ အက်စ်တွန်ဗီလာ တိုက်စစ်မှူးဟောင်းက ဆိုပါတယ်။

ဘန်ဝှိုက် ၊ ရမ်းစ်ဒေးလ်တို့နဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေက အခုမှတော့မဟုတ်ပါဘူး။ ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့  ဆက်တိုက်ပြောဆိုခံနေခဲ့ရသလို ၊ အခုထိလဲ သူတို့ဝေဖန်ခံရဖို့အတွက် အကြောင်းအရာတွေက မကုန်နိုင်သလိုပါပဲ။  မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ  Timing အနဲ့ငယ်အောက်နေတဲ့ Build Up Play တွေကိုဘန်ဝှိုက်ထိန်သိမ်းနိုင်ခဲ့တဲ့အကြောင်းကိုတော့ website အချို့ကလွဲရင် လူပြောသူပြောနဲလှပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: