ဆမ်ဘီဟာ တကယ်ပဲသုံးမရသူလား

မကြာခင်အချိန်အတွင်းမှာ ယူရိုပါလိဂ်ပြိုင်ပွဲကစားတော့မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်မဟုတ်ပေမယ့် ဒီပြိုင်ပွဲဟာဥရောပအဆင့်ဖြစ်ပြီး ဆုဖလားသာရခဲ့ရင် အသင်းအတွက်ရော ပရိတ်သတ်တွေအတွက်ပါ ဂုဏ်ယူရမှာဖြစ်တဲ့ အရေးကြီးဖလားတစ်လုံးဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပအဆင့် အုပ်စုပွဲတွေဟာ လူငယ်လေးတွေရဲ့ အစွမ်းအဆကို မြည်းစမ်းခွင့်ရတဲ့ ကာလလဲဖြစ်ပါတယ်။

ဂန်းနားပရိတ်သတ်တွေမြင်ချင်နေတဲ့ လူငယ်ကစားသမားလေးတွေအများကြီးရှိမှာပါ။  U21 – 23 မှာလဲ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသားကစားသမားလေးတွေအများကြီးပဲ မဟုတ်လား။ ကျွန်တော်ကတော့ သူတို့အကြောင်းတွေထက် ဆမ်ဘီလိုကွန်ဂါအကြောင်းပဲပြောပါမယ်။ ဒီဆောင်းပါးဟာ ဘာကြောင့်သူ့ကိုထည့်ကစားသင့်လဲဆိုတာကို မြင်တဲ့အတိုင်းရေးမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲတွေမှာ သူ့ကိုမြင်ရခဲပါတယ်။ ဒါပေမယ့် ပါတေး ၊ အယ်နီနီတို့မရှိချိန်မှာတော့ အာတီတာဟာသူ့ကို ရဲရဲတင်းတင်းသုံးသွားခဲ့ပါတယ်။ သုံးတဲ့အတိုင်းလဲ အားရစရာရော ၊ အမှားတွေရောရှိခဲ့ပါတယ်။

ဗီလာနဲ့ပွဲ ၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ပွဲတွေမှာ သူကစားတာကို အားရလားမေးရင်  NO  ပဲဖြေကြမှာဖြစ်ပေမယ် ၊  လွှင့်ပစ်ရလောက်အောင်ညံလားဆိုရင်လဲ မဟုတ်ဘူးပဲပြောရမှာပါ။ လိုကွန်ဂါအချိန်လိုပါတယ်။ ဒါကပဲ သူ့ကိုဆက်ပြီးပွဲတွေနဲ့ထိတွေ့ဖို့လိုအပ်နေတာဖြစ်ပါတယ်။ အာတီတာအနေနဲ့  အငှားမချဘူးဆိုရင်တော့ သူ့ကို ပွဲတွေများများထည့်သုံးပေးရမှာဖြစ်ပါတယ်။

လိုကွန်ဂါဟာ  အန်ဒါလက်ချ်မှာတုန်းက  ၇၈   ပွဲ ကစားပြီး  ၃  ဂိုးသွင်းနိုင်ခဲ့တဲ့သူပါ။ သူ့အားသာချက်က ဗဟိုကွင်းလယ်မှာ  ခံစစ်ဆန်ဆန်ကစားပြီး အဝေးပေးပို့မှုတွေပြုလုပ်နိုင်တာဖြစ်ပါတယ်။ ပါတေးလို  Observation ကောင်းကောင်းနဲ့ Transition တော့လုပ်နိုင်ခြင်းမရှိသေးပါဘူး။​ ဒါကပဲ အားနဲချက်ဖြစ်နေသေးတာပါ။ သို့ပေမယ့် အဆိုပါအားနဲချက်တွေပပြောက်လာပြီး  ပေးပို့မှုကောင်းတွေသာလုပ်နိုင်မယ်ဆိုရင် လိုကွန်ဂါဟာ အာဆင်နယ်ကွင်းလယ်မှာ ရွေးစရာတစ်ခုဖြစ်လာမှာပါ။

Advertisements

ဖေဘီယိုဗီအဲရာဟာ  ယူနိုက်တက်နဲ့ပွဲမှာ ဘာမှလုပ်မပြနိုင်ခဲ့ပေမယ့် ကတ်ဆီမဲရိုးခြေထောက်ထဲက ဘောလုံးကိုဝင်လုပြီး တန်ပြန်တိုက်စစ်တစ်ခုဖန်တီးပေးသွားခဲ့ပါတယ်။ ဒါဟာ အနာဂတ်ကိုလှစ်ပြခြင်းဖြစ်ပါတယ်။ ပေါ်တူဂီသားရဲ့ ရဲတင်းမှုဖြစ်ပါတယ်။ ဆမ်ဘီမှာလဲ အဲ့ဒီလို အခိုက်အတန့်များစွာရှိခဲ့ပါတယ်။ ဗီလာ ၊ မန်ယူတို့နဲ့ပွဲစဥ်တွေမှာ ဆမ်ဘီအတွက် ကစားခွင့်က အစပြုခဲ့ပြီဖြစ်လို့သူ့ကို ခပ်ရဲရဲသုံးစေချင်ပါတယ်။ ဆမ်ဘီရဲ့ ကစားဟန် ကိုကြည့်လိုက်ရင်  မှားမှာကြောက်ပြီး သာမန်ပေးပို့မှုတွေပဲလုပ်လို့ စိတ်ပျက်ရတာတွေရှိသလို   တဖက်နောက်ခံလူ ၃-၄ ယောက်ကြားမှာ ဘောလုံးကိုင်ရင်း တိုက်စစ်ထောက်ကူတဲ့ စွမ်းဆောင်ရည်တွေကိုလဲ မကြာခနမြင်ရပါတယ်။ သူ့ကို အချိန်ပေးရပါလိမ့်မယ်။ သူ့ရဲ့ကောင်းကွက်တွေ ပိုများလာစေဖို့အတွက် အချိန်ပေးရပါမယ်။

အာဆင်နယ်ကွင်းလယ်မှာ ပါတေးဟာ အဓိက ကျတယ်ဆိုပေမယ့် မကြာခန ပေါ်လာတတ်တဲ့ခေါင်းစဥ်ပေါင်းစုံနဲ့ပြဿနာတွေကြားထဲမှာ အ​ရံလူကောင်းတစ်ယောက်လိုပါတယ်။ ဆမ်ဘီလိုကွန်ဂါကို လေ့ကျင့်ရေးကွင်းမှာဆိုရင် ပါတေးထက်တောင်ပိုသဘောကျကြတယ်လို့ Geroge Bird ရဲ့ သတင်းတစ်ပုဒ်မှာဖတ်ဖူးပါတယ်။ ဒါဆိုရင် အဲ့ဒီအထင်တွေကို လက်တွေ့ပြောင်းဖို့အချိန်ပါပဲ။

အက်ဒီကို ယုံကြည်ခဲ့ရင်းတိုက်စစ်မှုးတစ်ယောက်ထပ်ရခဲ့တာကလဲ ပူပူနွေးနွေးပါ။ ဒီတော့ ဆမ်ဘီဟာ ကွင်းလယ်မှာ နောက်ထပ်ဖြစ်လာနိုင်ခြေရှိတဲ့ ကြယ်ပွင့်ပဲလို့ ခန့်မှန်းလိုက်ချင်ပါတယ်။ အကောင်းဆုံးမဟုတ်ရင်တောင်  ပျမ်းမျှထက်မြင့်တဲ့ အခြေအနေတစ်ခုကို သူလုပ်ပေးပါလိမ့်မယ်။  လူငယ်လေးတွေကို ခေါ်ထားခဲ့တာလဲ ဒါကြောင့်ပဲမဟုတ်လား။

ကျွန်တော်ကတော့ ဆမ်ဘီလိုကွန်ဂါကို အခုထက်ပိုပြီး ကွင်းထဲမှာမြင်ချင်မိပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: