အာတီတာကို ဝေဖန်ဖို့ ငြင်းဆန်ခဲ့သူ

ငါးပွဲဆက် ရာနှုန်းပြည့်အနိုင်နဲ့ အာဆင်နယ် ပရီးမီးယားလိဂ် ဇယားကို ဦးဆောင်နေခဲ့စဉ်က အာတီတာဟာ ဘောလုံးဝေဖန်သုံးသပ်သူတွေရဲ့ ချီးကျူးမှုတွေကို တခဲနက်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လူ့သဘောသဘာ၀အရ  ချီးမွန်းခုနစ်ရက် ကဲ့ရဲ့ ခုနစ်ရက်ပါပဲ။

မန်ချက်စတာကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတော့ အာတီတာဟာ (၂-၁) ဂိုးဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်နေတဲ့ အချိန်မှာ စမစ်ရိုး၊ အန်ကက်တီးယား၊ ဗီအဲရာဆိုတဲ့ တိုက်စစ်ကစားသမားသုံးဦးကို တပြိုင်နက် ထည့်သွင်းပြီး ပွဲရဲ့ရလဒ်ကို ပြောင်းလဲဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် စပိန်သားကြီးရဲ့ ဗျူဟာက မအောင်ခဲ့ပဲ နောက်ထပ် သွင်းဂိုးတစ်ဂိုးခွင့်ပြုခဲ့ရပြီး ပွဲပြီးချိန်မှာတော့ (၃-၁)ဂိုးဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

အာတီတာရဲ့ လူစားလဲပုံနဲ့ ပတ်သက်ပြီး ဘောလုံးဝေဖန်သုံးသပ်သူတွေက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။အာတီတာရဲ့ စွန့်စားခဲ့မှုဟာ အလုပ်မဖြစ်ခဲ့ပဲ အသင်းကို ဂိုးပြတ်ရှုံးနိမ့်စေခဲ့တယ်လို့ ဝေဖန်သူတွေက မြင်နေကြပါတယ်။

Advertisements

ဒါပေမယ့် အာဆင်နယ် ကစားသမားဟောင်းကြီးဖြစ်သူ ကမ်းဘဲလ်က အာတီတာကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။အာတီတာ ဘာလို့ ဒီလိုဆုံးဖြတ်ချက်ချခဲ့တာလဲ ဆိုတဲ့အပေါ် သူရဲ့ထင်မြင်ချက်ကိုလည်း ပြောပြလာခဲ့ပါတယ်။

“အာတီတာမှာ ရှိနေတဲ့ ပြဿနာက ကျွန်တော်တို့ ရှုံးနေခဲ့တယ်ဆိုတာပါပဲ။ ကစားပွဲမှာ ကျွန်တော်တို့ ရှုံးနေခဲ့တာပါ …. သရေဖြစ်သွားတာ ခဏပဲ ကြာလိုက်ပါတယ်၊ပြီးတော့  မန်ယူက နောက်ထပ်သွင်းဂိုးတစ်ဂိုး ထပ်သွင်းသွားတယ် … မန်နေဂျာ တစ်ယောက်အနေနဲ့ ခင်ဗျား ဘာလုပ်မလဲ”

စမစ်ရိုးရော ဗီအဲရာပါ ဒီရာသီမှာ ပွဲချိန်အလုံအလောက် မကစားရသေးပါဘူး။စမစ်ရိုးဟာ သွင်းဂိုးတစ်ဂိုးလောက်သွင်းယူနိုင်တဲ့ ၊ ဖန်တီး‌ပေးနိုင်တဲ့ အစွမ်းရှိတယ်၊ ဗီအဲရာကလည်း ဒီလိုပါပဲ။တစ်ဂိုးလောက်ရဖို့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ကြိုးစားကြည့်ရမှာပါ

အသင်းရဲ့ ဟန်ချက်ညီမှု ပျက်သွားခဲ့တယ်လို့ ပရိသတ်တွေ ပြောနေတာ ကျွန်တော်ကြားပါတယ်။ဟန်ချက်ပျက်သွားခဲ့တာဟာ ကျွန်တော်တို့ ရှုံးနေလို့ပါပဲ လို့ ကမ်းဘဲလ်က ဆိုပါတယ်။

ဂန်းနားတို့ရဲ့ အရှုံးပွဲမှာ အာတီတာရဲ့ လူစားလဲပုံနဲ့ အရဲစွန့်ပုံကိုတော့ ဝေဖန်မှုတွေရှိနေပါတယ်။ အထူးသဖြင့် ရက်ဖို့ဒ်လို လျှင်မြန်တဲ့ကစားသမားကို အခွင့်အရေးတွေပေးခဲ့တဲ့အပေါ်မှာဖြစ်ပါတယ်။ ကင်းဘဲလ်ကတော့ အထွေအထူးထောက်ပြနေလိုပုံမရပါဘူး။ ရှုံးတဲ့ပွဲမို့ အသံတွေဆူညံနေတယ်လို့ ယူထားပုံပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: