Updated News – နောက်ဆုံးရ အာဆင်နယ် သတင်းများ (4 Sept)

ကြံ့ခိုင်မှုမပြည့်ဝဘူးလို့ သတင်းထွက်နေတဲ့ကစားသမားတွေကို မန်ချက်စတာခရီးမှာတွေ့မြင်ရ

မန်ယူအသင်းနဲ့ရင်ဆိုင်ဖို့အတွက် မန်ချက်စတာမြို့ကိုထွက်ခွာလာကြတဲ့ အာဆင်နယ်အသင်းသားတွေထဲမှာ ဇင်ချန်ကို ၊​ရမ်းစ်ဒေးလ်နဲ့  အိုဒီဂတ်တို့ ပါဝင်လာကြောင်း  Manchester Evening သတင်းထောင်  ဆမ်မြူရယ်က ဓါတ်ပုံများနဲ့တကွ ရေးသားလာခဲ့ပါတယ်။ အဆိုပါ ကစားသမားတွေဟာ ကြံ့ခိုင်မှုအနေအထားကြောင့်ပါဝင်ကစားနိုင်ဖို့မသေချာကြောင်း အာတီတာကိုယ်တိုင်ဖွင့်ပြောထားတာဖြစ်ပါတယ်။

အသက် ၂၁ ပြည့်အတွက် လက်ဆောင်ကောင်းလိုချင်နေတဲ့ ဆာကာ

မကြာခင် အသက် ၂၁ နှစ်ပြည့်တော့မယ့်ဆာကာ က သူ့အတွက်မွေးနေ့လက်ဆောင်အဖြစ် ယူနိုက်တက်အသင်းကို အနိုင်ရချင်နေတယ်လို့ဆိုပါတယ်။ ဆာကာဟာ မွေးနေ့ပွဲကို ခန်းခန်းနားနားလုပ်သွားဖို့မရှိပဲ ၊ မိသားစု သူငယ်ချင်းတွေနဲ့သာဖြတ်သန်းမယ်လို့ဆိုပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ လေ့လာသင်ယူစရာတွေများစွာရှိကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။

ဒန်နီလိုက ဂန်းနားတို့ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်တယ်လို့ ဆို

အာဆင်နယ်အသင်းဟာ ဆောင်းရာသီမှာတော့ ကွင်းလယ် ကစားသမားသေချာပေါက်ဖြည့်တင်းမှာဖြစ်တယ်လို့   The Independent သတင်းစာကခန့်မှန်းသုံးသပ်လာပြီး  ဘရာဇီးသား ဒန်နီလိုက ထိပ်တန်းဦးစားပေးဖြစ်တယ်လို့ ဆိုပါတယ်။  အဆိုပါသတင်းစာက  ဒန်နီလိုအပြင် ဖိုဖာနာနဲ့ တိုင်လီမန်းစ်တို့ကလည်း ဖြစ်နိုင်ချေများအဖြစ်တွက်ဆနိုင်ပေမယ့် ဘရာဇီးလူငယ်ကသာ ရောက်နိုင်ခြေများတယ်လို့ သုံးသပ်လာတာပါ။

Advertisements

စမစ်ရိုးကို ချီးကျူးတဲ့ အိုဒီဂတ်

စမစ်ရိုးဟာ အလွန်ထူးချွန်တဲ့ပလေယာဖြစ်တယ်လို့  အသင်းခေါင်းဆောင်အိုဒီဂတ်က ချီးကျူးလာခဲ့ပါတယ်။

“ လေ့ကျင့်ရေးမှာ အကောင်းဆုံးကစားသမားကိုပြောပါဆိုရင်တော့ စမစ်ရိုးပဲဗျ .. သူဘယ်လောက်ကောင်းလဲ ပရိတ်သတ်တွေသိပြီးသားပါ .. ဒါပေမယ့် အတူတူလေ့ကျင့်ရေးနေ့တိုင်းဆင်းနေရသူအနေနဲ့ အရမ်းထူးချွန်တဲ့သူဆိုတာ ပိုမြင်လာရတယ်ဗျ  .. သူကဖိအားတွေအောက်မှာလဲ ဘောလုံးကိုင်ရဲတယ် .. ဂိုးတွေသွင်းနိုင်တယ် ဖန်တီးမှုတွေလုပ်ပြနိုင်တယ် .. သူနဲ့ကစားရတာ သိပ်ပျော်စရာကောင်းပါတယ် “ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

FFP စည်းမျဥ်းနဲ့ ငြိတဲ့အသင်းတွေထဲမှာ အာဆင်နယ်ပါဝင်လာခြင်းမရှိ

ဘဏ္ဏာရေးစည်းမျဥ်း FFP ကန့်သတ်ချက်ကိုကျော်လွန်တဲ့အသင်းများကို ကြေငြာခဲ့ရာမှာတော့ အာဆင်နယ်အသင်း ပါမလာခဲ့တာကိုတွေ့ရပါတယ်။ ဂန်းနားတို့ဟာ အဆိုပါအသင်းများထဲမှာပါဝင်နေပြီး စောင့်ကြည့်ခံခဲ့ရတယ်လို့ သတင်းထွက်ခဲ့တာဖြစ်ပြီး ၊ အသင်းများထုတ်ပြန်ရာမှာတော့ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။

Advertisements
Advertisement

Leave a Reply

%d bloggers like this: