အာတီတာနဲ့ သူ့ကြားကဆက်ဆံရေးအကြောင်းပြောပြလာတဲ့ မာတီဆက်ကာ

အာဆင်နယ်ကစားသမားဟောင်းကြီးနှစ်ယောက်ဟာ အာဆင်နယ် ဂျာစီနဲ့ ကစားသမားဘ၀က အနားယူသွားပြီဖြစ်ပေမယ့် အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဖြစ်နေတဲပါပဲ။ လက်ရှိအချိနမှာလဲ ကြီး‌လေးတဲ့ ဂန်းနားတာ၀န်တွေကို အတူထမ်းဆောင်‌‌နေဆဲပါ။

၂၀၁၁ ရဲ့ နွေရာသီအပြောင်းအရွှေ့ကာလ deadline dayမှာ   အမ်းမရိတ်ကို ရောက်လာခဲ့တဲ့ သူတို့ဟာအသင်းအတွက် အရေးပါတဲ့ကစားသမားဖြစ်ခဲ့သူတွေပါ။ နောက်ပိုင်းမှာ အာတီတာက အသင်းရဲ့ ကပ္ပတိန်၊ မာတီဆက်ကာက ဒုကပ္ပတိန်ဖြစ်လာခဲ့ပါတယ်။

မာတီဆက်ကာ ကစားသမားဘ၀က အနားယူသွားချိန်မှာတော့ အသင်းက သူ့ကို အကယ်ဒမီမန်နေဂျာရာထူး ကမ်းလှမ်းခဲ့ပါတယ်။၂၀၁၉မှာတော့ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ပညာသင်ခဲ့တဲ့ အာတီတာဟာ မန်နေဂျာအဖြစ် အာဆင်နယ်ဆီပြန်လာခဲ့ပါတယ်။ မာတီဆက်ကာက အာတီတာနဲ့ သူ့ကြားမှာရှိတဲ့ ဆက်ဆံရေးအခြေအနေတွေ၊ အင်္ဂလန်မြေမှာ အခြေကျအောင် အာတီတာရဲ့ ကူညီမှုတွေကို ခုလိုပဲ ပြောပြခဲ့ပါတယ်။

ကျွန်တော်တို့ကို အပြောင်းအရွှေ့နောက်ဆုံးရက်မှာ  အာဆင်နယ် အသည်းအသန်ခေါ်ခဲ့တာကို မကြာခဏဆိုသလို ပြန်တွေးပြီး သတိရမိပါတယ်။အဲ့ဒီနေ့မှာ ဖြစ်ခဲ့တဲ့ အရာတွေ၊ အဲ့ဒီ့နောက်ပိုင်း ဖြစ်ခဲ့တဲ့အရာအားလုံးဟာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အမှတ်တရတွေပါပဲ

အင်္ဂလန်စရောက်တော့ ဘယ်မောင်းဆိုတော့ ကျွန်တော် ကားမောင်းဖို့ အဆင်မပြေခဲ့ဘူး။ပထမနှစ်ပတ်သုံးပတ်လောက်မှာ မီခေးလ်က ကျွန်တော်ကို ဟိုတယ်ကနေ လေ့ကျင့်ရေးကွင်းဆီခေါ်သွားတယ်

အစကတည်းက ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ဆက်နွယ်မှုတစ်ခု ရှိခဲ့ပုံပါပဲ။ဒီနောက်မှာတော့ အသင်းအတွက် အလုပ်ကောင်းကောင်းလုပ်ဖို့ ကပ္ပတိန်၊ဒုကပ္ပတိန်ဆိုတဲ့ တာ၀န်တွေ၊ ယုံကြည်မှုတွေဟာ ကျွန်တော်တို့ဆီရောက်လာခဲ့ပါတယ်

ကျွန်တော်တို့ နှစ်ယောက်လုံးက အရမ်းအလုပ်များတယ်ဆိုတာ သိပါတယ်။ဒါပေမယ့် ရာသီအစ ရလဒ်တွေကြောင့် အကယ်ဒမီနဲ့ အသင်းကြီးရဲ့ ဆက်နွယ်ပူးပေါင်းမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်အရမ်းပျော်မိပါတယ် လို့ ဂျာမန်သားကြီးက ဆိုပါတယ်။

လက်ရှိဂန်းနားတို့ရဲ့ မူဝါဒများအရ Hale End ကို အခြေပြုထားတာဖြစ်လို့ မာတီကြီးရဲ့ အခန်းကဏ္ဏက ကြီးကြီးမားမားပါဝင်နေတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဟန်ချက်ညီညီလုပ်ကိုင်နိုင်စွမ်းကလဲ အာဆင်နယ် အနာဂတ်ကို အတိုင်းအတာများစွာသက်ရောက်မှာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: