ဒေါက်ဂလပ်စ်လူး၀စ်ကို ဂန်းနားတို့ မခေါ်ယူနိုင်ခဲ့တဲ့ အကြောင်းရင်းကို ပြောပြလာတဲ့ ရော်ဘင်ဆင်

အာဆင်နယ်ဟာ ပါတေး၊ အယ်လ်နီနီတို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့်  နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့ Deadline Day မှာ အက်စ်တွန်ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်စ်လူး၀စ်ကို ပေါင် ၂၅သန်းကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ အသင်းကတော့ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်သွားခဲ့ပါတယ်။

ဘရာဇီးလ်ကွင်းလယ်လူဟာ အက်စ်တွန်ဗီလာအသင်းရဲ့ ကွင်းလယ်မှာ ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲကတစ်ဦးလို့ ညွှန်းဆိုနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုသာခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ ကွင်းလယ်ဟာ အတော်လေးအင်အားတောင့်တင်းသွားမှာ ဖြစ်ပါတယ်။ ဒေါက်ဂလပ်စ်လူး၀စ်ဟာ ဂျာရတ်ရဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပြီး လာမယ့် ဇန်နဝါရီမှာ အာဆင်နယ်ဟာ သူ့ကို ခေါ်ယူဖို့ ထပ်မံကြိုးစားလာဖွယ်ရှိတယ်ဆိုတဲ့ သတငါးတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။

အင်္ဂလန်ဂိုးသမားဟောင်းကြီးဖြစ်သူ ပေါလ်ရော်ဘင်ဆင်က အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို အက်စ်တွန်ဗီလာငြင်းပယ်ခဲ့ရတဲ့အကြောင်းရင်းကို ပြောပြလာခဲ့ပါတယ်။ ဘရာဇီးလ်သားရဲ့ တန်ကြေးဟာ အာဆင်နယ်ကမ်းလှမ်းတဲ့ ပေါင် ၂၅သန်းထက် ပိုတာကြောင့် အက်စတွန်ဗီလာဟာ ဂန်းနားတွေရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့ ရော်ဘင်ဆင်က Football Insider နဲ့ တွေ့ဆုံမှုမှာ ပြောပြလာခဲ့ပါတယ်။

Advertisements

ဗီလာဟာ တန်ဖိုးပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချခဲ့တာပါ .. အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်ကျန်သေးတဲ့ ဒေါက်ဂလပ်လူး၀စ်ဟာ ပေါင် ၂၅သန်းထက် တန်တယ်လို့ သူတို့က ယူဆခဲ့ပါတယ်။စတီဗင်ဂျာရတ်ကလည်း သူရဲ့ အသင်းဟာ ဒေါက်ဂလပ်စ်လူး၀စ်ကို လိုအပ်တယ်လို့ လုံး၀ယုံကြည်နေတာပါ။ ဒါ့ကြောင့် အက်စတွန်ဗီလာဟာ သူ့ကို အာဆင်နယ်ဆီ မရောင်းချခဲ့တာပါ

လာမယ့်ဇန်နဝါရီမှာတော့ အက်စ်တွန်ဗီလာဟာ သူတို့ရဲ့ ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးရအောင် ထုတ်ရောင်းလာဖို့ ရှိနေပါတယ်။

သို့သော် ဒီအမြင်ကလည်း  ချိတ်ဆက်တွေးတောမှုနဲပါးလွန်းတဲ့အမြင်လို့ ဆိုရမှာဖြစ်ပါတယ်။  လူးဝစ်ရဲ့ ခြေစွမ်းဟာ ဂန်းနားတို့လိုအပ်နေလို့ သာ အရေးပေါ်ခေါ်ယူရပေမယ့် အဆင့်မြင့်နေတဲ့အနေအထားမျိုးမဟုတ်ပါဘူး။ ပျမ်းမျှစွမ်းဆောင်ရည်ရဲ့ အထက်မှာရှိတယ်ဆိုရုံလောက် ကွင်းလယ်ကစားသမားတစ်ယောက်ပါပဲ။ ဒါ့အပြင် ရာသီဝက်မှာ ပိုများတဲ့စျေးနဲ့ရောင်းချဖို့လဲ ဖြစ်နိုင်ချေနဲသလို ကစားသမားကလည်း အာဆင်နယ်ကို သိသိသာသာ ပြောင်းချင်ခဲ့တာပါ။  အခုလို ထိမ်းသိမ်းဖို့ဆုံးဖြတ်ချက်ကိုလည်း သုံးသပ်သူအတော်များများက အံ့သြခဲ့ကြတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စကတော့ ပြီးသွားပြီဖြစ်သလို ဒေါက်ကလပ်စ်လဲ အမ်းမရိတ်ကို ရောက်မလာခဲ့ပါဘူး။ အာဆင်နယ်တို့ကလဲ​ရှေ့ဆက်ဖို့ပဲရှိပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: