အပြောင်းအရွှေ့မလုပ်နိုင်ခြင်းက ဂန်းနားတို့ကို အိုးထရက်ဖို့ဒ်မှာ ကျဆုံးစေခဲ့သလား

မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ကစားသမားမ၀ယ်ခဲ့တာနဲ့ပတ်သက်ပြီး ပရိသတ်တွေဟာ အသင်းအပေါ် ဝေဖန်မှုအချို့ ပြုလုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် ပါတေး ဒဏ်ရာရနေချိန်၊လိုကွန်ဂါဟာ ဂါနာသားကြီးရဲ့ ကွက်လပ်ကို မဖြည့်ပေးနိုင်ပါဘူး။

ပြီးခဲ့တဲ့ညကပွဲစဉ်မှာလည်း တစ်ဖက်တစ်ဂိုးစီ သရေကျနေတဲ့အချိန်မှာ သူ့ရဲ့ ဘောလုံးပေးပို့ပုံမှားယွင်းမှုတစ်ခုကနေ မန်ယူဟာ တန်ပြန်တိုက်စစ်ဆင်ပြီး အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ အာဆင်နယ်ဟာ နောက်ထပ်အနိုင်ဂိုးတစ်ဂိုးကိုပါ ခွင့်ပြုခဲ့ရပြီး လက်ကျန်မိနစ်တွေမှာ  ပြန်လာနိုင်စွမ်းမရှိတော့ပါဘူး။

လိုကွန်ဂါဟာ မနှစ်ကလည်း ပွဲထွက်ဖို့ အခွင့်အရေးရလာချိန်မှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ဒါပေမယ့် ဘယ်လ်ဂျီယံသားလေးကိုပဲ အပြစ်တွေဖို့နေလို့တော့ မဖြစ်ပါဘူး။သူဟာ ခြေစွမ်းခြေစရှိပေမယ့် ငယ်ရွယ်ပြီး အတွေ့အကြုံနုနယ်သေးတဲ့ လူငယ်တစ်ဦးဆိုတဲ့ အချက်ကို မေ့ထားလို့ မဖြစ်ပါဘူး။ သေချာစေ့စေ့ပေါက်ပေါက်တွေးကြည့်ရင် ပွဲကစားချိန်နဲပါသေးတဲ့လူငယ်တစ်ယောက်အနေနဲ့ အခုလောက်ဟန်မပျက်ကစားနိုင်တာကိုပဲ လက်ခံရမှာပါ။

အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်တွေမှာ ကွင်းလယ်ကစားသမားတစ်ဦး မခေါ်ယူနိုင်ခဲ့တဲ့ အသင်းရဲ့ လိုအပ်ချက်ကိုလည်း ပရိသတ်တွေဟာ ထောက်ပြလာခဲ့ပါတယ်။အာဆင်နယ်ဟာ အာသာမယ်လို၊တီလ်မန်းစ်တို့လို ချက်ချင်းခေါ်လို့ရနိုင်တဲ့ ကစားသမားတွေကို လျစ်လျူရှုခဲ့ပြီး ပါးလ်မီးယပ်စ်ကွင်းလယ်လူ ဒန်နီလို၊အက်စတွန်ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်စ်လူး၀စ်တို့ကို ခေါ်ယူဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် အားလုံးသိတဲ့အတိုင်း ဒီကမ်းလှမ်းမှုတွေဟာ မအောင်မြင်ခဲ့ပါဘူး။

အာဆင်နယ်ဟာ ပေပေကို လက်လွှတ်ခဲ့ရပြီးနောက် တောင်ပံကစားသမားတစ်ဦးကိုလည်း ခေါ်ယူဖို့ လိုအပ်ခဲ့ပေမယ့်အားလုံးသိတဲ့အတိုင်း လက်ရှိမှာတော့ ညာတောင်ပံမှာ ဆာကာတစ်ဦးတည်းကိုသာ အားကိုးစရာ ရှိနေခဲ့ပါတယ်။

ထပ်မံသိရတဲ့ သတင်းတွေအရ အာဆင်နယ်ဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဘာစီလိုနာ ကွင်းလယ်လူ ဖာရန်တောရက်စ်ကို ပေါင် ၂၅သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ကစားသမားဟာ ကတ်တလန်အခြေစိုက်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေသူမဟုတ်ပေမယ့် ဘာကာနည်းပြ ဇာဗီက သူ့ရဲ့ ကစားသမားကို လက်လွှတ်ဖို့ ဆန္ဒမရှိခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပါဘူး။ 

ဒီတော့ ဇန်နဝါရီအထိ ဒီလူတွေနဲ့ပဲ ရှေ့ဆက်ရဖို့ ရှိနေပါတယ်။ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာတော့ အာဆင်နယ်ဟာ ကစားသမားသစ်တွေခေါ်ယူဖို့ ထပ်မံကြိုးစားလာဦးမယ်လို့ မျှော်လင့်ရပါတယ်။ နောက်ဆုံးနေ့ရက်မှာ ကစားသမားရခဲ့ရ​င်လဲ အခုပွဲမှာ ဝင်ကစားနိုင်ဖို့မသေချာသလို ၊ ကစားနိုင်ရင်လဲ ခြေစွမ်းပြဖို့ဆိုတာရာခိုင်နှုံးနဲပါတယ်။ လူမခေါ်ခြင်းအတွက် ပြစ်တင်ရမယ်ဆိုရင်တော့ အစောကထဲက ခေါ်ယူဖို့ ပျက်ကွက်တာကိုပဲ လက်ညှိုးထိုးရမှာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: