ပွဲဦးထွက်လှခဲ့တဲ့ ဆမ်ဘာသားလေး ဘယ်လောက်ထိ အမြင့်ပျံနိုင်မလဲ

ဥရောပပြိုင်ပွဲတွေကို တဖန်ပြန် ခြေချနိုင်ခဲ့ပြီးတဲ့နောက် ပထမဆုံးပွဲစဉ်မှာ ဇူးရစ်ခ်ျကို အနိုင်ရခဲ့တာဟာပရိသတ်တွေအတွက် ‌ကျေနပ်စရာ ဖြစ်မှာပါ။ ပရီးမီးယားလိဂ်မှာ ၆ပွဲကစား ၅ ပွဲအနိုင်နဲ့ အဖွင့်လှခဲ့သလို ယူရိုပါလိဂ်မှာလည်း အာဆင်နယ်ဟာ အဖွင့်လှခဲ့ပါပြီ။

ဒီပွဲစဉ်မှာ ဂန်းနားတွေရဲ့ နှလှံးသားကို သိမ်းပိုက်ခဲ့တဲ့ သူတစ်ယောက်ရှိပါတယ်။ ဟုတ်ပါတယ်၊ သူက မာကွင်ညို့စ်ပါပဲ။

ပြီးခဲ့‌တဲ့နွေမှာ ဆာအိုပိုလိုကနေ အမ်းမရိတ်ကို ရောက်ရှိလာခဲ့တဲ့ ဘရာဇီးလ်သားလေးကို အာဆင်နယ်နဲ့ ပထမဆုံးရာသီမှာ အများကြီးလုပ်ပြနိုင်ဦးမယ်လို့ မမျှော်လင့်ခဲ့မိပါဘူး။ စီနီယာအသင်းနဲ့အတူ ကစားတာကို ကြည့်ခွင့်ရဖို့တောင် သိပ်ပြီးမျှော်လင့်ကြတာ မဟုတ်ပါဘူး။

ဘရာဇီးလ်သားလေးဟာ အလားအလာရှိတဲ့ လူငယ်လေးတစ်ဦးဖြစ်ပေမယ့် အရမ်းငယ်ရွယ်သေးပြီး သင်ယူစရာတွေအများကြီးရှိပါသေးတယ်။ ထွန်းတောက်လာနိုင်သလို Flop သွားတာလဲဖြစ်နိုင်တာပဲမဟုတ်လား။ ဒါပေမယ့် ၁၉နှစ်သားလေးဟာ ပထမဆုံးရာသီမှာပဲကျွန်တော်တို့ မျှော်လင့်ထားတာထက် အများကြီး လုပ်ပြနေခဲ့ပြီးပါပြီ။ လူငယ်အသင်းအတွက်သုံးပွဲကစား၊သုံးဂိုးသွင်းပြီး တစ်ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပါတယ်။

Advertisements

စီနီယာအသင်းကြီးနဲ့ ပထမဆုံးပွဲမှာပဲ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ စီနီယာ အဖွင့်ဂိုးဟာ  အဆင့်အတန်းတစ်ခုကိုသာမက ၊ သူ့ရဲ့ တည်ငြိမ်မှုကိုပါမြင်ရတာဖြစ်ပါတယ်။  ယူရိုပါလိဂ်ညတွေမှာ မာကွင်ညို့စ် ဘယ်လောက်အထိ အမြင့်ပျံနိုင်မလဲဆိုတာ ကျွန်တော်တို့ ရင်ခုန်စွာ စောင့်ကြည့်ရဦးမှာပါ။

အန်ကက်တီးယားရဲ့ ဖန်တီးမှုကနေ အာဆင်နယ်အတွက် အဖွင့်ဂိုးသွင်းယူပြီးချိန်မှာ သူဟာ ပရိသတ်တွေရှေ့ပြေးသွားပြီး အပျော် မျက်ရည်တွေနဲ့ အောင်ပွဲခံခဲ့ရတာဟာ  ပရိသတ်တွေအတွက် ကြည်နူးစရာဖြစ်မှာပါ။ ဒီကောင်လေးဟာ ကြီးမားတဲ့ အိပ်မက်တွေနဲ့ အာဆင်နယ်ဂျာစီကို ၀တ်ဆင်ဖို့ ‌ရောက်လာခဲ့ပြီး ၊ ဂန်းနားဒီအင်န်အေနဲ့ ကြီးပြင်းလာမယ့် ကြယ်ပွင့်လေးလို့ ကျွန်တော်တို့ အားလုံး တညီတညွတ်နဲ့ မှတ်ချက်ချမိခဲ့ပါတယ်။ သူဟာ အလွတ်ခေါ်ခွင့်ရတာတောင် အီဒူးက ငွေပေးခေါ်ခဲ့သူပါပဲ။

 ဒီကောင်လေး။ဘယ်လောက်အထိ တောက်ပနိုင်ဦးမလဲ၊

ကျွန်တော်ကတော့ ယူရိုပါလိဂ်ညတွေမှာ သူ့ကိုထပ်ပြီး မြင်ရဖို့ မစောင့်နိုင်တော့ပါဘူး။အကျယ်လောင်ဆုံး အမြှောက်သံကို ဖောက်ခွဲလာမယ့် ဘရာဇီးလ်မြေက ဂန်းနားလေးကို  ပထမဆုံးကြိုဆိုခဲ့မိပါတယ်။ ထပ်ပြီးမျှော်လင့်ရရင်တော့ ဆာကာနေရာကို ခြိမ်းခြောက်နိုင်ဖို့အထိပါ ဖြစ်ထွန်းစေချင်ပါတယ်။  ဂန်းနားတို့အတွက် လိုအပ်နေတဲ့ ခြေစွမ်းရော စိတ်ဓါတ်ကိုပါ မျှော်လင့်ကြည့်ကြတာပေါ့။

Advertisements
Advertisement

Leave a Reply

%d bloggers like this: