Updated Team News – နောက်ဆုံးရ အာဆင်နယ် သတင်းများ (8Sep)

ဇာဟာကို ထိန်းဖို့ ပဲလေ့စ်ဖက်က ကြိုးပမ်း

ဂန်းနားပစ်မှတ်ဖြစ်ခဲ့တဲ့ ပဲလေ့စ်တောင်ပံကစားသမား​ဇာဟာကို   သူ့ရဲ့အသင်းက စာချုပ်သစ်ကမ်းလှမ်းတော့မှာဖြစ်တယ်လို့ The Sun သတင်းစာက ရေးသားလာပါတယ်။ အဆိုပါ အိုင်ဗရီကို့စ်သားဟာ အသင်းပြောင်းလိုတဲ့ဆန္ဒရှိပေမယ့် မိခင်ကလပ်ဖက်ကလည်းဆက်ပြီးထိန်းသိမ်းထားလိုတယ်လို့ သိရပါတယ်။ ဇာဟာ အနေနဲ့ အသင်းနဲ့စာချုပ်သစ်မချုပ်ဘူးဆိုရင် ဇန်နဝါရီကာလရောက်တာနဲ့တင်  ပြည်ပအသင်းများနဲ့ စတင်ဆွေးနွေးနိုင်ပြီလည်းဖြစ်ပါတယ်။

အွန်နရီထုတ်ပြောလာတဲ့ လက်ရှိလူငယ်အစုအဖွဲ့ရဲ့ အခြေအနေ

ဂန်းနားဂန္တဝင်ကြီး သီယာရီအွန်နရီက လက်ရှိလူငယ်အစုအဖွဲ့နဲ့ပတ်သတ်ပြီး အခုလိုပဲ မှတ်ချက်ပြုလာခဲ့ပါတယ်။

“ သူတို့အားလုံးကို ကျွန်တော် ယုံကြည်မှုရှိပါတယ်။ ဒီလိုမျိုး ‘ တခုခုဖြစ်လာလိမ့်မယ် ‘ လို့ မထင်တာ ကြာပါပြီ။ ဒီလူစုကိုတော့ တကယ်ယုံကြည်ထားပါတယ်။ စိတ်ပူမိတာတစ်ခုကတော့ Europa League ပါပဲ။ အသင်းရဲ့ လူအင်အားက ပြိုင်ပွဲအများကြီးကို ကာလရှည်ပြိုင်ဖို့အတွက် အဆင်ပြေပါ့မလားဆိုတာကို စိတ်ပူမိတာပါ  .. ဒါက သူတို့အတွက် ခက်ခဲပါလိမ့်မယ် “ လို့ CBS Sports နဲ့အမေးအဖြေကနေ တဆင့် ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျေးဆူနဲ့တင် မလုံလောက်သေးလို့ ဒေးဗစ်ကိုစဥ်းစားဖို့ Football London တိုက်တွန်း

ဂျေးဆူခြေစွမ်းပြနေပေမယ့် အသင်းတိုက်စစ်ကို ပိုပြီးအားကောင်းစေဖို့အတွက် အီဒူးအနေနဲ့  လိုင်လီတိုက်စစ်မှုး ဂျိုနသန်ဒေးဗစ်ကို ထည့်သွင်းစဥ်းစားသင့်တယ်လို့  Football London ရဲ့ဆောင်းပါးရှင် ဘိုင်လီကို့ချ်  က ရေးသားလာပါတယ်။ အဆိုပါ ဂန်းနားပစ်မှတ်ဟောင်းဟာ ယခုရာသီမှာ ၄ ဂိုးထိသွင်းယူထားပြီဖြစ်ပြီး  ထိပ်တန်းဂိုးသွင်းသူတစ်ဦးအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။

Advertisements

ပါတေးနဲ့ စမစ်ရိုးတို့အကြောင်း အာတီတာရဲ့ တုန့်ပြန်မှုများ

အာဆင်နယ်ကွင်းလယ်လူသောမတ်စ်ပါတေးဟာ မကြာခင်ပြန်ကစားနိုင်ဖို့ရှိပေမယ့်  အာတီတာကတော့အလျင်စလိုထည့်သွင်းဖို့ဆန္ဒမရှိတာကြောင့် အဲဗာတန်နဲ့ပွဲမှာတော့ကွင်းထဲမှာမြင်ရဖို့မရှိသေးပါဘူး။ ဒါပေမယ့် ပါတေးကို သူ့ရဲ့မိခင်အသင်းကတော့ နိုင်ငံတကာပွဲစဥ်လူစာရင်းမှာထည့်သွင်းထားတာဖြစ်လို့ ပြန်လည်စေလွတ်ပေးရဖို့လည်းရှိနေပါတယ်။ ထို့အတူ  ယူရိုပါလိဂ် လူစာရင်းမှာ စမစ်ရိုးအနေနဲ့ပါဝင်လာမှာမဟူတ်တဲ့အကြောင်း ၊ ကစားသမားဟာ အိမ်မှာပဲအနားယူနေကြောင်း အာတီတာက ထုတ်ပြောလာပါတယ်။

တူချယ်အကြောင်းပြောရင်းနည်းပြဘဝအကြောင်း အာတီတာမှတ်ချက်ပြု

ချဲလ်ဆီးနည်းပြတူချယ်အထုတ်ခံရတဲ့အပေါ်မှာ နည်းပြအာတီတာက အခုလိုပဲ ပြောဆိုလာခဲ့ပါတယ်။

“ သူထုတ်ပယ်ခံရတဲ့သတင်းက အံ့အားသင့်စရာပါပဲ .. တကယ်ပါ ဒီအလုပ်မှာ အဖြုတ်ခံရတာမျိုးက အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်တာမျိုးပါ .. ဝမ်းနည်းစရာကောင်းတဲ့အမှန်တရားကတော့ ဒါကလက်တွေ့အရှိတရားပါ။ ကျွန်တော်တို့အနေနဲ့ လုပ်ရတဲ့အလုပ်ကိုလည်းချစ်မြတ်နိုးပေမယ့်  နေ့ရက်တိုင်းမှာလည်း အရာရာကို ပြင်ဆင်ထားရပါတယ်  “ ဆိုပြီးသတင်းထောက်တွေရဲ့အမေးကနေ တဆင့်မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: